ကျန်တဲ့ မဲဆန္ဒနယ် ၈ နေရာထဲမှာ SNLD ၆ နေရာမှာ အနိုင်ရရှိ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာဖို့ ကျန်နေတဲ့ လစ်လပ်နေရာ ၈ နေရာမှာ အနိုင်ရရှိသူ စာရင်းကို ဒီနေ့ညနေမှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ရှမ်းပြည်နယ် မိုင်းရှူးမြို့နယ်က မဲရုံတစ်ရုံတွင် မဲရေတွက်နေစဉ် Photo: Thiha Tun/ RFA

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာဖို့ ကျန်နေတဲ့ လစ်လပ်နေရာ ၈ နေရာမှာ အနိုင်ရရှိသူ စာရင်းကို ဒီနေ့ညနေမှာ ထုတ်ပြန်ကြေညာ ခဲ့ပါတယ်။

၂၀၁၅ ခုနှစ်တုန်းက ရွေးကောက်ပွဲမကျင်းပနိုင်ခဲ့တဲ့ ကျေးသီးမြို့နယ် နဲ့ မိုင်းရှူးမြို့နယ်က လစ်လပ်နေရာ ၆ ခု စလုံးမှာ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီက အနိုင်ရရှိခဲ့ပါတယ်။

ရခိုင်ပြည်နယ်က တစ်ခုတည်းသော လစ်လပ်မဲဆန္ဒနယ်ဖြစ်တဲ့ အမ်းမြို့နယ် ပြည်သူ့လွှတ်တော် နေရာမှာ ရခိုင် အမျိုးသားပါတီက ဒေါက်တာအေးမောင်က အနိုင်ရရှိခဲ့တယ်လို့ ကြေညာခဲ့ပါတယ်။

ကျန်တဲ့ ချင်းပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် ၃ နေရာအတွက်ကတော့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီက အနိုင်ရရှိခဲ့ကြောင်း သိရပါတယ်။

လစ်လပ်နေရာ ၁၉ နေရာမှာ ကျင်းပခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ NLD က ၉နေရာ၊ SNLD က ၆နေရာ၊ USDP က ၂နေရာ၊ ရခိုင်ပါတီ နဲ့ ကယားပါတီက တစ်နေရာစီ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org