အင်အားမသုံးဖို့ ကျူးကျော်တွေ မေတ္တာရပ်ခံ
အရင်အစိုးရလက်ထက်တုန်းကလို ရန်ကုန် တိုင်းဒေသကြီးအတွင်းက ကျူးကျော်တွေကို အင်အားသုံးဖယ်ရှားတာတွေမလုပ် ဘဲ ဆွေးနွေးညှိနှိုင်းတဲ့ နည်းလမ်းနဲ့ ဖြေရှင်းဖို့ အစိုးရ သစ်ထံ လှိုင်သာယာမြို့နယ် ရွှေသံလွင်ရပ်ကွက်က ကျူးကျော်နေထိုင် သူတွေက မေတ္တာရပ်ခံလိုက်ပါတယ်။
-
2016-04-05 -
-
-
အရင်အစိုးရလက်ထက်တုန်းကလို ရန်ကုန်တိုင်းဒေသကြီးအတွင်းက ကျူးကျော်တွေကို အင်အားသုံးဖယ်ရှား တာတွေမလုပ်ဘဲ ဆွေးနွေးညှိနှိုင်းတဲ့ နည်းလမ်းနဲ့ ဖြေရှင်းဖို့ အစိုးရသစ်ထံ လှိုင်သာယာမြို့နယ် ရွှေသံလွင်ရပ်ကွက် က ကျူးကျော် နေထိုင်သူတွေက မေတ္တာရပ်ခံလိုက်ပါတယ်။
လှိုင်သာယာမြို့နယ် မေခလမ်းမှာ ဒီနေ့သတင်းစာရှင်းလင်းပွဲကျင်းပရာမှာ ကျူးကျော် နေထိုင်သူတစ်ဦးဖြစ်တဲ့ မသင်းသင်းအေးက အင်းအားသုံးဖယ်ရှား တဲ့နည်းလမ်းဟာ နစ်နာမှုတွေဖြစ်တာကြောင့် ဆွေးနွေးညှိနှိုင်းတဲ့ နည်းလမ်းနဲ့ ဖြေရှင်းဖို့ တောင်းဆိုတာ လို့ပြောပါတယ်။
"တကယ်လို့ဒီပြဿနာကို ဖြေရှင်းမယ်ဆိုရင်လည်း အကြမ်းဖက်တဲ့နည်းကိုမသုံးဘဲနဲ့ ညှိနှိုင်းဆွေးနွေးတဲ့ နည်းတွေနဲ့ သုံးပါလို့ဒီနေရာကနေ မေတ္တာရပ်ခံချင်ပါတယ်၊ ဒီလိုအကြမ်းဖက်တဲ့နည်းသုံးခြင်း အားဖြင့် နှစ်ဦးနှစ်ဖက်မှာ နစ်နာပါတယ်၊ ရုပ်ပျက်ဆင်းပျက်လည်း ဖြစ်တတ်ပါတယ်၊ ဒါကြောင့်မို့ လို ပြောချင်တာကတော့ ကျုးတွေနဲ့ပတ်သက်ရင် ဒီမှာလာပြီးတော့ ရပ်မိ၊ ရပ်ဖတွေနဲ့ ဆွေးနွေး တိုင်ပင်ပါလို့ ပြောကြားရင်းနဲ့ နိဂုံး ချုပ်ပါတယ်ရှင်"
ကျူးကျော်နေထိုင်သူတွေက သူတို့ ပတ်ဝန်းကျင်ကို သန့်ရှင်းမှုရှိအောင် အမှိုက်တွေကို စနစ်တကျ စုစည်းထား ဖို့ ဆောင်ရွက်နေကြောင်းနဲ့ အဲ့ဒီစုစည်းထားတဲ့ အမှိုက်တွေကို စွန့်ပစ်ဖို့နေရာစီစဉ်ပေးဖို့နဲ့ အစိုးရအနေနဲ့ တာဝန် ယူဆောင်ရွက်ပေးဖို့ကိုလည်း တောင်းဆိုခဲ့ကြပါတယ်။
လှိုင်သာယာမြို့နယ် ရွှေသံလွင်ရပ်ကွက်မှာ ကျူးကျော်နေအိမ် ၁ ထောင်ကျော်ရှိပြီး အဲ့ဒီမှာနေထိုင်သူ အများစုဟာ ဧရာဝတီတိုင်ဒေသကြီးကနေ နာဂစ်မုန်တိုင်း ဒဏ်ခံစားခဲ့ရပြီးနောက်ပိုင်း အလုပ်အကိုင် ရှားပါးမှုပြဿနာနဲ့ ရင်ဆိုင်ရ တာကြောင့် ရန်ကုန်မြို့မှာ ပြောင်းရွှေ့ အခြေချနေထိုင်သူတွေများပါတယ်။
ကျူးကျော်နေထိုင်သူတွေရဲ့ ဒီနေ့သတင်းစာရှင်းလင်းပွဲကို လှိုင်သာယာမြို့နယ် ရွှေသံလွင်ရပ်ကွက်က ကျူးကျော်နေ ထိုင်သူတွေ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းက ကိုယ်စာလှယ်တွေ စုစုပေါင်း ၁၀၀ ကျော် တက်ရောက်ခဲ့ပါတယ်။
သတင်းစာရှင်းလင်းပွဲကို ရန်ကုန်တိုင်းဒေသကြီး ကိုယ်စားပြု လွှတ်တော် ကိုယ်စားလှယ်တွေကို ဖိတ်ကြားခဲ့ပေမယ့် တက်ရောက်တာမရှိကြောင်းနဲ့ ကျူးကျော်နေ ထိုင်သူတွေရဲ့ တောင်းဆိုချက်တွေကို လွှတ်တော်ကိုယ်စားလှယ်တွေ ထံ တင်ပြသွားမယ်လို့ ပြောပါတယ်။