မြန်မာနိုင်ငံမှာ ဖမ်းဆီးခံရတဲ့ တောင်ကိုးရီးယား ၁၉ ဦးကိုကယ်တင်နိုင်ခဲ့

တာချီလိတ်မြို့က တရားမဝင်ကုမ္ပဏီတစ်ခုမှာ ဖမ်းဆီးခံထားရတဲ့ တောင်ကိုးရီးယားနိုင်ငံသား ၁၉ ဦးကို ပြန်လည်ကယ်ထုတ်နိုင်ခဲ့ပြီလို့ တောင်ကိုးရီးယား နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

ပြန်လည်ကယ်ထုတ်နိုင်ခဲ့သည့် တောင်ကိုရီးယားနိုင်ငံသားများအား တွေ့ရစဉ်။ India Times

ရှမ်းပြည်နယ် တာချီလိတ်မြို့က တရားမဝင် ကုမ္ပဏီတစ်ခုမှာ ဖမ်းဆီးခံထားရတဲ့ တောင်ကိုးရီးယား နိုင်ငံသား ၁၉ ဦးကို ပြန်လည် ကယ်ထုတ်နိုင်ခဲ့ပြီလို့ တောင်ကိုးရီးယား နိုင်ငံခြားရေးဝန်ကြီးက မနေ့က ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ အစောပိုင်းမှာ သူတို့နိုင်ငံသား ၁၉ ဦး အဖမ်းခံထားရကြောင်း တောင်ကိုးရီးယား အစိုးရက သတင်းရခဲ့တာကြောင့် အဖမ်းခံထားရသူတွေကို ကယ်ထုတ်ပေးဖို့ မြန်မာ အာဏာပိုင်တွေဆီ အကြောင်းကြားခဲ့တာ ဖြစ်ပါတယ်။

မြန်မာအာဏာပိုင်တွေက အဲဒီ တရားမဝင် ကုမ္ပဏီကို အောက်တိုဘာ လကုန်ပိုင်းမှာ ဝင်ရောက်စီးနင်းခဲ့ပြီး၊ ဖမ်းဆီးခံထားရသူတွေကို နိုဝင်ဘာလ ၁၃ ရက် မနေ့က ရန်ကုန်ကို ပြန်ကယ်ထုတ်ထားပြီလို့ သတင်းမှာ ဖော်ပြပါတယ်။

အဲဒီ တရားမဝင် ကုမ္ပဏီနဲ့ ပတ်သက်လို့ တောင်ကိုးရီးယား အစိုးရဘက်က ဘာမှ ထုတ်ပြန်ပြောဆိုတာ မရှိပါဘူး။

ထိုင်း မြန်မာနယ်စပ်မှာ တရားမဝင် ကုမ္ပဏီ၊ အဖွဲ့အစည်းတွေ ရှိနေပြီး သူတို့တွေဟာ မူးယစ်ဆေးဝါး၊ လူကုန်ကူးမှုနဲ့ အွန်လိုင်းငွေလိမ်တဲ့ အလုပ်တွေ လုပ်နေကြတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org