ရခိုင်ကမ်းရိုးတန်း နဲ့ မြစ်ဝကျွန်းပေါ်မှာ မိုးကြီးနိုင်

ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေ တဲ့ လေဖိအားနည်းရပ်ဝန်းကြောင့် မြန် မာနိုင်ငံ ရခိုင်ကမ်းရိုးတန်းနဲ့ မြစ်ဝ ကျွန်းပေါ်ဒေသတွေမှာ မိုးကြီးနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်ပါတယ်။

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ၂ဝ၁၇ ခု၊ ဇွန်လ ၁ဝ ရက်နေ့ ညနေ ၄ နာရီအချိန် ထုတ်ပြန်ချက်ကို တွေ့ရစဉ် ဓါတ်ပုံ - မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းကြောင့် မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်းနဲ့ မြစ်ဝ ကျွန်းပေါ်ဒေသတွေမှာ မိုးကြီးနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန် ပါတယ်။

အဲဒီလေဖိအားနည်းရပ်ဝန်းဟာ မုန်တိုင်းငယ်အဖြစ် ရောက်ရှိနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ပြောပါတယ်။

"အခုကတော့ လေဖိအားနည်းရပ်ဝန်းအနေနဲ့ပဲ ဆက်လက်တည်ရှိတယ်ပေါ့နော်။ ပိုတော့အားကောင်း လာနိုင်တဲ့ အနေထားတော့ရှိတယ်။ မုန်တိုင်းငယ်အဆင့်လောက်တော့ သူက ရောက်နိုင်တယ်ပေါ့နော်။ ဒီနေ့ ညနေပိုင်းမှာဖြစ်ဖြစ် မနက်ဖြန်အစောပိုင်းလောက်မှာ ရောက်နိုင်တဲ့ အနေထားရှိတယ်ပေါ့နော်။ ဒါ့ကြောင့်မို့လို့ ကျနော်တို့ဆီမှာ မိုးများမယ့်အနေထားပေါ့နော်။ မြန်မာနိုင်ငံ အထက်ပိုင်းတွေရော၊ အလယ်ပိုင်းတွေရော၊ ရခိုင်နဲ့ မြစ်ဝကျွန်းပေါ်ဒေသတွေမှာ မိုးပျံ့ပျံ့နှံ့နှံ့ရွာမယ်"

လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် မြန်မာနိုင်ငံ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ မိုးရွာပြီး နေရာကွက်ကျား မိုးကြီးနိုင်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒီနေ့ မနက်ပိုင်းမှာတော့ မွန်ပြည်နယ်မှာ နေရာကွက်ပြီး မိုးကြီးခဲ့ပါတယ်။ နောက် ၂ ရက်လောက်မှာတော့ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တွေမှာ မိုးများလာနိုင်တယ်လို့လည်း သိရပါတယ်။

အဲဒီမုန်တိုင်းငယ်ဟာ လာမယ့် ဇွန်လ ၁၂ ရက်နေ့ မနက်မှာ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းခြေတွေ ကို ဖြတ်ကျော်ဝင်ရောက်မှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org