စစ်တွေမြို့ပေါ်က စစ်ဘေးဒုက္ခသည်စခန်းမှာ စားဝတ်နေရေး အခက်အခဲဖြစ်နေ

ရခိုင်ပြည်နယ် စစ်တွေမြို့ပေါ်က ငါးစင်ရိုင်းချောင်း စစ်ဘေးဒုက္ခသည်စခန်းမှာ စားဝတ်နေရေး အခက်အခဲ ဖြစ်နေတယ်လို့ ဒုက္ခသည်တွေက RFA ကို ပြောပါတယ်။

စစ်တွေမြို့ပေါ်က ငါးစင်ရိုင်းချောင်း ဒုက္ခသည်စခန်းကို ၂၀၂၁ သြဂုတ်လ ၁၇ ရက်နေ့က တွေ့ရစဉ် Photo: RFA

ရခိုင်ပြည်နယ် စစ်တွေမြို့ပေါ်က ငါးစင်ရိုင်းချောင်း စစ်ဘေးဒုက္ခသည်စခန်းမှာ စားဝတ်နေရေး အခက်အခဲ ဖြစ်နေတယ်လို့ ဒုက္ခသည်တွေက RFA ကို ပြောပါတယ်။

အစိုးရကနေထောက်ပံ့တဲ့ တစ်နေ့ကို ဆန်နို့ဆီဘူး နှစ်ဘူးသာ ရရှိပြီး ကျန်တဲ့ ဆီ၊ ဆား၊ ငရုတ်၊ ဟင်းစတဲ့ ရိက္ခာတွေ ပြတ်နေတာ နှစ်လကျော်အထိ ရှိနေပြီလို့လည်း စခန်းတာဝန်ခံ ဦးပညာစက္ကက မိန့်ပါတယ်။

အခုဆိုရင် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP က ထောက်ပံ့တဲ့ တစ်ယောက်ကို တစ်လ ငွေကျပ် တစ်သောင်း ခွဲနှုန်း ထောက်ပံ့တာလည်း မရတော့သလို ကိုဗစ်ကပ်ဘေးကြောင့် ဒုက္ခသည်တွေဟာ အရင်တုန်း ကလို အပြင်မှာ နေ့စားအလုပ်လည်း မရှိတော့တဲ့အတွက် တော်တော်လည်း အခက်အခဲဖြစ်နေကြတယ်လို့လည်း ဆိုပါတယ်။

အဲဒီ ကိုဗစ်ကပ်ဘေးတွေကြောင့် အလှူရှင်တွေလည်း လာလှူကြတာ နည်းပါးသွားတာကြောင့် အခုလက်ရှိ ဒုက္ခသည်တွေဟာ ကျောင်းဝန်ထဲမှာရှိတဲ့ အပင် အရွက်တွေခူးပြီး စားသောက်နေရတယ်လို့လည်း ဆိုပါတယ်။

အဲဒီ ငါးစင်ရိုင်းချောင်း စစ်ဘေးဒုက္ခသည်စခန်းမှာ ပလက်ဝမြို့နယ်က လာရောက် ခိုလှုံနေတဲ့ ဒုက္ခသည် အိမ်ထောင်စု ၄၀ စုနဲ့ လူဦးရေ သုံးရာနီးပါး ခိုလှုံနေတာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org