ဖမ်းဆီးထားသူတွေ လွှတ်ပေးဖို့ ရှမ်းပြည်နယ်တိုးတက်ရေး ပါတီ တောင်းဆို

ရှမ်းလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ ရှမ်းပြည်နယ်တိုးတက်ရေးပါတီ SSPP က အစိုးရတပ် ဖမ်းဆီးထားတဲ့ အရပ်သား ၈ ဦး နဲ့ SSPP တပ်သား ၂၈ ဦး ကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ တောင်းဆို ထားတဲ့ စာတစ်စောင်ကို နိုင်ငံတော်သမ္မတ ဦးထင်ကျော် နဲ့ နိုင်ငံတော်အကြံပေးပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တို့ထံ ပေးပို့ထားတယ်လို့ ပြောဆိုကြောင်း Business Standard သတင်းက ဖော်ပြပါတယ်။

SSPP/SSA တပ်ဖွဲ့ဝင်တွေကို တွေ့ရစဉ် Photo: Kan Thar/RFA

ရှမ်းလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ ရှမ်းပြည်နယ်တိုးတက်ရေးပါတီ SSPP က အစိုးရတပ် ဖမ်းဆီးထားတဲ့ အရပ်သား ၈ ဦး နဲ့ SSPP တပ်သား ၂၈ ဦး ကို အမြန်ဆုံးပြန်လွှတ်ပေးပို့ တောင်းဆိုထားတဲ့ စာတစ်စောင် ကို နိုင်ငံတော်သမ္မတ ဦးထင်ကျော်နဲ့ နိုင်ငံတော်အကြံပေးပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တို့ထံ ပေးပို့ထားတယ် လို့ ပြောဆိုကြောင်း Business Standard သတင်းက ဖော်ပြပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂ ရက်နေ့က ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့နယ်က ပန်ဆွန်ကျေးရွာက ရွာသား ၈ ယောက် ကို SSPP တပ်ကို ကူညီမှုနဲ့ စွပ်စွဲဖမ်းဆီးပြီး၊ မတရားအသင်းဆက်သွယ်မှုနဲ့ တရားစွဲဆိုထားတယ်လို့ ဆိုပါတယ်။ အခုအခါ သူတို့ကို လားရှိုးအကျဉ်းထောင်ကို ပို့ထားတယ်လို့လည်း သတင်းမှာဖော်ပြပါတယ်။

ပြည်တွင်းငြိမ်းချမ်းရေးရရှိဖို့ ကြိုးပမ်းနေကြစဉ်အတွင်း အခုလို အဖမ်းအဆီးတွေ ဆက်လက်ပေါ်ပေါက်နေတဲ့ အပေါ် စိတ်ပျက်ရကြောင်းလည်း ပေးစာမှာ ဖော်ပြထားတယ်လို့ ဆိုပါတယ်။

အဲ့ဒီစာကို သမ္မတရုံးအပြင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ အရှေ့မြောက်ပိုင်း တိုင်းမှူးနဲ့ SNLD ပါတီ ဥက္ကဌ ဦးခွန်ထွန်းဦးတို့ထံကိုလည်း ပေးပို့ခဲ့တယ်လို့ SSPP ပြောခွင့်ရသူက ပြောဆိုပါတယ်။

သမ္မတရုံးညွှန်ကြားရေးမှူး ဦးဇော်ဌေးကတော့ အဲ့ဒီစာကိုမရရှိကြောင်း ပြောဆိုခဲ့တယ်လို့လည်း သတင်းမှာ ဖော်ပြ ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org