မြို့နယ် ၄၄ ခုကို နေအိမ်မှာနေထိုင်ရေး Stay at Home ပယ်ဖျက်

ကိုဗစ် - ၁၉ ရောဂါကြောင့် နေအိမ်မှာနေထိုင်ရေး (Stay at Home) အဖြစ် သတ်မှတ်ထားတဲ့အထဲက မြို့နယ် ၄၄ ခုကို အောက်တိုဘာလ ၂၈ ရက် ဒီနေ့မနက် ၄ နာရီကစပြီး ပယ်ဖျက်လိုက်ကြောင်း စစ်ကောင်စီရဲ့ ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

မန္တလေးမြို့၊ စျေးချိုနာရီစင်အနီး မြင်ကွင်းကို ၂၀၂၀၊ နိုဝင်ဘာ ၁၉ ရက်နေ့က တွေ့ရစဉ်

ကိုဗစ် - ၁၉ ရောဂါကြောင့် နေအိမ်မှာနေထိုင်ရေး (Stay at Home) အဖြစ် သတ်မှတ်ထားတဲ့အထဲက မြို့နယ် ၄၄ ခုကို အောက်တိုဘာလ ၂၈ ရက် ဒီနေ့မနက် ၄ နာရီကစပြီး ပယ်ဖျက်လိုက်ကြောင်း စစ်ကောင်စီရဲ့ ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

လွန်ခဲ့တဲ့ နှစ်ပတ်အတွင်း ဓာတ်ခွဲအတည်ပြုချက်တွေအရ ကိုဗစ် - ၁၉ ရောဂါကူးစက်ဖြစ်ပွားမှု လျော့နည်း လာတာကြောင့် ပယ်ဖျက်ပေးလိုက်တာလို့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

Stay at Home ပယ်ဖျက်ပေးလိုက်တဲ့ မြို့နယ်တွေက ရန်ကုန်တိုင်းမှာ တိုက်ကြီး၊ မင်္ဂလာဒုံ၊ ရွှေပြည်သာ၊ လှိုင်သာယာ၊ အင်းစိန်၊ တာမွေ၊ တောင်ဥက္ကလာပ၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)၊ မင်္ဂလာတောင်ညွန့်၊ မြောက်ဥက္ကလာပ၊ ရန်ကင်း၊ သာကေတ၊ သင်္ဃန်းကျွန်း၊ ခရမ်း၊ ကမာရွတ်၊ ကြည့်မြင်တိုင်၊ စမ်းချောင်း၊ ဗဟန်း၊ မရမ်းကုန်းနဲ့ လှိုင်မြို့နယ်တို့ ဖြစ်ပါတယ်။

မန္တလေးတိုင်းမှာ ချမ်းမြသာစည်၊ ချမ်းအေးသာစံ၊ ပြည်ကြီးတံခွန်၊ မဟာအောင်မြေ၊ အောင်မြေသာစံ၊ ပုသိမ်ကြီး၊ အမရပူရ၊ မြင်းခြံ၊ ပျော်ဘွယ်နဲ့ ရမည်းသင်းမြို့နယ်တွေ ဖြစ်ပြီး ပဲခူးတိုင်းမှာ တောင်ငူ၊ ကျောက်တံခါး၊ ညောင်လေးပင်၊ ဝေါ၊ မင်းလှ၊ လက်ပံတန်း၊ သာယာ၀တီနဲ့ အုတ်ဖိုမြို့နယ်၊ ဧရာတီတိုင်းမှာ ဘိုကလေးနဲ့ ဟင်္သာတမြို့နယ်၊ မကွေးတိုင်းမှာ ပွင့်ဖြူမြို့နယ်နဲ့ စစ်ကိုင်းတိုင်းက ဟုမ္မလင်းမြို့နယ်တို့ ဖြစ်ပါတယ်။

အလားတူ ချင်းပြည်နယ်က တွန်းဇံမြို့နဲ့ မွန်ပြည်နယ်က သထုံမြို့နယ်တွေလည်း ပါဝင်ပါတယ်။

အဲဒီမြို့နယ်မှာနေထိုင်တဲ့ ပြည်သူတွေဟာ နေအိမ်မှာ နေထိုင်ရေးကနေ ပယ်ဖျက်ပေးလိုက်ပေမယ့်လည်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနဲ့သက်ဆိုင်တဲ့ စည်းကမ်းတွေကိုတော့ တိကျစွာလိုက်နာရမယ်လို့လည်း ဆိုပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org