မြွေတောင် သတ္တုစီမံကိန်း ဒေသခံများအတွက် စဉ်းစားသင့်
ချင်းပြည်နယ်၊ တီးတိန်မြို့နယ် က မြွေတောင်၊ ဖားတောင် နီကယ်သတ္တု စီမံကိန်းကို အကောင်အထည်ဖော်တဲ့အခါ ဒေသခံတွေရဲ့ အကျိုးစီးပွားကို ထည့်သွင်းစဉ်းစားဖို့နဲ့ လုပ်ပိုင်ခွင့်ကိုလည်း တင်ဒါစနစ်နဲ့ ခေါ်ယူသင့်တယ်လို့ ချင်းအမျိုးသားပါတီ ဥက္ကဌ ဦးဇိုဇမ်က ပြောကြားလိုက်ပါတယ်။
-
2013-09-16 -
-
-
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်က မြေွတောင်၊ ဖားတောင် နီကယ်သတ္တုစီမံကိန်းကို အကောင်အထည်ဖော်တဲ့အခါ ဒေသခံတွေရဲ့ အကျိုးစီးပွားကို ထည့်သွင်းစဉ်းစားဖို့နဲ့ လုပ်ပိုင်ခွင့်ကိုလည်း တင်ဒါစနစ်နဲ့ ခေါ်ယူသင့်တယ်လို့ ချင်းအမျိုးသားပါတီ ဥက္ကဌ ဦးဇိုဇမ်က ပြောကြားလိုက်ပါတယ်။
မြေွတောင်၊ ဖားတောင်စီမံကိန်းနဲ့ ပတ်သက်တဲ့ လေ့လာတွေ့ရှိချက်တွေကို ချင်းနိုင်ငံရေးပါတီ ၄ ခု ပေါင်းြပီး ရန်ကုန်မြို့ ၄၄ လမ်းမှာရှိတဲ့ မြန်မာမီဒီယာ စာကြည့်တိုက်မှာ သတင်းစာရှင်းလင်းပွဲကျင်းပစဉ် ဦးဇိုဇမ်က ပြောကြားခဲ့တာပါ။
“ဒီဟာနဲ့ပတ်သက်လို့ ဘယ်ကုမ္ပဏီမဆို ဒေသခံတွေရဲ့ အကျိုးစီးပွားကို မငဲ့ကွက်ပဲနဲ့လုပ်တဲ့ ကုမ္ပဏီမှန်သမျှကို မသင့်တော်ဘူးလို့၊ အဲဒါကြောင့် ကုမ္ပဏီတွေလုပ်တဲ့အခါမှာ တင်ဒါစနစ်နဲ့ ခေါ်ပေးရမှာဖြစ်တယ်၊ သတ္တုမိုင်းတွေ လုပ်မယ်ဆိုလို့ရှိရင် တစ်ဦးတစ်ယောက်ကို လက်သိပ်ထိုးပေးတာမျိုး မဖြစ်ရအောင်၊ နိုင်ငံကို ဘယ်လောက်ရာခိုင်နှုန်း အများဆုံးပေးနိုင်မလဲ၊ အပြည်ပြည်ဆိုင်ရာရဲ့ စည်းမျဉ်းဥပဒေအတိုင်း စံချိန်စံညွှန်းအတိုင်း ဘယ်အထိလုပ်နိုင်မလဲ၊ ဒေသခံရဲ့ကျေနပ်မှု အများဆုံးပေးနိုင်တဲ့ ကုမ္ပဏီလည်းဖြစ်ရမယ်”
ချင်းအမျိုးသားပါတီ၊ ချင်းတိုးတက်ရေးပါတီ၊ ချင်းတိုင်းရင်းသားလူမျိုးစုများဖွံ့ဖြိုးရေးပါတီနဲ့ အရှို (Asho) ချင်းတိုင်းရင်းသားပါတီစတဲ့ ချင်းနိုင်ငံရေးပါတီ ၄ ခုက ြပီးခဲ့တဲ့ စက်တင်ဘာလ ၂ ရက်နေ့ကနေ ၉ ရက်နေ့အထိ စီမံကိန်းဒေသက ကျေးရွာပေါင်း ၁၄ ရွာမှာ ဒေသခံတွေနဲ့တွေ့ဆုံြပီး တွေ့ရှိချက်တွေကို ဒီနေ့သတင်းစာရှင်းလင်းပွဲမှာ ရှင်းပြခဲ့တာပါ။
အဲဒီသတ္ထုစီမံကိန်းနဲ့ ပတ်သက်ြပီး ချင်းနိုင်ငံရေးပါတီ ၄ ပါတီက အချက် ၇ ချက်ပါဝင်တဲ့ သဘောထားကြေညာချက်တစ်ရပ်ကိုလည်း ထုတ်ပြန်ခဲ့ပါတယ်။