စစ်တွေ အရက်စက်ရုံတွေ ရဲတပ်ဖွဲ့ စစ်ဆေး
ရခိုင်ပြည်နယ် စစ်တွေမြို့က ကျောင်းကြီး လမ်း၊ မြောက်စံပြ၊ ပြည်တော်သာ၊ ပါဒလိတ် စတဲ့ ရပ်ကွက် ၄ ခုမှာရှိတဲ့ အရက်ချက်စက်ရုံ ၄ ရုံကို ဒေသခံရဲတပ်ဖွဲ့က ဒီနေ့ ရှောင် တခင် ဝင်ရောက်စစ်ဆေးပြီး အဲ့ဒီအရက်တွေကို သောက် သုံးဖို့သင့် မသင့် ဓာတ်ခွဲစမ်းသပ်စစ်ဆေးသွားမယ်လို့ စစ်တွေခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဝင်းနောင် က ပြောပါတယ်။
-
2016-07-23 -
-
-
Your browser doesn’t support HTML5 audio
ရခိုင်ပြည်နယ် စစ်တွေမြို့က ကျောင်းကြီးလမ်း၊ မြောက်စံပြ၊ ပြည်တော်သာ၊ ပါဒလိတ် စတဲ့ ရပ်ကွက် ၄ ခုမှာရှိတဲ့ အရက်ချက်စက်ရုံ ၄ ရုံကို ဒေသခံရဲတပ်ဖွဲ့က ဒီနေ့ ရှောင်တခင် ဝင်ရောက်စစ်ဆေးပြီး အဲ့ဒီအရက်တွေ ကို သောက် သုံးဖို့သင့် မသင့် ဓာတ်ခွဲစမ်းသပ်စစ်ဆေးသွားမယ်လို့ စစ်တွေခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဝင်းနောင် က ပြောပါတယ်။
အရက်တွေကို စစ်ဆေးပြီး သောက်သုံးဖို့ မသင့်ကြောင်း တေ့ွရှိခဲ့ရင် အရေးယူသွားမယ်လို့ ဒုတိယရဲမှူးကြီး ဝင်းနောင် က ပြောပါတယ်။
"လက်ရှိသူတို့ဆီမှာ ထုတ်လုပ်ပြီးတော့ သိမ်းဆည်းထားတဲ့ ထုတ်ပြီးသားအရက်တွေရှိပါတယ်၊ အဲ့ အရက်တွေနဲ့ ပတ်သက်ပြီးတော့လည်း ကျနော်တို့ နမူနာယူပြီးတော့ သက်ဆိုင်ရာဓါတ်ခွဲခန်းကို ပို့ပြီးတော့ အများပြည်သူသောက်သုံးရန်သင့်၊ မသင့်ကို ထပ်မံမေးမြန်းပြီးတော့ ဒီအရက်တွေက သောက်သုံးရန် မသင့်ပါဘူးလို့ ဓါတ်ခွဲခန်းကပြန်ကျလာရင်တော့ ကျနော်တို့ သူတို့အပေါ်မှာ ထပ်မံအရေးယူဆောင် ရွက်သွားမှာဖြစ်ပါတယ်"
အဲ့ဒီအရက်ထုတ်လုပ်တဲ့ စက်ရုံတွေဟာ ရန်ကုန်ကနေတင်သွင်းလာတဲ့ အရက်ဆီတွေကို ရေ၊ အရောင်နဲ့ အနံ့တွေရောစပ်ပြီးနောက် ကိုယ်ပိုင်တံဆိပ်တွေကပ်ပြီး ကျေးလက်ဒေသတွေကို ဈေးပေါပေါနဲ့ အဓိကဖြန့်ချိ ရောင်းချနေတာဖြစ်ပါတယ်။
အရက်ထုတ်လုပ်ခွင့်လိုင်စင်ကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ချထားပေးတာဖြစ်ပြီး လိုင်စင်ရရှိထားသူတွေ အနေနဲ့ တံဆိပ် ၃ ခုကနေ ၆ ခုလောက်အထိ ထုတ်လုပ်ရောင်းချတာ ဖြစ်တယ်လို့လည်း ဒုတိယရဲမှူးကြီးက ပြော ပါတယ်။
အရက်ထုတ်လုပ်တဲ့နေရာတွေဟာ သန့်ရှင်းသပ်ရပ်မှုမရှိတာအပြင် ရပ်ကွက်အတွင်းက နေအိမ်တွေမှာ ထုတ်လုပ်နေကြတာဖြစ်ပါတယ်။
ဒီနေ့ ရှောင်တခင်ဝင်ရောက်စစ်ဆေးမှုကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနဲ့ ကျန်းမာရေးဌာန တို့လည်း ပူးပေါင်း ပါဝင်ခဲ့တာဖြစ်ပြီး အရက်နမူနာတွေအပြင် ခွင့်ပြုချက်မရှိဘဲ သိုလှောင်ထားတဲ့ အရက်၊ ဘီယာတွေကိုလည်း သိမ်းဆည်းခဲ့ပါတယ်။
ရခိုင်ပြည်နယ် စစ်တွေမြို့က ကျောင်းကြီးလမ်း၊ မြောက်စံပြ၊ ပြည်တော်သာ၊ ပါဒလိတ် စတဲ့ ရပ်ကွက်တွေမှာ အရက်ထုတ်လုပ်တဲ့ စက်ရုံ ၄ ခုကို ဒေသခံရဲတပ်ဖွဲ့က ဒီနေ့ ဝင်ရောက် စစ်ဆေးခဲ့ပါတယ်။
အဲဒီအရက်ထုတ်လုပ်တဲ့စက်ရုံတွေဟာ ရန်ကုန်ကနေတင်သွင်းလာတဲ့ အရက်ဆီတွေကို ရေ၊ အရောင် နဲ့ အနံ့တွေရောစပ်ပြီးနောက် ကိုယ်ပိုင်တံဆိပ်တွေ ကပ်ပြီး ကျေးလက်ဒေသတွေကို အဓိကဖြန့်ချိ ရောင်းချနေ တာ ဖြစ်ပါတယ်။
အရက်စက်ရုံတွေကို စစ်ဆေးမှုနဲ့ပတ်သက်ပြီး စစ်တွေခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးဝင်းနောင်ကို RFA သတင်းထောက် ကိုမင်းသိန်းအောင် က တွေ့ဆုံမေးမြန်းထားပါတယ်။