စစ်တွေမှာ ယမ်းတိုက် တစ်ခု ပေါက်ကွဲ
2016.11.07

ရခိုင်ပြည်နယ် စစ်တွေမြို့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစ) ဗဟိုကင်းမှာရှိတဲ့ ယမ်းတိုက်တစ်ခု ဒီနေ့ နေ့လည်က မီးလောင်ပေါက်ကွဲခဲ့ပါတယ်။
နေ့လည် ၁၂ နာရီခွဲလောက်ကနေ ၁ နာရီခွဲလောက်အချိန်အထိ ပြင်းထန်တဲ့ပေါက်ကွဲသံတွေ တရစပ်ကြားခဲ့ရပြီး မီးခိုးလုံးကြီးတွေလည်း ထွက်ပေါ်ခဲ့တာကြောင့် အထိတ်တလန့်ဖြစ်ခဲ့ရတယ်လို့ မျက်မြင်တွေကပြောပါတယ်။
ဒကစ ဗဟိုကင်းမှာရှိတဲ့ လက်နက်တိုက်ခန်း ၂ ခန်းအနက် ၁ ခန်း မီးလောင်ပေါက်ကွဲခဲ့တာဖြစ်ပြီး မီးလောက်ပေါက် ကွဲရတဲ့အကြောင်းရင်းနဲ့ ပျက်စီးဆုံးရှုံးမှု အသေးစိတ်ကိုတော့ မသိရသေးပါဘူး။
ယမ်းတိုက်မီးလောင်မှုကြောင့် ဒကစ ဗဟိုကင်းမှာရှိတဲ့ တပ်မတော်ရဟတ်ယာဉ်တွေကိုလည်း အရေးပေါ်ရွှေ့ပြောင်း ခဲ့ရပြီး အခြားနေရာတွေကို မီးမကူးစက်ခင် မီးသတ်ကားတွေနဲ့ ငြှိမ်းသတ်နိုင်ခဲ့တယ်လို့လည်း အခင်းဖြစ်နေရာအနီး မှာရှိနေတဲ့ ဒေသခံတွေကပြောပါတယ်။
ယမ်းတိုက်မီးလောင်ပေါက်ကွဲခဲ့တဲ့ ဒကစ ဗဟိုကင်းဟာ စစ်တွေမြို့အဝင် နာရီကန်နဲ့ ကြက်ကိုင်းတန်ကျေး ရွာကြား စစ်တွေ-ရန်ကုန် ကားလမ်းမပေါ်မှာရှိတာဖြစ်ပြီး ပတ်ဝန်းကျင်က ဒေသခံတွေကိုတော့ ထိခိုက်တာ ရှိပါဘူး။
အခင်းဖြစ်နေရာအနီးကို သတင်းယူဖို့သွားရောက်ခဲ့တဲ့ ဒေသခံသတင်းထောက်တွေကိုတော့ တပ်မတော်တာဝန် ရှိသူတွေက တားမြစ်ခဲ့ပါတယ်။