သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2013-09-18
လွှတ်တော် အစည်းအဝေးတွေမှာ အစိုးရတာဝန်ရှိသူတွေက အကောင် အထည်ဖော် ဆောင်ရွက်မယ်လို့ ကတိပေးထားတဲ့ စီမံကိန်းတွေထဲက ပြီးစီးတဲ့လုပ်ငန်းတွေကို ပြည်သူ့ လွှတ်တော်က ဖွ့ဲစည်းထားတဲ့ အစိုးရရဲ့အာမခံချက်များ၊ ကတိများနဲ့ တာဝန်ခံချက်များ စိစစ်ရေးကော်မတီက ကွင်းဆင်းလေ့လာမယ်လို့ သိရပါတယ်။
2013-09-18
မြန်မာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အယောက် ၂ဝ ဟာ လာမယ့် စက်တင်ဘာလ ၂၂ ရက်နေ့ မှာ ထိုင်းနိုင်ငံ ပါလီမန် လွှတ်တော်ကို ပထမဆုံးအကြိမ် သွားရောက်လေ့လာ မယ်လို့ သိရပါတယ်။
2013-09-18
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဥရောပ ၃ နိုင်ငံခရီးကနေ ရန်ကုန်မြို့အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ဒီနေ့ည ၇ နာရီလောက်မှာ ပြန်လည်ရောက်ရှိလာပါတယ်။
2013-09-18
ပတ္တနိက္ကုဇ္ဇနကံဆောင် သပိတ်မှောက်ထားတာကို သပိတ်ပြန် လှန်ပေးဖို့အတွက်ဆိုရင် အစိုးရက တောင်းပန်ဖို့လို အပ်ကြောင်း ၂ဝဝ၇ ရွှေဝါရောင်သံဃာတော်တွေက ဒီနေ့ တောင်းဆိုလိုက်ကြပါတယ်။
2013-09-18
မြန်မာ ဗုဒ္ဓဘာသာ ရဟန်းဟံဃာတော်တွေ ကို မြန်မာနိင်ငံတွင်းက လူနည်းစု မွတ်စလင်တွေနဲ့ လူအသေ အပျောက်ဖြစ်ပေါ်စေတဲ့ အဓိကရုဏ်းတွေ အဆုံးသတ်စေဖို့ ဗုဒ္ဓဝိနည်းနဲ့အညီ ကျင့်ဆောင်သွားကြဖို့ နိုဘယ်ဆုရ တိဘက်ဘုန်းတော်ကြီး Dalai Lamaက မနေ့က မေတ္တာ ရပ်ခံ လျှောက်ထားမိန့်ကြားသွားပါတယ်။
2013-09-17
နှောင့်နှေးကြန့်ကြာနေတဲ့ မြန်မာနဲ့ ထိုင်း နှစ်နိုင်ငံနယ်စပ်မျဉ်း တိုင်းတာရေးဆွဲရေးလုပ်ငန်းကို ပြီးပြတ်အောင် နှစ်နိုင်ငံ ပူးတွဲဆောင်ရွက်သွားမယ်လို့ မြန်မာတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောကြားကြောင်း ဘန်ကောက်ပို့စ် သတင်းစာ က ဖော်ပြပါတယ်။
2013-09-17
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည်ဟာ လာမယ့် ဒီဇင်ဘာလ အတွင်း သြစတြေးလျနိုင်ငံကို လာရောက်လည်ပတ်ဖွယ် ရှိကြောင်း သြစတြေးလျသတင်းစာ The Age က ဖော်ပြ ပါတယ်။
2013-09-17
မြန်မာနိုင်ငံမှာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ် ပိုပြီးခရီးရောက်အောင် ချက်သမ္မတနိုင်ငံအနေနဲ့ ပံ့ပိုးကူညီဖို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြော ကြားလိုက်ပါတယ်။
