အသေးစား ချေးငွေ အစီအစဉ် အောင်မြင်

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ရန်ကုန်တိုင်း အတွင်း ပျံကျဈေးသည်တွေကို အတိုးမဲ့ အသေးစား ငွေချေးပေးနေတဲ့ အစီအစဉ်ဟာ အောင်မြင်မှုရပြီး နောက်ထပ်လည်း ဒီအစီအစဉ်ကို တိုးချဲ့လုပ်ဆောင်သွားမယ်လို့ NLD အမျိုးသမီးအဖွဲ့က ပြောပါတယ်။

ရန်ကုန်မြို့လယ်၊ လမ်းမတော်ဈေးတွင် ခေါင်းရွက်ဗျပ်ထိုး ဈေးသည်များ ကုန်စည်မျိုးစုံ ရောင်းချနေပုံ ဖြစ်ပါသည်။ (Photo: AFP) Photo: AFP

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကြံပေးချက်အရ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ရန်ကုန်တိုင်း တာမွေမြို့နယ် ရာပြည့်ဈေးက ခေါင်းရွက်ဗျပ်ထိုး ဈေးသည် အယောက် ၅၀ ကို တယောက်အတွက် တလကို ကျပ် ၂ သောင်း နှုန်း စတင် ထုတ်ချေးပေးခဲ့ပါတယ်။

အခု ဇွန်လကုန်မှာ ၆ လ အစမ်းကာလ ပြည့်သွားပြီဖြစ်တဲ့အတွက် နောက်ထပ် မြို့နယ်တွေလည်း တိုးချဲ့ဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။ ဒီအကြောင်း NLD အမျိုးသမီးအဖွဲ့က ဒေါက်တာမေဝင်းမြင့်ကို ဒေါ်ခင်ခင်အိက ဆက်သွယ် မေးမြန်းတင်ပြထားတာ နားဆင်နိုင်ပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org