ကျူးကျော်တွေ၊ ဒုက္ခသည်တွေ နဲ့ ရွှေ့ပြောင်းလုပ်သားတွေ အတွက် မြေနေရာ စီစဉ်ပေးမည်
ကျူးကျော်နေထိုင်သူတွေ၊ ဒုက္ခသည်တွေ နဲ့ ရွှေ့ပြောင်းလုပ်သားတွေအတွက် ရန် ကုန်တိုင်းဒေသကြီးမှာ မြေဧက နှစ်ထောင် စီစဉ်ပေးသွား မယ်လို့ ရန်ကုန်တိုင်းဒေသကြီး ကရင်တိုင်းရင်းသားရေးရာ ဝန်ကြီး နော်ပန်းသဉ္ဇာမျိုး က ပြောပါတယ်။
-
2017-06-20 -
-
-
ကျူးကျော်နေထိုင်သူတွေ၊ ဒုက္ခသည်တွေနဲ့ ရွှေ့ပြောင်းလုပ်သားတွေအတွက် ရန်ကုန်တိုင်းဒေသကြီးမှာ မြေဧ က နှစ်ထောင် စီစဉ်ပေးသွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီး ကရင်တိုင်းရင်းသားရေးရာဝန်ကြီး နော်ပန်းသဉ္ဇာမျိုး က ပြောပါတယ်။
ဒီကနေ့ကျရောက်တဲ့ ကမ္ဘာ့ဒုက္ခသည်များနေ့ အခမ်းအနားကို တက်ရောက်လာတဲ့ ရန်ကုန်တိုင်းဒေသကြီး ကရင် တိုင်းရင်းသား ရေးရာဝန်ကြီး နော်ပန်းသဉ္ဇာမျိုးက အခမ်းအနားမှာ ပြောတာ ဖြစ်ပါတယ်။
"နယ်စပ်ဒေသကနေပြန်လာမယ့် ဒုက္ခသည်တွေရော၊ ဒီမှာရှိပြီးသားမိသားစုတွေအတွက်ရော အကုန်ပူးပေါင်းပြီး ဧက ၂ ထောင်ကျော် စပြီးအကောင် အထည်ဖော် မှာဖြစ်ပါတယ်"
ရန်ကုန်တိုင်းဒေသကြီးအတွင်း ကျူးကျော်စာရင်းတွေကို လက်ရှိအချိန်မှာ ကောက်ခံနေပါတယ်။
ဒီကနေ့ ရန်ကုန်မြို့ Orchid ဟိုတယ်မှာ ကျင်းပတဲ့ ကမ္ဘာ့ဒုက္ခသည်များနေ့ အခမ်းအနားမှာ ကရင်ပြည်နယ်က စစ်ဘေးဒုက္ခသည်တွေ နေရပ်ပြန်ဖို့ ယုံကြည်မှုတွေ အားနည်းနေတဲ့အကြောင်း နေရပ်ပြန်နိုင်ဖို့ စီစဉ်ပေးမယ့် သူတွေ မရှိတဲ့အတွက် စိုးရိမ်နေတဲ့အကြောင်း ဒုက္ခသည်တွေရဲ့ ပြောစကားတွေကို ကရင်ငြိမ်းချမ်းရေး အထောက် အကူပြုကွန်ယက်က ဗီဒီယိုတစ်ခုနဲ့ ပြသခဲ့ပါတယ်။
အခမ်းအနားကို ကရင်တိုင်းရင်းသားရေးရာဝန်ကြီး နော်ပန်းသဉ္ဇာမျိုးနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ အရပ်ဖက် အဖွဲ့အစည်းတွေ တက်ရောက်ခဲ့ကြပါတယ်။