ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရင်း အလှူငွေ ကောက်ခံ

ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် ကနေ ရွေးကောက်ပွဲဝင်မယ့် ကျားခေါင်း ပါတီ SNLD ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်လောင်း နှစ်ဦးဟာ နားကွမ်းလုံ၊ ကောင်းကြဲ၊ အီနိုင်းနဲ့ အထက်မန်အိုင်ကျေး ရွာတွေမှာ ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် မဲဆွယ် စည်းရုံးရင်း ဒေသခံတွေဆီကနေ အလှူငွေတွေ ကောက်ခံ ခဲ့ကြပါတယ်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ဟာ စက်တင်ဘာလ ၁၈ ရက်နေ့က ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ် မှာ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး စတင်စဉ် Photo: Kan Thar/RFA

ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ်ကနေ ရွေးကောက်ပွဲဝင်မယ့် ကျားခေါင်းပါတီ SNLD ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်လောင်း နှစ်ဦးဟာ နားကွမ်းလုံ၊ ကောင်းကြဲ၊ အီနိုင်းနဲ့ အထက်မန်အိုင်ကျေး ရွာတွေမှာ ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် မဲဆွယ်စည်းရုံးရင်း ဒေသခံတွေဆီကနေ အလှူငွေတွေ ကောက်ခံ ခဲ့ကြပါတယ်။

ကျားခေါင်းပါတီအနေနဲ့ ပါတီရန်ပုံငွေ အခက်အခဲရှိတာကြောင့် စည်းရုံးရေးဆင်းတဲ့အချိန်မှာ ပါတီကို ထောက်ခံ သူတွေဆီကနေ ငွေကြေးကောက်ခံခဲ့ရတယ်လို့ လားရှိုးမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးစိုင်းဝမ်းလှိုင်ခမ်းက ပြောပါတယ်။

"ကျနော်တို့ပါတီက တခြားရန်ပုံငွေတွေမရှိပါဘူး၊ ဌာနချုပ်ကနေ အကြီးမားထောက်ပံ့တာတွေမရှိပါဘူး၊ ရှင်းရှင်းပြောရရင် ကျနော်တို့ပါတီက စီးပွားရေးလုပ်နေတဲ့ပါတီလည်း မဟုတ်ပါဘူး၊ ဒါကြောင့် ကျနော်တို့က စေတနာထက်သန်တဲ့ မိဘပြည်သူတွေဆီကပဲ မျှော်ကိုးတယ် လက်ခံတယ်"

ကျားခေါင်းပါတီရဲ့ လားရှိုးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးစိုင်းစိုးမြင့်နဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးစိုင်းဝမ်းလှိုင်ခမ်းတို့က သူတို့အနေနဲ့ ရွေးချယ်ခံရမယ်ဆိုရင် တိုင်းရင်းသားတွေ တန်းတူညီမျှအခွင့်အရေးရရှိဖို့နဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့ကို ဆောင်ရွက်သွားမယ် လို့ ဟောပြောခဲ့ပါတယ်။

ဒါ့အပြင် မဲပေးပုံပေးနည်းတွေနဲ့ ပယ်မဲမဖြစ်အောင် သရုပ်ပြခဲ့ပါတယ်။ လာမယ့် ရွေးကောက်ပွဲမှာ ကျားခေါင်းပါတီက ကိုယ်စားလှယ်လောင်း ၁၅၀ကျော် ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။

လားရှိုးမဲဆန္ဒနယ်ဟာ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ဝင်ရောက်ယှဉ်ပြိုင်မယ့် နေရာဖြစ်ပြီး ကိုယ်စားလှယ်လောင်း ၆ဦး ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။

ကျားဖြူပါတီရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးစိုင်းလိတ်ကို RFA သတင်းထောက် မဇင်မာဝင်းက ဆက်သွယ်မေးမြန်းထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org