ယာယီလက်မှတ်ကိုင်သူတွေ မဲပေးခွင့်ရရှိမှုအပေါ် ဆန့်ကျင် ကန့်ကွက်သွားဖို့ စစ်တွေမှာ ဆုံးဖြတ်
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင် တဲ့ဥပဒေမူကြမ်း အတည်ပြုရေး ပြည်လုံး ကျွတ်ဆန္ဒခံယူပွဲ မှာ ဝှိုက်ကဒ် လို့ခေါ်တဲ့ အဖြူရောင်ယာယီ သက်သေခံ လက်မှတ်ကိုင်ဆောင်ထားသူတွေကို မဲပေးခွင့်ပြု ဖို့ ပြည်ထောင်စုလွှတ်တော်က ဆုံးဖြတ်လိုက်တာကို ကန့်ကွက်သွားမယ်လို့ စစ်တွေမြို့ခံတွေက ဆုံးဖြတ်လိုက် ကြပါတယ်။
-
2015-02-05 -
-
-
Your browser doesn’t support HTML5 audio
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်တဲ့ဥပဒေ မူကြမ်း အတည်ပြုရေး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲမှာ ဝှိုက်ကဒ် လို့ခေါ်တဲ့ အဖြူရောင်ယာယီသက်သေခံ လက်မှတ် ကိုင်ဆောင်ထားသူတွေကို မဲပေးခွင့်ပြု ဖို့ ပြည်ထောင်စု လွှတ်တော်က ဆုံးဖြတ်လိုက်တာကို ကန့်ကွက်သွားမယ်လို့ စစ်တွေမြို့ခံတွေက ဆုံးဖြတ် လိုက်ကြပါတယ်။
စစ်တွေမြို့ စစ်ကဲတော်မင်းကျောင်းတိုက်မှာ ဒီကနေ့ ပြု လုပ်တဲ့အစည်းအဝေးမှာ အရပ်ဘက်လူမှုအဖွဲ့ အစည်းတွေ၊ မြို့ခံလူကြီးတွေ၊ သံဃာ့အဖွဲ့တွေ ဆုံးဖြတ်လိုက်တာဖြစ်တယ်လို့ အစည်းအဝေး တက်ရောက်ခဲ့တဲ့မြို့ခံ ကိုအောင်ဌေးကပြောပါတယ်။
"ပြည်ထောင်စုလွှတ်တော်က ဆုံးဖြတ်လိုက်တဲ့ ဝှိုက်ကဒ်ကိုင်ဆောင်တဲ့သူ မဲပေးဖို့ကို လက်မခံဘူးဆိုတာ ကျနော်တို့ ဆုံးဖြတ်ပါတယ်၊ ကျနော်တို့ ဆန္ဒထုတ်ဖော်ပြသဖို့ ဆုံးဖြတ်ပါတယ်၊ အိမ်တိုင်းမှာ ပြည်ထောင်စုလွှတ်တော်က ဆုံးဖြတ်လိုက်တဲ့ ဝှိုက်ကဒ်ကိစ္စ ဆုံးဖြတ်ချက် လုံးဝလက်မခံ စာတမ်းတွေကို အိမ်တိုင်းအပြည့် သာသနာ့အလံထောင်ပြီးတော့ ကပ်သွားမယ်လို့ ဆုံးဖြတ်ထားပါတယ်၊ နောက် ၁၅ ရက် လာမယ့် တနင်္ဂနွေနေ့မှာ ကျနော်တို့ မြို့လုံးကျွတ် ဆန္ဒထုတ်ဖော်သွားမယ်လို့ ဆုံးဖြတ်ထားပါတယ်"
ဝှိုက်ကဒ်လို့ခေါ်တဲ့ အဖြူရောင်ယာယီသက်သေခံ လက်မှတ်ကိုင်ဆောင်ထားသူတွေဟာ ရခိုင်ပြည်နယ်မှာ အများဆုံးရှိနေပြီး သူတို့ဟာ နိုင်ငံသားစိစစ်ခြင်း မပြုရသေးသူတွေဖြစ်တာကြောင့် လွှတ်တော်ရဲ့ဆုံးဖြတ်ချက်ကို ကန့်ကွက်သွားဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂ ရက်နေ့ကကျင်းပခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်တဲ့ဥပဒေမူကြမ်း အတည်ပြုရေး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲမှာ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ ဝှိုက်ကဒ်ကိုင်ဆောင်ထား သူတွေကို မဲပေးခွင့်ပြုဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။
ဒီအတောအတွင်း ယာယီလက်မှတ်ကိုင်သူတွေ မဲပေးခွင့်ပြုလိုက်မှုအပါအဝင် လက်ရှိဖြစ်လာနေတဲ့ နိုင် ငံရေးပြဿနာတွေအပေါ်မှာ အစိုးရက ဘယ်လိုကိုင်တွယ်ဖြေရှင်းသလဲ၊ ပြည်သူတွေကို အာရုံလွှဲနေသလားဆိုတာ အလေးထားစောင့်ကြည့်ဖို့ လိုအပ်တယ်လို့ နိုင်ငံရေးပါတီခေါင်းဆောင်တွေက ထောက်ပြကြပါတယ်၊ ဒီအကြောင်း RFA အဖွဲ့သူ မသင်းသီရိ တင်ပြထားတာ နားဆင်နိုင်ပါတယ်။