၁၂ ပွင့်ဆိုင်ဆွေးနွေးရေး ကျားဖြူ ထောက်ခံ

၁၂ ပွင့်ဆိုင် ထိပ်သီးခေါင်းဆောင်တွေ တွေ့ ဆုံဆွေးနွေးရေးကို ထောက်ခံကြောင်း ရှမ်း တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူ) ပါတီက ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

ကျားဖြူပါတီ ခေါ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ (SNDP) ၏ ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့ ရုံးခွဲ ဖွင့်ပွဲကို ၂၀၁၀ ခုနှစ် နှစ်လယ်ပိုင်းက ကျင်းပနေပုံ ဖြစ်ပါသည်။ (Photo: Shan Land) (Photo: Shan Land)

၁၂ ပွင့်ဆိုင် ထိပ်သီးခေါင်းဆောင်တွေ တွေ့ ဆုံဆွေးနွေးရေးကို ထောက်ခံကြောင်း ရှမ်း တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူ) ပါတီက ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

၁၂ ပွင့်ဆိုင်ဆွေးနွေးရေးဟာ နိုင်ငံရှေ့ရေးအတွက် ပို ပြီးပြည့်စုံမှာဖြစ်တဲ့အတွက် ပါတီဗဟိုအလုပ် အမှုဆောင်ကော်မတီအဖွဲ့ရဲ့ သဘောတူညီချက်အရ ထုတ်ပြန် လိုက်တာဖြစ်ကြောင်း ကျားဖြူပါတီဥက္ကဌ ဦးစိုင်းအိုက်ပေါင်း ကပြောပါတယ်။

"၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ငြိမ်း ချမ်းရေးနဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးတို့ အတွက် ၁၂ ပွင့်ဆိုင်ထိပ်သီးဆွေးနွေးပွဲသည် ပိုမို သင့်လျော်သည်ဟု ယုံကြည်သည်၊ ရှမ်းတိုင်းရင်သား များ ဒီမိုကရက်တစ်ပါတီဆိုပြီးတော့ ကြေညာချက် ၆ ချက်ထုတ်နေပြီ"

တောင်ကြီးမြို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီဌာနချုပ်မှာ ဒီဇင်ဘာလ ၁၉ ရက်နေ့ကနေ ၂၁ရက်နေ့ အထိ ကျင်းပခဲ့တဲ့ ပါတီဗဟိုအလုပ်အမှုဆောင် အစည်းအဝေးကနေ ကြေညာချက် ၆ ချက်ကို ထုတ်ပြန်ကြေညာလိုက် တာပါ။

အဲ့ဒီကြေညာချက်ထဲမှာ ကျားဖြူပါတီကနေ နှုတ်ထွက်သွားတဲ့ လွှတ်တော်ကိုယ်စား လှယ်တွေအနေနဲ့ လွှတ်တော် ကိုယ်စားလှယ်အဖြစ်က နှုတ်ထွက်ပေးရေးကိုလည်း တောင်းဆိုကြောင်း ပါရှိပါတယ်။

ဒါ့အပြင် ၂၀၁၅ အထွေထွေရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် ရှမ်းပြည်နယ်က မြို့နယ် ပေါင်း ၅၅ မြို့နယ်နဲ့ ကချင်၊ စစ်ကိုင်း၊ မန္တလေးနဲ့ ကယားပြည်နယ်တွေမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ လွှတ်တော်ကိုယ်စားလှယ်လောင်း စုစုပေါင်း နှစ်ရာလောက် လျာထားတယ်လို့လည်း ပြောပါတယ်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ဥက္ကဌ ဦးစိုင်းအိုက်ပေါင်းကို RFA သတင်းထောက် ကိုကျော်သူ ကဆက် သွယ်မေးမြန်းခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org