အနိုင်မရခဲ့တဲ့ ကိုယ်စားလှယ်တွေ ကို သူရဦးရွှေမန်း တိုက်တွန်း

၂ဝ၁၅ ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့တဲ့ လွှတ်တော် ကိုယ်စားလှယ်တွေအနေနဲ့ ကျန်ရှိနေသေးတဲ့ လွှတ်တော်သက်တမ်း ကာလအတွင်းမှာ နိုင်ငံတော် နဲ့ပြည်သူတွေရဲ့ အကျိုးစီးပွားအတွက် သစ္စာရှိစွာနဲ့ မှန်မှန်ကန်ကန် ဆောင်ရွက်ကြဖို့ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက တိုက်တွန်းလိုက်ပါတယ်။

ပြည်သူ့လွှတ်တော် ၁၃ ကြိမ်မြောက် အစည်းအဝေး တက်ရောက်လာတဲ့ ကိုယ်စားလှယ်တွေကို နိုဝင်ဘာလ ၁၆ ရက်နေ့ က တွေ့ရစဉ်

၂ဝ၁၅ ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ ကျန်ရှိနေသေးတဲ့ လွှတ်တော်သက်တမ်း ကာလအတွင်းမှာ နိုင်ငံတော်နဲ့ပြည်သူတွေရဲ့ အကျိုးစီးပွားအတွက် သစ္စာရှိစွာနဲ့ မှန်မှန်ကန်ကန် ဆောင်ရွက်ကြ ဖို့ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက တိုက်တွန်းလိုက်ပါတယ်။

ဒီကနေ့ ကျင်းပတဲ့ ပထမအကြိမ် ပြည်သူ့လွှတ်တော် ၁၃ ကြိမ်မြောက် အစည်းအဝေး အဖွင့်မိန့်ခွန်းမှာ သူရဦးရွှေမန်းက အခုလိုတိုက်တွန်းပြောကြားလိုက် တာဖြစ်ပါတယ်။

"ယနေ့လွှတ်တော်ထဲရှိ ကျနော်အပါအဝင်ကိုယ်စားလှယ်တချို့ဟာ  ရွေးကောက်ပွဲမှာမဲရှုံးလို့ ဒုတိယအကြိမ် လွှတ်တော်ကို  ပြန်လာစရာအကြောင်းမရှိသော်လည်း ကျန်ရှိကာလလွှတ်တော်သက်တမ်းအတွင်းမှာ  ကျနော်တို့ပြည် သူ့ကိုယ်စားလှယ်များရဲ့ တာဝန်ဝတ္တရားများအပေါ် သစ္စာရှိရှိ  မှန်မှန်ကန်ကန် ဆောင်ရွက် ပြီး နိုင်ငံတော်နှင့်ပြည်သူ  များအတွက်လုပ်ဆောင်သွားကြရအောင်၊ ဒါကြောင့် ကိုယ်စားလှယ်များ အနေဖြင့်  ဆောင်ရွက်ခွင့်ရရှိစဉ်ကာလ အတွင်း ပြည်သူ့အကျိုး စီးပွားအတွက် စေတနာဖြင့်  ဝီရိယ ထားဆောင်ရွက်ကြရအောင်၊ တိုက်တွန်းရင်း နှုတ်ခွန်း ဆက်သလိုက်ပါတယ်"

ဒါ့အပြင် ရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပပေးနိုင်ခဲ့တဲ့အတွက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ဂုဏ် သိက္ခာ၊ ပြည်ထောင်စုအစိုးရရဲ့ဂုဏ်သိက္ခာနဲ့ တိုင်းပြည်ဂုဏ်သိက္ခာကို မြင့်မားစေကြောင်းနဲ့ ရွေးကောက်ပွဲ အဆင်ပြေအောင်မြင်စေရေးအတွက် ပါဝင်ဆောင်ရွက်ခဲ့တဲ့ အဖွဲ့အစည်းတွေ တာဝန်ရှိသူတွေ နဲ့ ပြည်သူတစ်ရပ်လုံး ကို ပြည်သူ့လွှတ်တော်က အထူးဂုဏ်ပြုပါကြောင်းလည်း သူရဦးရွှေမန်းက ထည့်သွင်းပြောကြားခဲ့ပါတယ်။

ဒုတိယအကြိမ် ပြန်လည်ကျင်းပမယ့် လွှတ်တော်အသစ်ဟာလည်း ပထမအကြိမ်ထက် အရည်အသွေးနဲ့ အရည်အချင်း ပါ ပြည့်စုံပြီး နိုင်ငံတော်နဲ့ နိုင်ငံသားတွေရဲ့ အကျိုးစီးပွားကို ပိုမိုဆောင်ရွက်နိုင်စေဖို့ လိုအပ်ကြောင်းလည်း သူရဦးရွှေမန်း က ပြောပါတယ်။

လက်ရှိ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၃၀၀ ကျော်ထဲမှာ အများစုက နိုဝင်ဘာ ၈ ရက်နေ့ ရွေးကောက်ပွဲမှာ အရွေးမခံရသူတွေက အများစုဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org