တောင်ဒဂုံမြို့နယ်မှာ ကျူးကျော်နေထိုင်သူ မူရင်းစာရင်းထက်များနေ
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်တောင် ပိုင်းမြို့နယ်၊ ကျူးကျော်နေထိုင်သူစာ ရင်းတွေ ကောက်ယူရာမှာ ပဏာမကောက်ယူထားတဲ့ စာရင်းတွေထက် အိမ်ထောင်စု ၁၀၀၀ ကျော် ပိုများလာ တယ်လို့ မြို့နယ်အုပ်ချုပ်ရေးက ပြောပါတယ်။
-
2016-09-23 -
-
-
ရန်ကုန်မြို့ ဒဂုံမြို့နယ်အတွင်းက ကျူးကျော်နေအိမ်တွေကို တွေ့ရစဉ်
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ ကျူးကျော်နေထိုင်သူစာရင်းတွေ ကောက်ယူရာမှာ ပဏာမကောက်ယူထားတဲ့စာရင်းတွေထက် အိမ်ထောင်စု ၁၀၀၀ ကျော် ပိုများလာတယ်လို့ မြို့နယ်အုပ်ချုပ်ရေး က ပြောပါတယ်။
ပုဂ္ဂလိကပိုင်မြေမှာဝင်နေတဲ့ ကျူးကျော်တွေနဲ့ ဌာနဆိုင်ရာမြေတွေမှာ ဝင်နေတဲ့ ကျူးကျော်တွေကိုပါ စာရင်းကောက် ယူခဲ့တာဖြစ်ပြီး ရပ်ကွက် ၂၄ ရပ်ကွက်မှာ အိမ်ထောင်စု ၅၅၀၀ ကျော်နဲ့ လူဦးရေ ၂၂၀၀၀ ကျော် ကောက်ယူရရှိ ခဲ့တယ်လို့ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ဇောလှ က ပြောပါတယ်။
"အခုက အကုန်လုံးကိုကောက်တာ၊ ပုဂ္ဂလိကကျူးကိုလည်းကောက်တယ်၊ ဌာနဆိုင်ရာကျူးတွေကို ပါ ကောက်တာ၊ ရပ်ကွက်ကတော့ ၂၄ ရပ်ကွက်နော်၊ ကတ်ထုတ်ပေးတာ ၅၅၉၁ အိမ်ထောင်စု၊ 'ကျား' က ၁၈၀၇၂၊ 'မ' က ၁၁၄၅၄ စုစုပေါင်းက ၂၂၃၂၆ ပါ"
ကျူးကျော်နေထိုင်သူစာရင်းတွေကို ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက ပဏာမ စာရင်း ကောက်ယူပြီး မြို့နယ် အုပ်ချုပ်ရေးမှူးထံ တင်ပြကြရာမှာ ရပ်ကွက် ၂၀ မှာ အိမ်ထောင်စု ၃၈၀၀ နီးပါး ရှိတယ်ဆိုပြီး ရရှိထား တာ ဖြစ်ပါတယ်။
ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်မှာ ရပ်ကွက် ၃၂ ခု ရှိပြီး ကျူးကျော်တွေရှိတဲ့ ရပ်ကွက် ၂၄ ခုမှာစာရင်းတွေ ကောက် ယူခဲ့တာ ဖြစ်ပါတယ်။
ကျူးကျော်စာရင်းတွေကို ခရိုင်အဆင့်က သင်တန်းပေးထားတဲ့အဖွဲ့က စက်တင်ဘာလ ၂ ရက်နေ့ကစပြီး ၂ ပတ်ကျော်ကြာ ကောက်ယူခဲ့တာ ဖြစ်ပါတယ်။