လမ်းပြအဖြစ် ဖမ်းဆီးခံရတဲ့ အရှေ့စည်းရွာသားနှစ်ဦး သေဆုံး
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ အရှေ့စည်းရွာက ရွာသားနှစ်ဦးကို စက်တင်ဘာလ ၇ ရက် မနေ့မှာ စစ်ကောင်စီတပ်သားတွေက လမ်းပြအတွက် ဖမ်းဆီးခေါ်ဆောင် သွားပြီးနောက် သေဆုံးသွားတယ်လို့ ကလေးမြို့ဒေသခံတွေက RFA ကို ပြော ပါတယ်။
- 2021-09-08
-
-
-
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ အရှေ့စည်းရွာက ရွာသားနှစ်ဦးကို စက်တင်ဘာလ ၇ ရက် မနေ့မှာ စစ်ကောင် စီတပ်သားတွေက လမ်းပြအတွက် ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် သေဆုံးသွားတယ်လို့ ကလေးမြို့ဒေသခံ တွေက RFA ကို ပြောပါတယ်။
သေဆုံးသွားသူနှစ်ဦးဟာ အသက် ၄၈ နှစ်အရွယ် ဦးဝင်းအောင်နဲ့ အသက် (၂၄) နှစ်ခန့်အရွယ် ကိုရှိုင်း ဝဏ္ဏအောင် တို့ တူအရီးတွေဖြစ်ပြီး စက်တင်ဘာ ၈ ရက် ဒီကနေ့မှာမှ သေဆုံးနေတဲ့အလောင်းတွေကို တွေ့ရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“ဒိုးနွယ်ရွာထဲမှာ တပ်စွဲထားတာ ပြန်သွားတယ်ကြားလို့ ဒေသခံတွေ ဒီမနက်သွားကြည့်တဲ့အခါ တွေ့ကြ ရတာ၊ ဦးလေးဖြစ်သူရဲ့အလောင်းကို ဒိုးနွယ်ရွာထဲမှာတွေ့ရတယ် တူကတော့ ဒိုးနွယ်ရွာအဝင်မှာ တွေ့ရ တယ်၊ နှစ်ဦးလုံး ရိုက်နှက်ခံထားရတဲ့ ဒဏ်ရာတွေတွေ့တယ်၊ အလောင်းကတော့ ရွာကိုပြန်မသယ်ရ သေးဘူး၊ စစ်သားတွေက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကို ဖမ်းမိတယ်ဆိုပြီး ရွာသားတွေကို ဖမ်းတာပါ၊ သူတို့က ကာကွယ်ရေးတပ်ဖွဲ့နဲ့ မပတ်သက်ဘူး၊ ပြည်သူတွေပါ၊ ဒီကနေ့မနက်မှာလည်း တင်သားရွာက မီးခိုးတွေတွေ့ရတယ်၊ ဘာတွေရှို့နေလဲမသိသေးဘူး” လို့ ဒေသခံက ဆိုပါတယ်။
စစ်ကောင်စီတပ်သား (၁၅၀) လောက်ဟာ ပြီးခဲ့တဲ့အပတ်ကတည်းက ဒိုးနွယ်၊ အရှေ့စည်း စတဲ့ရွာတွေအနီးမှာ လှည့်ပတ်နေပြီး လက်နက်ကြီးနဲ့ပစ်တာ၊ နေအိမ်တွေကိုမီးရှို့တာနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ ဆက်နွယ် တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ဖမ်းဆီးတာတွေပြုလုပ်နေလို့ ရွာပေါင်း (၁၀) ရွာလောက်က ဒေသခံ ၂၀၀၀ ခန့် ရှောင်တိမ်းနေကြရတာပါ။
ဒါ့အပြင် တင်သားရွာမှာ အဖွဲ့နှစ်ဖွဲ့ခွဲပြီး တပ်စွဲထားတဲ့အထဲက တစ်ဖွဲ့ကတော့ ဒီကနေ့မနက်မှာ ပြန်ထွက်သွား ပေမယ့် တင်သားရွာသား ကိုးဦးနဲ့ အရှေ့စည်းရွာသား နှစ်ဦးကိုတော့ စစ်ကောင်စီက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကလေးမြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ စက်တင်ဘာလ ၇ ရက်နေ့ မနေ့က ထုတ်ပြန်ချက်မှာတော့ ကျောက်ဖူးရွာနဲ့ ဒိုးနွယ်ရွာကြားကိုရောက်ရှိလာတဲ့ စစ်ကောင်စီတပ်သားတွေကို မိုင်းခွဲတိုက်ခိုက်ခဲ့ရာမှာ စစ်သား လေးဦး သေဆုံးပြီး ၁၀ ဦးကျော် ဒဏ်ရာရရှိသွားတယ်လို့ ဖော်ပြထားပါတယ်။