2013-09-17
လာမယ့် စက်တင်ဘာလ ၂၁ ရက်နေ့မှာ ကျရောက်မယ့် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ရန်ကုန်မြို့ ပြည်သူ့ဥယျာဉ်မှာ ကျင်းပမှာဖြစ်သလို မြို့တော်ခန်းမ ရှေ့ကနေ ပြည်သူ့ဥယျာဉ်အထိ လမ်းလျှောက်ချီတက်ပွဲလည်း ကျင်းပမယ်လို့ ပွဲဖြစ်မြောက်ရေး စီစဉ်သူတွေက ပြောပါတယ်။
2013-09-17
အိန္ဒိယနယ်စပ်အနီး ချင်းပြည်နယ် ထန်တလန်မြို့ ဇာနတ်တောင်ကြောမှာရှိတဲ့ ချင်းရွာ ၇ ရွာမှာ စားနပ်ရိက္ခာရှားပါးမှုနဲ့ ရင်ဆိုင်နေရပြီး လူဦးရေသုံးထောင်ကျော်လောက် ဒုက္ခရောက်နေကြရတယ် လို့ ဒေသခံတွေက RFA ကို ဒီနေ့ ပြောပါတယ်။
2013-09-17
စက်တင်ဘာလ ၁၃ ရက်နေ့ က ကော့သောင်းအကျဉ်းထောင်တွင်းမှာ အကျဉ်းသားတွေနဲ့ ထောင်အာဏာပိုင်တွေအကြား ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခနဲ့ပတ်သက်ပြီး အဲဒီအမှုကို အမြန်ဆုံးဖော် ထုတ်ပေးဖို့အတွက် ဒီနေ့ ကော့သောင်းမြို့မှာ မြို့ခံတွေ စုပေါင်းပြီး သမ္မတထံ စာရေးသားတင်ပြဖို့ လက်မှတ်တွေကောက်ခံခဲ့ပါတယ်။
2013-09-17
ထိုင်းနိုင်ငံ ကန်ချနာပူရီနဲ့ မြန်မာနိုင်ငံ ထားဝယ်ရေနက်ဆိပ်ကမ်းတို့ကို ဆက်သွယ်ဖို့ ဖောက်လုပ်နေတဲ့ အဝေးပြေးလမ်းမတစ်လျှောက်မှာရှိတဲ့ သဗြုချောင်း နဲ့ ရေပုတ်ကျေးရွာကြား အရှည် ၁၃ မိုင်လောက်ကို မြေ ယာလျော်ကြေးမရတဲ့ ဒေသခံရွာသားတွေက သစ်တုံးတွေနဲ့ ပိတ်ဆို့ထားလိုက်တယ်လို့ သိရပါတယ်။
2013-09-17
ရှမ်း၊ ကယားနဲ့ မွန်ပြည်နယ်က တိုင်းရင်းသားပါတီတွေနဲ့ လက်နက်ကိုင် အင်အားစုတွေ ပါဝင်ဆွေးနွေးကြမယ့် "ယုံကြည်မှုဖြင့် ငြိမ်းချမ်းရေးတည်ဆောက်ခြင်း" ဆွေးနွေးပွဲကို ရှမ်းပြည်နယ် အစိုးရက ကျင်းပခွင့်ပြုလိုက်ပြီလို့ သိရပါတယ်။
2013-09-17
အောက်တိုဘာ ပထမအပတ်ထဲမှာ အစိုးရနဲ့ ကေအိုင်အို ကချင်လွတ်မြောက်ရေးအဖွဲ့တို့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကျင်းပဖို့ ဒီနေ့ နှစ်ဘက်ကိုယ် စားလှယ်တွေ ဆွေးနွေးသဘောတူလိုက်ကြတယ်လို့ သိရပါတယ်။
2013-09-17
လွှတ်တော်ကနေ တင်ပြထားတဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေကို သမ္မတ ဦးသိန်းစိန် လက်မှတ်ရေးထိုးပြီး ဒီနေ့ စက်တင်ဘာလ ၁၇ ရက်နေ့မှာ အတည်ဖြစ်ကြောင်း ကြေညာလိုက် ပါတယ်။