SNLD ကိုယ်စားလှယ် ဆွေးနွေးချက် တပ်မတော်ကိုယ်စားလှယ် ကန့်ကွက်
လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ တပ်မတော်သားတွေကို အထူးအခွင့်အရေးပေးထားသလို ဖြစ်နေကြောင်း ကျားခေါင်းပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းဦးခမ်းရဲ့ ဆွေးနွေးချက်ကို လွှတ်တော်မှတ်တမ်းကနေ ပယ်ဖျက်ဖို့ ပြည်ထောင်စုလွှတ်တော်နာယက က ဆုံးဖြတ်လိုက်ပါတယ်။
-
2019-02-05 -
-
-
၂၀၁၉ ဖေဖော်ဝါရီ ၅ ရက်နေ့ ပြည်ထောင်စုလွှတ်တော်မှာ ကျားခေါင်းပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းဦးခမ်း ဆွေးနွေးနေစဉ်
Phto: Pyidaungsu Hluttaw FB
Your browser doesn’t support HTML5 audio
လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ တပ်မတော်သားတွေကို အထူးအခွင့်အရေးပေးထားသလို ဖြစ်နေကြောင်း ကျားခေါင်းပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းဦးခမ်းရဲ့ ဆွေးနွေးချက်ကို လွှတ်တော် မှတ်တမ်းကနေ ပယ်ဖျက်ဖို့ ပြည်ထောင်စုလွှတ်တော်နာယက က ဆုံးဖြတ်လိုက်ပါတယ်။
NLD ပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့် တင်သွင်းတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီ ဖွဲ့စည်းဖို့ အရေးကြီးအဆိုကို ဒီနေ့ လွှတ်တော်မှာ ကိုယ်စားလှယ် ၃၀ ဦးက ဆွေးနွေးရာမှာ ကိုယ်စားလှယ် ဦးစိုင်းဦးခမ်း က အခုလိုဆွေးနွေးခဲ့တာဖြစ်ပါတယ်။
အဲဒီဆွေးနွေးချက်ကို တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး မျိုးထက်ဝင်းက လွတ်လပ် စွာပြောဆိုခွင့်ရှိပေမယ့် လွှတ်တော်ဥပဒေ၊ နည်းဥပဒတွေအရ စည်းကမ်းတွေ၊ ကျင့်ဝတ်တွေ လိုက်နာဖို့ လိုအပ်ကြောင်း ပြောပြီး ကန့်ကွက်ခဲ့တာဖြစ်ပါတယ်။
လက်ရှိဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပြည်သူ့ဆန္ဒတွေ ဘေးဖယ်ခံထားရပြီး အမျိုးသားတန်းတူညီရေးနဲ့ ကိုယ်ပိုင်ပြ ဌာန်းခွင့်အပေါ် လွှမ်းမိုးခံနေရတယ်လို့ ကိုယ်စားလှယ် ဦးစိုင်းဦးခမ်းက ဆွေးနွေးရာမှာ ထည့်သွင်းပြောကြားခဲ့တာပါ။
ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ် က တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်ရဲ့ ကန့်ကွက်ချက်ကို လက်ခံပြီး ဦးစိုင်းဦးခမ်းရဲ့ ဆွေးနွေးချက်ကို လွှတ်တော်မှတ်တမ်းက ပယ်ဖျက်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။
မနက်ဖြန်မှာ အဆိုနဲ့ပတ်သက်ပြီး ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက ဦးထွန်းထွန်းဟိန်က ပြန်လည် ရှင်းလင်းကာ လွှတ်တော်ရဲ့ အဆုံးအဖြတ်ရယူမှာဖြစ်ပါတယ်။
