တပ်မတော်နဲ့ RCSSတိုက်ပွဲကြောင့် ကျောက်မဲဒေသခံ ခုနှစ်ရာဝန်းကျင် ထွက်ပြေးရ
ကျောက်မဲမြို့နယ် ပန်ကျန်ကျေးရွာအနီး ဖြစ်ပွားတဲ့ တပ်မတော်နဲ့ RCSS တိုက်ပွဲကြောင့် ကျေးရွာ ဆယ်ရွာကျော်ကနေ ထွက်ပြေးနေရသူ ခုနှစ်ရာ ဝန်းကျင်ရှိနေပြီ ဖြစ်ပါတယ်။
-
ကံသာ
2020-06-30 -
-
-
shan-refugee-622.jpg
ကျောက်မဲမြို့နယ် ပန်ကျန်ကျေးရွာအနီး ဖြစ်ပွားတဲ့ တပ်မတော်နဲ့ RCSS တိုက်ပွဲကြောင့် ကျေးရွာ ဆယ်ရွာကျော်ကနေ ထွက်ပြေးနေရသူ ခုနှစ်ရာ ဝန်းကျင်ရှိနေပြီ ဖြစ်ပါတယ်။ ပန်ကျန်ကျေးရွာ အတွင်းမှာ သေဆုံးခဲ့သူနဲ့ ဒဏ်ရာရသူတွေဟာ ကျေးရွာအတွင်း လက်နက်ကြီးကျလို့မဟုတ်ဘဲ တပ်မတော်က သေနတ်နဲ့ ပစ်ခတ်ခဲ့တာလို့ ကျေးရွာသားတွေက ပြောပါတယ်။
RFA သတင်းထောက် ကိုကံသာက ကျောက်မဲမြို့ကနေ သတင်းပေးပို့ထားပါတယ်။