ရွာတစ်ရွာ မဲရုံတစ်ရုံ ထားပေးသင့်ကြောင်း SNLD ကိုယ်စားလှယ်လောင်း ပြောကြား

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှှိုးမြို့နယ်မှာ မဲစာရင်းကြေညာထားတဲ့ ကျေးရွာတွေကို သွားဖို့အတွက် လမ်းပန်းဆက်သွယ်ရေး ခက်ခဲတာကြောင့် လာမယ့် ရွေးကောက်ပွဲနေ့မှာ မဲပေးနိုင်သူ လူဦးရေ ၂ဝဝ ရှိ တဲ့ ကျေးရွာတစ်ရွာမှာ မဲရုံတစ်ရုံထားပေးသင့်တယ်လို့ SNLD ကျားခေါင်းပါတီရဲ့ အမျိုးသားလွှတ်တော် ကိုယ်စား လှယ်လောင်း ဦးစိုင်းဝမ်လှိုင်ခမ်းက ပြောပါတယ်။

ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ်ကနေ ရွေးကောက်ပွဲဝင်မယ့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ကိုယ်စား လှယ်လောင်း ဦးစိုင်းဝမ်လှိုင်ခမ်း ကို စက်တင်ဘာလ ၁၈ ရက်နေ့က တွေ့ရစဉ် Photo: Kan Thar/RFA

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှှိုးမြို့နယ်မှာ မဲစာရင်းကြေညာထားတဲ့ ကျေးရွာတွေကိုသွားဖို့အတွက် လမ်းပန်းဆက် သွယ်ရေး ခက်ခဲတာကြောင့် လာမယ့် ရွေးကောက်ပွဲနေ့မှာ မဲပေးနိုင်သူ လူဦးရေ ၂ဝဝ ရှိတဲ့ ကျေးရွာတစ်ရွာမှာ မဲရုံတစ်ရုံထားပေးသင့်တယ်လို့ SNLD ကျားခေါင်းပါတီရဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးစိုင်းဝမ်လှိုင်ခမ်းက ပြောပါတယ်။

လက်ရှိ မဲစာရင်းကပ်ထားတဲ့ ကျေးရွာတွေဟာ လမ်းပန်းဆက်သွယ်ရေးခက်ခဲတာကြောင့် မဲစာရင်းစစ်ဆေး ဖို့ ဒေသခံကျေးရွာသားတွေက စိတ်ဝင်စားမှုမရှိဖြစ်နေကြပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ကျေးရွာအုပ်စုပေါင်း တစ်ထောင်ကျော်ရှိပြီး အတော်များများကျေးရွာတွေဟာ မဲပေးနိုင်သူ နှစ်ရာနီးပါးရှိတဲ့ ကျေးရွာတွေများတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲနဲ့ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတုန်းက မဲရုံရှိတဲ့နေရာတွေကို ကျေးရွာသားတွေ မသွားနိုင်တာကြောင့် မဲပေးခွင့်ဆုံးရှုံးတာတွေရှိခဲ့သလို ကျေးရွာသူကြီးတွေက ရွာသားတွေအတွက် ကိုယ်စားမဲပေး ခဲ့တာတွေလည်း ရှိခဲ့တယ်လို့ ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org