အင်န်အယ်လ်ဒီပါတီ၊ ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က ဇန်နဝါရီလ ၂၉ ရက်က တင်သွင်းတဲ့ အရေးကြီး အဆိုကို အင်န်အယ်လ်ဒီပါတီက ၁၀ ဦး၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက လေးဦးနဲ့ တိုင်းရင်းသားကိုယ်စားလှယ်တွေ အပါအဝင် ကိုယ်စားလှယ် ၃၀ ဦး ဆွေးနွေးကြတာပါ။ ပါဝင်ဆွေးနွေးဖို့ အမည်စာရင်းပေးထားသူ ၃၆ ဦးရှိပေမယ့် ဒုတိယသမ္မတဟောင်း ဦးဉာဏ်ထွန်း၊ ဗိုလ်ချုပ်ကြီးဟောင်း ဦးလှဌေးဝင်း အပါအဝင် ၆ဦးက လွှတ်တော် တက်ရောက်ခြင်း မရှိတာဖြစ်ပါတယ်။
အဆိုကို အင်န်အယ်လ်ဒီကို ယ်စားလှယ်တွေနဲ့ တိုင်းရင်းသားပါတီက ကိုယ်စားလှယ်တွေက ထောက်ခံကြပေမယ့် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်တွေကတော့ ကန့်ကွက်ခဲ့ကြပါတယ်။
တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေကတော့ ဒီအဆိုကို ကန့်ကွက်ထားသလို ဒီနေ့ဆွေးနွေးရာမှာလည်း ပါဝင်ဆွေးနွေးခြင်းမရှိခဲ့ပါဘူး။ ပါဝင်ဆွေးနွေးခြင်းမရှိပေမယ့် ကျားခေါင်းပါတီ ကိုယ်စားလှယ် ဦးစိုင်းဦးခမ်းရဲ့ ဆွေးနွေးချက်ကိုတော့ ကန့်ကွက်ခဲ့ပါတယ်။
ရခိုင်အမျိုးသားပါတီ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးလှစောက တပ်မတော်သားတွေက ကန့်ကွက်ထားတဲ့အတွက် ဖွဲ့စည်းမယ့်ကော်မတီဟာ အလုပ်ဖြစ်မယ် မထင်ဘူးလို့ အခုလိုပြောပါတယ်။
"ဒီပြင်မယ်ဆိုတာက အင်မတန်ကြပ်တယ်လေ။ ၇၅ ရာခိုင်နှုန်း ကျော်ဖို့ဆို အကုန်လုံးပါမှ။ အခုလွှတ်တော်ထဲမှာ NLD နဲ့ ကြံ့ခိုင်ရေးနဲ့သော်လည်းကောင်း၊ တပ်မတော်သားကိုယ်စားလှယ်တွေ မတ်တပ်ရပ်ကတည်းက သူက participate ဖြစ်ဖို့ အလားအလာမရှိတော့ဘူးလေ။ ဆိုတော့ ဆက်ဆံရေးကမကောင်းဘူး။ မကောင်းတော့ ဒီကော်မတီက အလုပ်ဖြစ်မှာမဟုတ်ဘူး။"
ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ကျားခေါင်းပါတီ၊ သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းသန့်ဇင် က အခုလိုဆွေးနွေးခဲ့ပါတယ်။
"တိုင်းရင်းသားတွေရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်အရ ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြည်ထောင်စု ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ဆန့်ကျင်ခြင်းမရှိစေဘဲ ပြည်နယ်တွေက သီးခြားလွတ်လပ်စွာ ရေးဆွဲပြဌာန်းနိုင်ရေး၊ တိုင်းရင်းသားလူမျိုးတွေရဲ့ အမျိုးသားလက္ခဏာတွေကို လွတ်လပ်စွာထိန်းသိမ်းစောင့်ရှောက်ပြီး တိုးတက်ရှင်သန်အောင် ဆောင်ရွက်နိုင်ရေးဟာ တိုင်းရင်းသားတွေ ထာဝရငြိမ်းချမ်းရေးရရှိစေဖို့အတွက် ထည့်သွင်းစဉ်းစားပေးရမှာဖြစ်ပါတယ်။"
ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်ဦးသောင်းအေးက
"ဒီအဆိုကို လှည့်ပတ်ပြီးပြောနေကြတော့ တော်တော်အငြင်းပွားဖွယ်ရာဖြစ်တယ်။ အဲဒါကြောင့်မို့လို့ ဥပဒေနဲ့ ညီလား မညီလားဆိုတာ ဒီအတိုင်းဆွေးနွေးနေရုံနဲ့ မပြီးပြတ်ဘူးဆိုရင် နာယကရဲ့ တိုက်ရိုက်တင်သွင်းခွင့် ရှိတာက နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးရှိတယ်။ အဲဒီကို ဆုံးဖြတ်ချက် သို့မဟုတ် သဘောထား မှတ်ချက် တောင်းယူလို့ရတယ်။ အဲဒါဆိုရင်တော့ အခုဆွေးနွေးနေတဲ့ ဥပဒေနဲ့ မညီဘူး ညီတယ်ဆိုတာ အဖြေပေါ်လာမှာပေါ့။"
