ဘူးသီးတောင်အမတ် ဦးရွှေမောင် ပြည်ခိုင်ဖြိုးပါတီ က နှုတ်ထွက်
2015.08.06

ရခိုင်ပြည်နယ် ဘူးသီးတောင်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရွှေမောင်ဟာ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွ့ွံဖြိုးရေးပါတီကနေ နှုတ်ထွက်လိုက်ပြီး လာမယ့် နိုဝင်ဘာလ ၈ရက်နေ့ ရွေးကောက်ပွဲမှာ တစ်သီး ပုဂ္ဂလအဖြစ် ရွေးကောက်ပွဲဝင်သွားမယ်လို့ ပြောပါတယ်။ နိုင်ငံရေးလှုပ်ရှားမှုတွေကို လွတ်လွတ်လပ်လပ်ဆောင် ရွက်လိုတာကြောင့် ပါတီကနေ နှုတ်ထွက်လိုက်တာဖြစ်တယ်လို့ ဦးရွှေမောင်က ပြောပါတယ်။
"အဓိကကတော့ ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသမှာ လတ်တလောပြဿနာတွေလည်း အများကြီးထဲက လူ့အခွင့်အရေး အခြေအနေတွေကလည်း မျှော်မှန်းထားသလောက် မတိုးတက်လာဘူးပေါ့နော်၊ ဒါကြောင့်မို့ ဒါတွေကို ကျနော်တို့ ဆက်လုပ်စရာတွေရှိတယ်၊ အဓိကကတော့ ဒေသကပြည်သူတွေကို ဆောင်ရွက်ပေးစရာ လုပ်ငန်းတွေက အများကြီးကျန်ပါသေးတယ်၊ ဒီဟာတွေကို လုပ်ဖို့အတွက်ကတော့ နိုင်ငံရေးဆက်လုပ်မှဖြစ်မှာပါ၊ ပိုပြီးတော့ လွတ်လွတ်လပ်လပ်လုပ်လို့ရအောင်ဆိုတဲ့သဘောနဲ့ ရိုးရိုးသားသားပဲနှုတ်ထွက်လိုက်တာပါ၊ တခြားဟာတော့မရှိပါဘူး"
ဦးရွှေမောင်ဟာ ဘူးသီးတောင်မဲဆန္ဒနယ်ကနေ တသီးပုဂ္ဂလအဖြစ် ထပ်မံယှဉ်ပြိုင်မှာဖြစ်တယ်လို့ ပြော ပါတယ်။ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေဟာ လာမယ့် သြဂုတ်လ ၁၄ ရက်နေ့ နောက်ဆုံးထားပြီး သက်ဆိုင်ရာတိုင်းဒေသကြီးနဲ့ ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်ရုံးခွဲတွေမှာ ကိုယ်စားလှယ်လောင်း အမည်စာရင်းတွေ တင်သွင်းရမှာ ဖြစ်ပါတယ်။