တန်းတူညီမျှ အခွင့်ရဖို့ တိုင်းရင်းသားတွေ တောင်းဆို

တန်းတူညီမျှတဲ့ပြည်ထောင်စု၊ အခွင့်အရေး တူတဲ့ပြည်ထောင်စု၊ အာဏာတူ တဲ့ပြည်ထောင် စုဖြစ်လာဖို့ လာမယ့် ၂၁ ရာစု ပင်လုံ ညီလာခံက လုပ်ဆောင်ရမယ်လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီ အထွေထွေ အတွင်းရေးမှူး ဦးစိုင်းညွန့်လွင် က ပြောပါတယ်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီ အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွန့်လွင် ကို တွေ့ရစဉ် Photo: Kyaw Zaw Win/RFA

တန်းတူညီမျှတဲ့ပြည်ထောင်စု၊ အခွင့်အရေးတူတဲ့ပြည်ထောင်စု၊ အာဏာတူတဲ့ပြည်ထောင်စုဖြစ်လာဖို့ လာမယ့် ၂၁ ရာစု ပင်လုံညီလာခံက လုပ်ဆောင်ရမယ်လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီ အထွေထွေ အတွင်းရေးမှူး ဦးစိုင်းညွန့်လွင် က ပြောပါတယ်။

ဒီကနေ့ ရန်ကုန်မြို့ အင်းလျားလိတ်ဟိုတယ်မှာ ၂၁ ပင်လုံ ညီလာခံမှာတင်ပြမယ့် မှုဝါဒတွေနဲ့ ပတ်သက်ပြီး UNA အဖွဲ့ဝင်တွေ အစည်းအဝေးကျင်းပတဲ့ပွဲမှာ RFA က တွေ့ဆုံမေးမြန်းစဉ် ဦးစိုင်းညွန့်လွင် က ပြောတာဖြစ်ပါတယ်။

UNA အဖွဲ့ဝင်တွေအနေနဲ့ ပညာရေး၊ ကျန်းမာရေး၊ သဘာဝပတ်ဝန်းကျင် စတဲ့ မူဝါဒ ၉ ခုကို ဇူလိုင်လ ၂၁ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ ၂ ရက်ကြာ ဆွေးနွေးခဲ့တာဖြစ်ပြီး လာမယ့်၂၁ ရာစုပင်လုံညီလာခံမှာ တင်သွင်းသွားမယ်လို့လည်း ပြောပါတယ်။

ဒါ့အပြင် လာမယ့် ဇူလိုင်လ ၂၆ ရက်မှာ ကေအိုင်အို ထိန်းချုပ်နယ်မြေဖြစ်တဲ့ ကချင်ပြည်နယ် မိုင်ဂျာယန်မှာ ကျင်းပမယ့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ ညီလာခံကိုလည်း UNA ကိုယ်စားလှယ်တွေ တက်ရောက်ကြမှာ ဖြစ်ပါတယ်။

ဦးစိုင်းညွှန့်လွင် ကို RFA သတင်းထောက် ကိုမျိုးဇော်ကို တွေ့ဆုံမေးမြန်းထားပါတယ်။

 

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org