တိုက်ပွဲတွေကြောင့် ရွေးကောက်ပွဲ မရွှေ့ဆိုင်းဖို့ SNLD ဥက္ကဌ တိုက်တွန်း
ရှမ်းပြည်မြောက်ပိုင်းမှာ တိုက်ပွဲဖြစ် ပွားနေတဲ့ မိုင်းရှူး၊ တန့်ယန်းနဲ့ ကျေးသီးမြို့ နယ်တွေ မှာ ရွေးကောက်ပွဲ ရွှေ့ဆိုင်းပေးဖို့ နိုင်ငံရေးပါတီ တချို့ တောင်းဆိုနေတာကို ရွေးကောက်ပွဲကော်မရှင်အနေနဲ့ တစ်ဖက်သတ်မဆုံးဖြတ်ဖို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဦးခွန်ထွန်းဦးက တိုက်တွန်းလိုက်ပါတယ်။
-
2015-10-26 -
-
-
Your browser doesn’t support HTML5 audio
ရှမ်းပြည်မြောက်ပိုင်းမှာ တိုက်ပွဲဖြစ်ပွားနေတဲ့ မိုင်းရှူး၊ တန့်ယန်းနဲ့ ကျေးသီးမြို့နယ်တွေမှာ ရွေးကောက်ပွဲ ရွှေ့ ဆိုင်းပေးဖို့ နိုင်ငံရေးပါတီတချို့ တောင်းဆိုနေတာကို ရွေးကောက်ပွဲကော်မရှင်အနေနဲ့ တစ်ဖက်သတ်မဆုံးဖြတ်ဖို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးခွန်ထွန်းဦးက တိုက်တွန်းလိုက်ပါတယ်။
ဒီကနေ့ တောင်ကြီးမြို့ ရေအေးကွင်းရပ် မဟာယာနဘုံကျောင်းမှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီထူထောင်ခြင်း ၂၇ နှစ်ပြည့်နဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကို ပြည်သူ့ထံအပ်နှံပွဲ အခမ်းအနားမှာ ဦးခွန်ထွန်းဦးက တိုက်တွန်းပြောကြားလိုက်တာဖြစ်ပါတယ်။
"တဖက်ပါတီက ရံှှုးမယ်ထင်တဲ့ ကျေးသီး၊ တန့်ယန်းနဲ့ မှိုင်းရှူးတို့မှာ စစ်ပွဲဖြစ်နေတဲ့အတွက်ကြောင့် ရွေးကောက် ပွဲ ရွှေ့ပေးဖို့ပြောပါတယ်၊ ကျနော်တို့ လက်တွေ့ဆင်းကြည့်တဲ့နေရာမှာ တိုက်ပွဲက ကျေးသီးကလွဲလို့ တခြားနေရာမှာ မဖြစ်ပါဘူး"
ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအားလုံး အပစ်ပခတ်ရပ်စဲရေး လက်မှတ် ထိုးနိုင်မှ ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို ထူထောင်နိုင်မှာဖြစ်တယ်လို့လည်း ဦးခွန်ထွန်းဦးက ပြောပါတယ်။
အခမ်းအနားကို နိုင်ငံရေးပါတီပေါင်းစုံ၊ အရပ်ဘက်လူမှုအဖွဲ့စည်းပေါင်းစုံနဲ့ ရှမ်းပြည်နယ် ရွေးကောက်ပွဲကော်မရှင် တို့ စုစုပေါင်း ၃၀၀ ဝန်းကျင် တက်ရောက်ခဲ့ပြီး၊ SNLD ပါတီ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးစိုင်းလိတ် က တောင်ကြီးမြို့မှာ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ် ပြိုင်မယ့် လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကို မိတ်ဆက်ပေးခဲ့ပါတယ်။
တိုက်ပွဲဖြစ်နေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မဲဆွယ်စည်းရုံးရေး ခက်ခဲကြောင်း SNLD ပါတီ တွဲဖက် အထွေထွေအတွင်းရေးမှူး ဦးစိုင်းလိတ်က ပြောပါတယ်။
ဦးစိုင်းလိတ် ကို RFA သတင်းထောက် ကိုဘုန်းမြတ် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။