ဖွဲ့စည်းပုံပါ ပြဌာန်းချက်တွေကို အဓိပ္ပာယ်ဖွင့်ဆိုတာ၊ ဥပဒေတွေဟာ ဖွဲ့စည်းပုံနဲ့ညီ၊ မညီ အဓိပ္ပာယ် ဖွင့်ဆိုပေးတာနဲ့ပတ်သက်ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးကို သမ္မတနဲ့ လွှတ်တော်ဥက္ကဌတွေကသာ တင်သွင်းခွင့်ရှိတာဖြစ်ပါတယ်။
ဒါနဲ့ပတ်သက်ပြီး တပ်မတော်သားကိုယ်စားလှယ်အစုအဖွဲ့ခေါင်းဆောင် ဗိုလ်မှူးချုပ်မောင်မောင် က အခုလိုပြောပါတယ်။
"လောလောဆယ်တော့ ကျွန်တော် စဉ်းစားထားတာမရှိသေးဘူး။ ဒီနေ့ ဆွေးနွေးတဲ့အပေါ်လည်း ဘာမှပြောစရာမရှိဘူး။ အားလုံးကောင်းတယ်။"
ဒီကနေ့ ဆွေးနွေးရာမှာ တပ်မတော်သားကိုယ်စားလှယ်တွေ မပါဝင်ခဲ့သလို ကော်မတီဖွဲ့ရင် ပါဝင်မယ်၊ မပါဝင်ဘူးဆိုတာလည်း မပြောကြားနိုင်သေးဘူးလို့ တပ်မတော်သားကိုယ်စားလှယ်အစုအဖွဲ့ခေါင်းဆောင် ဗိုလ်မှူးချုပ်မောင်မောင်က ပြောပါတယ်။
NLD ပါတီကနေ နုတ်ထွက်လိုက်ပြီး ပါတီသစ်တည်ထောင်လိုက်တဲ့ အမျိုးသားညီညွတ်သော ဒီမိုကရက်တစ်ပါတီရဲ့ ကိုယ်စားလှယ် ဦးစိန်ဝင်းက
"ပြင်ဆင်တာက စကားများပြီး ပြဿနာပိုပြီးကြီးထွားနိုင်တယ်။ ဆိုတော့ အသစ်စပြီး ပြန်ဆွဲလိုက်ရင် ဘာမှစကားများစရာမလိုတော့ဘူး။ ပြင်ဆင်တာထက် အသစ်ရေးဆွဲတာ အကောင်းဆုံးပဲ။"
တအာန်း(ပလောင်)အမျိုးသားပါတီက နမ့်ဆန်မြို့နယ် ကိုယ်စားလှယ်ကတော့ ဒီကော်မတီရဲ့ လုပ်ငန်းဆောင်ရွက်ချက်တွေနဲ့ပတ်သက်လို့ အခုလို ဆွေးနွေးပါတယ်။
"ဒီကော်မတီကို ဖွဲ့တဲ့အခါမှာ လုပ်ငန်းစဉ်ချမှတ်တဲ့အခါမှာ အချိန်ဇယားသတ်မှတ်ပေးဖို့ လိုပါတယ်။ ပြုပြင်လို့ရတာတွေကို ပြုပြင်သွားနိုင်ဖို့ လိုတယ်။"
ကော်မတီဖွဲ့စည်းရင် ပါတီပေါင်းစုံက ကိုယ်စားလှယ်တွေ ပါဝင်မှာဖြစ်သလို တပ်မတော်သားကိုယ်စားလှယ်တွေ ကိုလည်း ပါဝင်ဖို့ ကမ်းလှမ်းမယ်လို့ NLD ပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမြတ်ဉာဏစိုးက ပြောပါတယ်။
အင်န်အယ်လ်ဒီပါတီ ကိုယ်စားလှယ် ဒေါက်တာမြတ်ဉာဏစိုး က အဆိုကို တင်ရတဲ့ ရည်ရွယ်ချက်ကို အခုလိုပြောပါတယ်။
"တစ်စုတဖွဲ့တည်း ပါတီတခုတည်းက မောင်ပိုင်စီးပြီး ဆောင်ရွက်ဖို့ လုံးဝမသင့်မြတ်ဘူး။ အားလုံးတိုင်ပင်မယ်၊ ညှိနှိုင်းမယ်။ ပြည်သူ့မျက်နှာကို ရဲရဲကြည့်ပြီး ပြည်သူတွေ ဘာကိုလိုလားလဲ အဲဒီအတိုင်း ပြည်ထောင်စု လွှတ်တော်က ဆောင်ရွက်ပေးဖို့ပဲ ရှိပါတယ်။"
ဒီအရေးကြီးအဆိုနဲ့ ပတ်သက်ပြီး မနက်ဖြန်မှာ ပြည်ထောင်စုလွှတ်တော် ဒုတိယ နာယက ဦးထွန်းထွန်းဟိန် က ပြန်လည်ရှင်းလင်းဆွေးနွေးပြီး လွှတ်တော်ရဲ့ အဆုံးအဖြတ်ရယူမှာဖြစ်ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုဝင်းကိုကိုလတ် ပေးပို့တာပါ။