နှစ် သန်း ၁ဝဝ ကမြွေပေါက်စ မြန်မာ ပယင်းမှာ တွေ့ရ
မြန်မာနိုင်ငံ ဟူးကောင်းတောင်ကြားဒေသက ရရှိခဲ့တဲ့ ပယင်းကျောက်တခုမှာ လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၁ဝဝ ခန့်က မြွေပေါက်စလေးတကောင်ရဲ့အရိုးစုကို တွေ့ရတယ်လို့ မနေ့က ထုတ်ပြန်တဲ့ ကမ္ဘာ့သတင်းတွေမှာ ဖေါ်ပြထားပါတယ်။
-
2018-07-18 -
-
-
မြွေရုပ်ကြွင်းပါတဲ့ ပယင်းကျောက်ကို တွေ့ရစဉ်
Photo: Ming Bai, Chinese Academy of Sciences
မြန်မာနိုင်ငံ ဟူးကောင်းတောင်ကြားဒေသက ရရှိခဲ့တဲ့ ပယင်းကျောက်တခုမှာ လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၁ဝဝ ခန့်က မြွေပေါက်စလေးတကောင်ရဲ့အရိုးစုကို တွေ့ရတယ်လို့ မနေ့က ထုတ်ပြန်တဲ့ ကမ္ဘာ့သတင်းတွေ မှာ ဖေါ်ပြထားပါတယ်။ ၂ လက်မနီးပါးပဲ အရှည်ရှိတဲ့ အဲဒီ မြွေကလေးဟာ ဥက ပေါက်ကာစ လို့ ကျောက်ဖြစ်ရုပ်ကြွင်း ပညာရှင်တွေက ယူဆကြပါတယ်။
အဲဒီ ပယင်းကျောက်ကို ၂ဝ၁၆ ခုနှစ်မှာ တရုတ်ပါမောက္ခတဦးက မြန်မာပြည်က ဝယ်ယူရရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒီမြွေကလေးဟာ အခုအချိန်အထိ ကမ္ဘာပေါ်မှာ ပထမဆုံးနဲ့ ရှေးအကျဆုံးတွေ့ရတဲ့ မြွေတကောင်ရဲ့ ရုပ်ကြွင်း ဖြစ်တယ်လို့ ပညာရှင်တွေက ပြောပါတယ်။