မင်းကင်းမြို့နယ်မှာ ဒေသခံတစ်ဦး ဖမ်းဆီးခံရ
စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ် တောင်စာရေးကျေးရွာက အသက် ၄၀ ခန့်အရွယ် ဦးနိုင်နိုင်ဝင်း ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စက်တင်ဘာ ၂၁ ရက် ဒီနေ့မနက် ၁၁ နာရီလောက်မှာ ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
- 2021-09-21
-
-
-
မင်းကင်းမြို့နယ်က ရွာတွေထဲ စစ်ကောင်စီတပ်စွဲထားလို့ ထွက်ပြေးနေကြရတဲ့ ဒေသခံတွေကို တွေ့ရစဉ်
Photo: CJ
စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ် တောင်စာရေးကျေးရွာက အသက် ၄၀ ခန့်အရွယ် ဦးနိုင်နိုင်ဝင်း ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စက်တင်ဘာ ၂၁ ရက် ဒီနေ့မနက် ၁၁ နာရီလောက်မှာ ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကလေးဝ-မုံရွာ အာရှလမ်းမကြီးပေါ်မှာ ဆိုင်ကယ်နဲ့ သွားနေရာကနေ ဖမ်းဆီးခံရတာဖြစ်ပြီးတော့ ကလေးမြို့ နယ် ရဲစခန်းကို ခေါ်သွားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
"ကားလမ်းပေါ်မှာ ဖမ်းခံရတာ။ ဆိုင်ကယ်တွေလည်း ယူသွားတယ်။ စစ်သားအယောက် ၉၀ လောက် ခြေကျင်လာတာ။ မြေနီရွာက နေအိမ်တွေလည်း ဝင်ရှာသွားတယ်"
သူ ဘာကြောင့် ဖမ်းဆီးခံရတယ်ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
မင်းကင်းမြို့မှာတော့ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးခံရသူ အနည်းဆုံး လူဦးရေ ၁၀၀ ခန့်ရှိပြီလို့ ဒေသခံတွေက ပြောပါတယ်။