ရန်ကုန်တိုင်းအစိုးရနဲ့ Eleven ကိစ္စ သတင်းမီဒီယာကောင်စီကို တိုင်ကြားဖို့ ညွှန်ကြား

ရန်ကုန်တိုင်းဒေသကြီးအစိုးရနဲ့ Weekly Eleven ဂျာနယ်ကိစ္စကို အရင်ဆုံးသတင်းမီဒီယာကောင်စီ ကို တိုင်ကြားဖို့ ပြည်ထောင်စုအစိုးရအဖွဲ့က ညွှန်ကြားချက်ထုတ်လိုက်ပါတယ်။

Eleven မီဒီယာက သတင်းသမား ၃ ဦးကို ၂ဝ၁၈ ခုနှစ် အောက်တိုဘာလ ၁၇ ရက်နေ့က တာမွေမြို့နယ်တရားရုံးမှာ ရုံးထုတ်ခဲ့စဉ် Photo: Kyaw Lwin Oo/RFA

ရန်ကုန်တိုင်းဒေသကြီးအစိုးရနဲ့ Weekly Eleven ဂျာနယ်ကိစ္စကို အရင်ဆုံးသတင်းမီဒီယာကောင်စီကို တိုင်ကြားဖို့ ပြည်ထောင်စုအစိုးရအဖွဲ့က ညွှန်ကြားချက်ထုတ်လိုက်ပါတယ်။

ပြည်ထောင်စုအစိုးရအဖွဲ့ အမြဲတမ်းအတွင်းဝန် ဦးဇော်သင်း လက်မှတ်ရေးထိုးပြီး အောက်တိုဘာလ ၁၇ ရက်နေ့ ရက်စွဲနဲ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကို ညွှန်ကြားလိုက်တာလို့ သိရပါတယ်။

ဒီညွှန်ကြားချက်နဲ့ ပတ်သက်လို့ ပြည်ထောင်စု အစိုးရအဖွဲ့ရုံး အမြဲတမ်းအတွင်းဝန်ကို RFA က ဆက်သွယ်မေးမြန်း ရာမှာတော့ သီးခြားမှတ်ချက်မပေးလိုကြောင်း ပြောကြားခဲ့ပါတယ်။

ဒီနေ့မနက်မှာတော့ Weekly Eleven ဂျာနယ်ဆောင်းပါးကြောင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ဂုဏ်သိက ္ခာကျဆင်းရတယ်ဆိုပြီး အမှုတရားလိုဖြစ်တဲ့ တိုင်းဒေသကြီး အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးအောင်ကျော်ခိုင်က သတင်းမီဒီယာကောင်စီကို ညှိနှိုင်းဆောင်ရွက်ပေးဖို့ ဒီနေ့အကြောင်းကြားခဲ့တယ်လို့ သိရပါတယ်။

သတင်းမီဒီယာဥပဒေပုဒ်မ ၉ ပါ သတင်းမီဒီယာသမားတစ်ဦးရဲ့ တာဝန်နဲ့ ကျင့်ဝတ်စည်းကမ်းတွေကို ချိုးဖောက် တာကြောင့် ညှိနှိုင်းဖြေရှင်းအရေးပေးဖို့ဆိုပြီး ရန်ကုန်တိုင်းအစိုးရအဖွဲ့ ကိုယ်စား ညွှန်ကြားရေးမှူး ဦးအောင်ကျော်ခိုင် က တိုင်ကြားခဲ့တာလို့ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ အတွင်းရေးမှူး ဦးကျော်စွာမင်းက RFA ကိုပြောပါတယ်။

သတင်းမီဒီယာဥပဒေမှာ တရားရုံးရောက်တဲ့အမှုတွေဆိုရင် ရုပ်သိမ်းပေးရတာကြောင့် ဒီအမှုကို ရန်ကုန်တိုင်းအစိုးရ က ရုပ်သိမ်းပေးဖို့ ကိစ္စကို မနက်ဖြန်မှာ ထပ်မံတွေဆုံသွားဖို့ရှိတယ်လို့လည်း ဦးကျော်စွာမင်းကပြောပါတယ်။

အောက်တိုဘာလ ၈ ရက်နေ့ထုတ် Eleven မီဒီယာမှာ အကြီးတန်းအယ်ဒီတာ ဖြိုးေ၀ ရေးသားခဲ့တဲ့ "အမြဲရှုံးနေတဲ့ စက်သုံးဆီဆိုင်တွေ ပိတ်ရေး၊ ငွေချေးသူ ဘယ်သူမှန်းမသိတဲ့ ကျောင်းကားနဲ့ လူနာမည်ပေါက် ပြည်သူ့ရှယ်ယာ" သတင်းသုံးသပ်ချက်ဆောင်းပါးဟာ ရန်ကုန်တိုင်းအစိုးရကို အကြည်ညိုပျက်အောင်လုပ်တယ်ဆိုပြီး ရန်ကုန်တိုင်း အစိုးရအဖွဲ့က ၅၀၅ (ခ)နဲ့ တရားစွဲဆိုထားတာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org