စင်္ကာပူအတွက် အခွင့်အလမ်း သစ်တွေ ရှိနေကြောင်း မြန်မာ ဝန်ကြီးချုပ်များ ပြောဆို
မြန်မာနိုင်ငံမှာ စီးပွားရေး အခွင့်အလမ်း သစ်တွေ အများအပြား ရှိနေကြောင်း စင်္ကာပူနိုင်ငံကိုရောက် ရှိနေတဲ့ မြန်မာ ကိုယ်စားလှယ်အဖွဲ့က ပြောပါတယ်။
-
2014-03-19 -
-
-
မြန်မာနိုင်ငံမှာ စီးပွားရေး အခွင့်အလမ်းသစ်တွေ အများအပြားရှိနေကြောင်း စင်္ကာပူနိုင်ငံကို ရောက် ရှိနေတဲ့ မြန်မာကိုယ်စားလှယ် အဖွဲ့က ပြောပါတယ်။
ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ မန္တလေးတိုင်း ဝန်ကြီးချုပ် ဦးရဲမြင့် နဲ့ ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဉာဏ်ဝင်းတို့က စင်္ကာပူ နိုင်ငံတကာ စီးပွားရေး လုပ်ငန်းဆိုင်ရာ ဆွေးနွေးပွဲမှာ မနေ့က ပြောကြား ခဲ့တာပါ။
အလျင်အမြန် တိုးတက်ပြောင်းလဲနေတဲ့ မြန် မာနိုင်ငံမှာ ရန်ကုန်မြို့ရဲ့ ပြင်ပမှာလည်း စီးပွားရေးလုပ်ငန်း အခွင့်အလမ်းသစ်တွေ အများအပြားရှိနေကြောင်း၊ ပဲခူးတိုင်းအတွင်းက ဟံသာဝတီ နိုင်ငံတကာလေဆိပ် စီမံကိန်းမှာဆိုရင် လေယာဉ်နဲ့ လေဆိပ်ထိန်းသိမ်းရေး၊ ပြုပြင်ရေး၊ ပျံသန်းရေး၊ လေယာဉ်ကွင်းကဏ္ဍ စတဲ့ လေကြောင်းဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းတွေအပြင်၊ အစားအသောက်နဲ့ ကုန်ပစ္စည်းတင်ဆောင်ရေး စတဲ့လုပ်ငန်းသစ်တွေ ပေါ်ပေါက်လာမှာဖြစ်ကြောင်း၊ ဒုတိယမြို့တော် မန္တလေးတိုင်းမှာဆိုရင်လည်း တရုတ်၊ အိန္ဒိယတို့နဲ့ ပို့ကုန်အခြေပြု လုပ်ငန်းသစ်တွေ ရှိနေကြောင်း မြန်မာဝန်ကြီးချုပ်သုံးဦးက အလေးပေးပြောဆို ခဲ့ကြတယ်လို့ Channel News Asia သတင်းက ဖေါ်ပြပါတယ်။
စင်္ကာပူဟာ မြန်မာရဲ့ တတိယအကြီးဆုံး ကုန်သွယ်ဘက်နိုင်ငံဖြစ်ပြီး စတုထ္တအကြီးဆုံး ရင်းနှီးမြှုပ်နှံသူဖြစ် ပါတယ်။ ပြီးခဲ့တဲ့နှစ်က စင်္ကာပူကုမ္ပဏီတွေဟာ မြန်မာနိုင်ငံမှာ ဖွံ့ဖြိုးတိုး တက်ရေးဆိုင်ရာ အခြေခံအဆောက် အအုံတွေ၊ မြို့ပြ ဖွံ့ဖြိုးရေး နဲ့ ဟိုတယ်လုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံခဲ့ကြပြီး၊ နှစ်နိုင်ငံကုန်သွယ်ရေး ပမာဏက အမေရိကန် ဒေါ်လာသန်း သုံးထောင်ဖိုးရှိခဲ့ရာမှာ ၂ဝ၁၂ ခုနှစ်ကထက် ၇ဝ ရာနှုန်း မြင့်တက် လာခဲ့တာဖြစ်ပါတယ်။
မြန်မာဝန်ကြီးချုပ်သုံးဦးဟာ စင်္ကာပူ၊ မြန်မာ နည်းပညာပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်အရ မတ်လ ၁၆ ရက်နေ့ကနေ ၁၉ ရက်နေ့အထိ စင်္ကာပူကို ရောက်ရှိနေကြတာဖြစ်ပါတယ်။