ဒုက္ခသည်ကျောင်းသားတွေ ပညာသင်နေတဲ့ ဘော်ဒါဆောင် မီးလောင်

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ် စိန်လုံတောင်ပေါ်က စစ်ဘေးဒုက္ခသည် ကလေးငယ်တွေ စာသင်ကြားနေတဲ့ ဘော်ဒါဆောင်တစ်ခု မနေ့ညက မီးလောင်ကျွမ်းပျက်စီးသွားလို့ အဆောက်အဦ တစ်ခု လိုအပ်နေပါတယ်။

မိုးမောက်မြို့နယ် စိန်လုံတောင်ရှိ စစ်ပြေးဒုက္ခသည် ကျောင်းသားတွေရဲ့အဆောင် ၂၀၁၈ သြဂုတ်လ ၁၃ ရက်နေ့က မီးလောင်ပျက်စီးခဲ့စဉ် Photo: cccIDPsNOW

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ် စိန်လုံတောင်ပေါ်က စစ်ဘေးဒုက္ခသည် ကလေးငယ်တွေ စာသင်ကြားနေ တဲ့ ဘော်ဒါဆောင်တစ်ခု မနေ့ညက မီးလောင်ကျွမ်းပျက်စီးသွားလို့ အဆောက်အဦတစ်ခု လိုအပ်နေပါတယ်။

ဖယောင်းတိုင်မီးကတဆင့် လောင်ကျွမ်းတာဖြစ်တယ်လို့ ဘော်ဒါကို တည်ထောင်ခဲ့သူ စိန်လုံသာသနာကျောင်း ထိုင်ဘုန်းကြီး ဖာသာ Awng Dang က ပြောပါတယ်။

“အကူအညီကတော့ ကလေးတွေရဲ့ အဝတ်အစားတွေ အသုံးဆောင်ပစ္စည်းတွေလည်းပါသွား တယ်။ နောက် ဘော်ဒါကတော့ ပြန်သုံးလို့မရတော့ဘူး။ အပေါ်ထပ်တစ်ခုလုံးက မီးမြိုက်လောင် သွားတော့ အထူးအရေးကြီးတာကတော့ အဲဒီနေရာကမိုးများပြီး အမြဲတမ်းနွေရာသီဆိုတာ မရှိဘဲ အေးတဲ့စိုစွတ်တဲ့နေရာဆိုတော့ အမြန်ဆုံးအဆောက်အဦတစ်ခုတော့ ဆောက်ဖို့လိုသွား တာပေါ့။”


အဲဒီဘော်ဒါဆောင်ဟာ ၂၀၁၅ ခုနှစ်က စတင်တည်ဆောက်ခဲ့တာဖြစ်ပြီး နှစ်စဉ် စိန်လုံတောင်အနီးတဝိုက် ရွာတွေက ကျောင်းသား ၂၀ ကျော် ပညာသင်နေကြတာဖြစ်ပါတယ်။  

စိန်လုံတောင်ဟာ ဗန်းမော်နဲ့ လွယ်ကျယ်ကားလမ်းမပေါ်မှာရှိတာဖြစ်ပြီး ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၆၀၅၀ မှာ ရှိတယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org