နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ချက် သမ္မတနိုင်ငံကို သွားရောက်ဖွယ်ရှိ

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့် အောက်တိုဘာလ ၁၁ ရက်နေ့မှာ ချက် သမ္မတနိုင်ငံကို သွားရောက်ဖွယ်ရှိတယ်လို့ ချက်နိုင်ငံထုတ် Prague Daily Monitor သတင်းစာက ဖေါ်ပြပါတယ်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကို တွေ့ရစဉ် Photo: Myanmar State Counsellor Office's Facebook

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့် အောက်တိုဘာလ ၁၁ ရက်နေ့မှာ ချက် သမ္မတနိုင်ငံကို သွားရောက်ဖွယ်ရှိတယ်လို့ ချက်နိုင်ငံထုတ် Prague Daily Monitor သတင်းစာက ဖေါ်ပြပါတယ်။

ချက်နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံကို ပြီးခဲ့တဲ့ နှစ်က လာရောက်ခဲ့စဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ကြားခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့ ရခိုင်ပြည်နယ် ပဋိပက္ခကြောင့် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ခရီးစဉ်ကို ဖျက်သိမ်းကောင်း ဖျက်သိမ်းနိုင်တယ်လို့ သတင်းစာက ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၁၃ ခုနှစ်က ချက်သမ္မတ နိုင်ငံကို သွားရောက်လည်ပတ်ခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org