မြန်မာနိုင်ငံ ပြုပြင်ပြောင်း လဲရေး တောင်ကိုရီးယား ပံ့ပိုးကူညီမည်
မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွါးရေးနဲ့စီမံ ခန့်ခွဲမှု ပြုပြင်ပြောင်း လဲရေးမှာ ပိုမိုပံ့ပိုး ကူညီမယ်လို့ တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ယုန်ဗြောင်ဆီ ကမနေ့ကပြော လိုက်ပါတယ်။
-
2014-06-06 -
-
-
မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွါးရေးနဲ့စီမံခန့်ခွဲ မှု ပြုပြင်ပြောင်းလဲရေးမှာ ပိုမိုပံ့ပိုးကူညီမယ် လို့ တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ယုန်ဗြောင်ဆီ ကမနေ့ကပြောလိုက်ပါတယ်။
မြန်မာနဲ့ တာင်ကိုရီးယားနိုင်ငံခြားရေး ဝန်ကြီးနှစ်ဦး နေပြည်တော်ကတွေ့ဆုံဆွေးနွေးပွဲ မှာ ပြောလိုက် တာပါ။ ဒါ့အပြင် ပြီးခဲ့တဲ့နှစ်တွေအတွင်း တိုးပွါးလာတဲ့တောင်ကိုရီးယားရဲ့ရင်းနှီးမြှုပ်နှံမှု၊ ဖွံ့ဖြိုးရေး အကူအညီ၊ သံတမန် ဆက်ဆံရေးနဲ့ နှစ်နိုင် ငံပြည်သူချင်းဆက်ဆံရေးတွေနဲ့ပတ်သက်လို့လဲ အားရကျေနပ်ကြောင်း ပြောဆိုခဲ့ကြ ပါတယ်။
တောင်ကိုရီးယားသမ္မတ ချန်ဒူးဝမ်ခေါင်းဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ ချစ်ကြည်ရေးခရီးအဖြစ် ၁၉၈၃ ခုနှစ် မှာမြန်မာနိုင်ငံကိုလာခဲ့စဉ်က မြောက်ကိုရီးယားသူလျှိုတွေရဲ့ လုပ်ကြံတိုက်ခိုက်မှုကြောင့် သေဆုံးသွားသူတွေ အတွက် ရန်ကုန်မြို့အာဇာနည်ကုန်းမှာတည်ဆောက်ထားတဲ့ အထိမ်းအမှတ် ကျောက်တိုင်ဖွင့်ပွဲကို ဒီနေ့ကျင်းပ မှာဖြစ်တဲ့အတွက် တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံကိုရောက်နေတာဖြစ်ပါတယ်။ သူနဲ့အတူ အဲဒီအချိန်ကသေဆုံးသူတွေရဲ့မိသားစုဝင် ၂၃ ယောက်လည်းလိုက်ပါလာပါတယ်။
အဲဒီအထိမ်းအမှတ်ကျောက်တိုင်ကို တောင်ကိုရီးယားမှာထုဆစ်ပြီး ပြီးခဲ့တဲ့မေလက မြန်မာနိုင်ငံကို သယ်လာခဲ့တာ ပါ။ စတုရန်းပေ ၈၅၀ ဝန်းကျင်အကျယ်ရှိတဲ့ အထိမ်းအမှတ်နေရာ တည်ဆောက်ရေးအတွက် တောင်ကိုရီးယား အစိုးရက ဒေါ်လာ ၇ သိန်းကျော်သုံးစွဲခဲ့ပါတယ်။