ရှမ်းပြည်တပ်မတော် တောင်ပိုင်းနှင့် မြောက်ပိုင်းပူးပေါင်း

တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့၂ ဖွဲ့ဖြစ်တဲ့ ရှမ်းပြည်တပ်မတော် တောင်ပိုင်း SSA-S နဲ့ ရှမ်းပြည်တပ်မတော်မြောက်ပိုင်း SSA-N တို့ ပူးပေါင်းသွားကြပြီလို့ သိရပါတယ်။

SSA ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်ကြီး ရွက်ဆစ်နှင့် တပ်ဖွဲ့ဝင်များ ယခင်မှတ်တမ်းဓာတ်ပုံ။ (Photo: AFP) (Photo: AFP)

ပြီးခဲ့တဲ့ စနေနေ့က SSA-S ရှမ်းပြည်တပ်မတော် တောင်ပိုင်း ဌာနချုပ် တည်ရှိရာ လွယ်တာလျန်းမှာ ကျင်းပတဲ့ ရှမ်းပြည် အမျိုးသား တော်လှန်ရေးနေ့ အခမ်းအနားကို ရှမ်းပြည်တပ်မတော် မြောက်ပိုင်း ခေါင်းဆောင်တချို့ တက်ရောက်လာခဲ့ပြီး စစ်ရေး၊ နိုင်ငံရေးအရ ပူးပေါင်းဖို့ သဘောတူခဲ့ကြတယ်လို့ သိရပါတယ်။

ရှမ်းပြည်တပ်မတော် တောင်ပိုင်း ဒု ဗိုလ်ချုပ်ကြီး ရွက်ဆစ်က SSA မြောက်ပိုင်းတပ်မတော်နဲ့ ဆွေးနွေးပြီး ဖြစ်ကြောင်းနဲ့ ရှမ်းပြည်တပ်မတော် တောင်နဲ့ မြောက် ဆိုတာ မရှိတော့ပဲ ရှမ်းပြည်တပ်မတော် တခုတည်း ဖြစ်သွားပြီလို့ ကြေညာခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင်လည်း ရှမ်းပြည်နယ်က တခြားအဖွဲ့အစည်းတွေနဲ့လည်း ပူးပေါင်း ဆောင်ရွက်သွားမယ်လို့ ဒု ဗိုလ်ချုပ်ကြီး ရွက်ဆစ်က ပြောဆိုခဲ့ကြောင်း သိရပါတယ်။

ဒီအကြောင်း အပြည့်အစုံကို ရှမ်းသတင်းဌာနက ကိုစိုင်းမိန်းကို RFA မှ မခင်ခင်အိက ဆက်သွယ် မေးမြန်းထားပါတယ်။

ဆက်သွယ်မေးမြန်းချက်
အသံဖိုင်ယူရန်
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org