မြန်မာ့သဲ စင်္ကာပူ ပြန်လည် စုပ်ယူနေ
မြန်မာ့ရေပိုင်နက်အတွင်း ဆလုံကျွန်း အရှေ့ဘက်၊ သူဌေးကျွန်း အနောက်ဘက်၊ ခရုကျွန်း အရှေ့ဘက်နဲ့ သိရိမြိုင် အရှေ့ရပ်ကွက်တွေမှာ စင်္ကာပူ သဲစုပ်သင်္ဘောတွေ ပြန်ရောက်လာပြီး သဲတွေ တိတ်တဆိတ် စုပ်ယူနေကြောင်း သိရပါတယ်။
-
2011-12-04 -
-
-
Your browser doesn’t support HTML5 audio
စင်္ကာပူ သဲတူးသင်္ဘောတွေဟာ သဲတွေ အဆမတန် စုပ်ယူခဲ့တဲ့ အတွက် ကော့သောင်းမြို့နယ်တဝိုက် ကမ်းပါးတွေပြို သဲသောင်တွေ နည်းပါးလာတာကြောင့် ကော့သောင်းမြို့ သဘာဝဘေးအန္တရာယ် ကာကွယ်တားဆီးရေး ကွန်ရက်အဖွဲ့က ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း ဒေသဆိုင်ရာ အာဏာပိုင်တွေထံ စာရေးသား ပေးပို့ခဲ့ပြီးတဲ့နောက် သဲတူးသင်္ဘော ကုမ္ပဏီတွေ ၂ လနီးပါး သဲစုပ် ရပ်ဆိုင်းသွားခဲ့ပါတယ်။
ဒါပေမယ့် နိုဝင်ဘာ လကုန်ပိုင်းက စပြီး စင်္ကာပူ သဲတူးသင်္ဘောတွေ ပြန်ရောက်လာပြီး အခုလို သဲတွေ တိတ်တဆိတ် စုပ်ယူနေတာပါ။
ဒီအကြောင်း အာအက်ဖ်အေ သတင်းထောက် မရွှေစင်က သတင်း ပေးပို့ထားပါတယ်။
သတင်းပေးပို့ချက်။ |
|
အသံဖိုင်ယူရန်။ |