တောင်ဒဂုံမှာ လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ်နေကြောင်း ဒေသခံတွေပြော
ရန်ကုန်၊ တောင်ဒဂုံမြို့နယ်ထဲမှာ ဒီကနေ့ စစ်တပ်နဲ့ ရဲတွေ ဝင်ရောက်ပစ်ခတ်ရာမှာ လက်နက်ကြီးတွေ အသုံးပြုပြီး ပစ်ခတ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။
- 2021-03-29
-
-
-
ရန်ကုန်၊ တောင်ဒဂုံမြို့နယ်ထဲမှာ ဒီကနေ့ စစ်တပ်နဲ့ ရဲတွေ ဝင်ရောက်ပစ်ခတ်စဥ်။
Photo: Citizen Journalist
ရန်ကုန်၊ တောင်ဒဂုံမြို့နယ်ထဲမှာ ဒီကနေ့ စစ်တပ်နဲ့ ရဲတွေ ဝင်ရောက်ပစ်ခတ်ရာမှာ လက်နက်ကြီးတွေ အသုံးပြုပြီး ပစ်ခတ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့က သေနတ်၊ လက်ပစ်ဗုံးတွေအပြင် လက်နက်ကြီးတွေပါ သုံးစွဲပစ်ခတ်ပြီး ရပ်ကွက်လမ်းသွယ်တွေ၊ နေအိမ်တွေထဲထိ ပစ်ခတ်နေတာလို့ ဆိုပါတယ်။
လက်နက်ကြီးတွေပါ သုံးစွဲ ပစ်ခတ်တယ်ဆိုတဲ့ ပြောဆိုချက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ တုန့်ပြန်ချက်ကိုတော့ RFA က မသိရသေးပါဘူး။ စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ တောင်ဒဂုံမြို့နယ်ထဲမှာ ဒီကနေ့ ပစ်ခတ်မှုကြောင့် နှစ်ဦးသေဆုံးတယ်လို့ ကနဦးသတင်းရရှိပါတယ်။