SNLD ကိုယ်စားလှယ်လောင်း ၄၂ ဦး ရွေးကောက်ပွဲနိုင်
၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ကိုယ်စားလှယ်လောင်း ၁၃၀ နီးပါးထဲမှာ အနိုင်ရသူ ၄၂ ဦး ရှိတယ်လို့ ပါတီက ထုတ်ပြန်ပါတယ်။
-
2020-11-13 -
-
-
၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ကိုယ်စားလှယ်လောင်း ၁၃၀ နီးပါးထဲမှာ အနိုင်ရသူ ၄၂ ဦးရှိတယ်လို့ ပါတီက ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၇ ကြားဖြတ်နဲ့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ အောင်နိုင်ခဲ့တဲ့နေရာတွေမှာသာ နိုင်ခဲ့ကြ တာဖြစ်ပြီး ကျောက်မဲ၊ နောင်ချိုမြို့နယ်တွေပါတဲ့ အမျိုးသားလွှတ်တော်တစ်နေရာကိုတော့ ဒီတစ်ကြိမ်မှာ လက်လွှတ်လိုက်ရတယ်လို့ SNLD ပါတီရဲ့ တွဲဖက်အတွင်းရေးမှူး စိုင်းကျော်ညွန့် ကပြောပါတယ်။
၂၀၂၀ အထွေထွေရွေးကောက်ပွဲဟာ မျှော်လင့်သလောက်အောင်နိုင်မှု မရှိခဲ့ဘူးလို့ သူက ပြောပါတယ်။
SNLD ဟာ အမျိုးသားလွှတ်တော် ၂ နေရာ၊ ပြည်သူ့လွှတ်တော် ၁၃ နေရာနဲ့ ပြည်နယ်လွှတ်တော်မှာ ၂၇ နေရာ ရွေးကောက်ပွဲအောင်နိုင်ခဲ့တာဖြစ်ပါတယ်။
မိုင်းယောင်း၊ မိုင်းဖြတ်၊ လားရှိုး၊ လွိုင်လင်မြို့နယ်တွေမှာ ရွေးကောက်ပွဲ မအောင်နိုင်ခဲ့ပေမယ့် အရင်ကထက် SNLD ကို ထောက်ခံသူတွေများလာတာကို မဲရလဒ်တွေအရ သိရတယ်လို့ စိုင်းကျော်ညွန့် ကပြောပါတယ်။
၂၀၂၀ ရွေးကောက်ပွဲမှာ ရှမ်းပြည်နယ်လွှတ်တော်အတွက် တိုင်းရင်းသားရေးရာဝန်ကြီးနေရာ အပါအဝင် ပြည်နယ် လွှတ်တော်မဲဆန္ဒနယ် ၁၀၀ ကျော်မှာ ရွေးကောက်ပွဲကျင်းပခဲ့တာဖြစ်ပါတယ်။
----------------------
(၂၀၂၀ ရွေးကောက်ပွဲဝင်မယ့် အထင်ကရ နိုင်ငံရေးပါတီတွေ၊ ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်တွေနဲ့ သတင်းပေးပို့ချက်တွေကို RFA ရွေးကောက်ပွဲအထူးအစီအစဉ် စာမျက်နှာမှာ တစုတစည်းတည်း လေ့လာကြည့်ရှုနိုင်ပါတယ်။)