စစ်တွေမှာ ညမထွက်ရအမိန့် အချိန်ပြောင်းလဲသတ်မှတ်
ရခိုင်ပြည်နယ် စစ်တွေမြို့မှာ နိုင်ငံတကာ လူမှုရေးအဖွဲ့အစည်းရုံးခန်းတွေနဲ့ လူနေအိမ်တွေကို တိုက်ခိုက်မှုတွေဖြစ်ပြီးနောက်ပိုင်း ညနေ ၆ နာရီကနေ မနက် ၆ နာရီအထိ ထုတ်ပြန်ထားတဲ့ ပုဒ်မ - ၁၄၄ ညမထွက်ရအမိန့်ကို မနေ့ကစပြီး ည ၉ နာရီကနေ မနက် ၅ နာရီအထိ ပြောင်းလဲသတ်မှတ်လိုက်ပါတယ်။
-
2014-04-10 -
-
-
Your browser doesn’t support HTML5 audio
ရခိုင်ပြည်နယ် စစ်တွေမြို့မှာ နိုင်ငံတကာ လူမှုရေးအဖွဲ့အစည်းရုံးခန်းတွေနဲ့ လူနေအိမ်တွေကို တိုက်ခိုက်မှုတွေဖြစ်ပြီးနောက်ပိုင်း ညနေ ၆ နာရီကနေ မနက် ၆ နာရီအထိ ထုတ်ပြန်ထားတဲ့ ပုဒ်မ - ၁၄၄ ညမထွက်ရအမိန့်ကို မနေ့ကစပြီး ည ၉ နာရီကနေ မနက် ၅ နာရီအထိ ပြောင်းလဲသတ်မှတ်လိုက်ပါတယ်။
စစ်တွေမြို့က ပဋိပက္ခအခြေအနေတွေ တည်ငြိမ်သွားပြီဖြစ်တဲ့အတွက် ညမထွက်ရအမိန့်ကို အချိန်လျှော့ချပြီး ပြင်ဆင်ထုတ်ပြန်လိုက်တာလို့ စစ်တွေမြို့နယ် အုပ်ချုပ်ရေးမှူး ဦးတင်မြင့်က ပြောပါတယ်။
"၉ ရက်နေ့ကစပြီးတော့ ကျနော်တို့ ည ၉ နာရီကနေ မနက် ၅ နာရီမှာ ပုဒ်မ ၁၄၄ ကို အချိန်လျော့လိုက်တာပါ၊ ကျနော်တို့က ဒီမှာလုံခြုံရေးတွေလည်း စနစ်တကျချထားပြီးပြီ၊ နောက်တည်ငြိမ်အေးချမ်းမှုလည်း ဖြစ်လာတဲ့အနေအထားပေါ့ဗျာ"
ပုဒ်မ ၁၄၄ ညမထွက်ရအမိန့် အချိန်ကိုလျှော့ချလိုက်တဲ့အကြောင်း မြို့နယ်တာဝန်ရှိသူတွေက မနေ့က စစ်တွေမြို့ကို လှည့်လည်ပြီး လော်စပီကာတွေနဲ့ ကြေငြာပေးခဲ့ပါတယ်။
ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်က စပြီး စစ်တွေ၊ ဘူးသီးတောင်၊ မောင်တော၊ ကျောက်ဖြူ ၊ မြောက်ဦး၊ မင်းပြား စတဲ့ မြို့ ၁၀ မြို့လောက်မှာ ပုဒ်မ ၁၄၄ ညမထွက်ရအမိန့်ကို ထုတ်ပြန်ခဲ့ပြီး အဲဒီအထဲက မြောက်ဦး၊ မင်းပြား၊ မြေပုံမြို့တွေမှာ ပြန်လည်ရုတ်သိမ်းခဲ့ပြီး ဖြစ်ပါတယ်။
ဒီအတောအတွင်း ရခိုင်ပြည်နယ် စစ်တွေမြို့မှာ မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ မငြိမ်သက်မှုတွေကြောင့် ဒီနှစ်သြင်္ကန်အတွင်း ရခိုင်ရိုးရာရေလောင်းမဏ္ဍပ်တွေကို ထည့်သွင်းကျင်းပနိုင်တော့မှာ မဟုတ်ဘူးလို့ သိရပါတယ်။
RFA သတင်းထောက် ကိုမင်းသိမ်းအောင် တင်ပြထားတာ နားဆင်နိုင်ပါတယ်။