သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2013-09-17
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ငြိမ်း ချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်း စုကြည်ဟာ ချက်သမ္မတနိုင်ငံ ပရပ်မြို့မှာကျင်းပနေတဲ့ Forum 2000 ညီလာခံ ဒုတိယ မြောက်နေ့မှာ “The Road to Good Governance” အုပ်ချုပ်ရေးစနစ်ကောင်းတစ်ရပ်ဆီ သွားရာလမ်းဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးခဲ့ပါတယ်။
2013-09-16
ချက်သမ္မတနိုင်ငံကိုရောက်ရှိနေ တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ တိဘက်ဘာသာရေးခေါင်းဆောင် ဒလိုင်လားမားနဲ့ မနေ့က တွေ့ဆုံခဲ့ပါတယ်။
2013-09-16
ကုလသမဂ္ဂ နိုင်ငံတကာအနုမြူအေဂျင်စီ IAEA အနေနဲ့ မြန်မာနိုင်ငံမှာ ဝင်ရောက် စစ်ဆေးခွင့် ကျယ်ကျယ်ပြန့်ပြန့် ရရှိတော့ မှာဖြစ်ပါတယ်။ မြန်မာနဲ့ IAEA ကြား နောက်ဆက်တွဲ သဘောတူညီချက်တစ်ရပ်ကို လာမယ့် သီတင်းပတ်အတွင်း လက်မှတ်ရေးထိုးကြမှာဖြစ်ပါတယ်။
2013-09-16
ချင်းပြည်နယ်၊ တီးတိန်မြို့နယ် က မြွေတောင်၊ ဖားတောင် နီကယ်သတ္တု စီမံကိန်းကို အကောင်အထည်ဖော်တဲ့အခါ ဒေသခံတွေရဲ့ အကျိုးစီးပွားကို ထည့်သွင်းစဉ်းစားဖို့နဲ့ လုပ်ပိုင်ခွင့်ကိုလည်း တင်ဒါစနစ်နဲ့ ခေါ်ယူသင့်တယ်လို့ ချင်းအမျိုးသားပါတီ ဥက္ကဌ ဦးဇိုဇမ်က ပြောကြားလိုက်ပါတယ်။
2013-09-16
ထိုင်း-မြန်မာ နယ်စပ်အခြေစိုက် လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီဟာ လာမယ့်နှစ်လအတွင်း တရားဝင်နိုင်ငံရေး ပါတီအဖြစ် မှတ်ပုံတင်သွားမယ်လို့ သိရပါတယ်။
2013-09-16
မြန်မာ-အိန္ဒိယနှစ်နိုင်ငံ ပူးပေါင်းအကောင် အထည်ဖော်နေတဲ့ စစ်တွေဆိပ်ကမ်း ကုလားတန် ဘက်စုံစီမံကိန်းနဲ့ ပတ်သက်ပြီး ချင်း၊ ရခိုင်တိုင်းရင်းသားပါတီများနဲ့ အရပ်ဖက်လူမှု အဖွဲ့အစည်း ခေါင်းဆောင်တွေဟာ အိန္ဒိယအစိုးရနဲ့ နယူးဒေလီမြို့မှာ တွေ့ဆုံဆွေးနွေးမယ်လို့ သိရပါတယ်။
2013-09-16
ကရင်ပြည်နယ်၊ ဘားအံမြို့နယ် လှာကာကျေးရွာအုပ်စုမှာ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်ပိုင် ဘိလပ်မြေစက်ရုံ စီမံကိန်းအတွက် သိမ်းဆည်းထားတဲ့ လယ်ယာမြေတွေထဲက စီမံကိန်းအတွက် အသုံးမပြုတဲ့ လယ်ယာမြေတွေကို ဒေသခံတွေကိုပြန်ပေးဖို့ လာမယ့်လွှတ်တော် အစည်းအဝေးမှာ တင်ပြသွားမယ်လို့ ဘားအံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ် နန်းစေးအွာက RFA ကို ပြောပါတယ်။
2013-09-16
ကချင်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက စစ်ဘေးဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေကြတဲ့ ဒေသခံပြည်သူတွေအတွက် မန္တလေးတိုင်း ကချင်ရိုးရာ ယဉ်ကျေးမှုကော်မတီက ငွေကျပ်သိန်း ၁၅ဝဝ လှူဒါန်းလိုက်ပါတယ်။
2013-09-16
မြန်မာနိုင်ငံမှာ လက်ရှိကိုင်ဆောင်နေတဲ့ နိုင်ငံသား စိစစ်ရေးကဒ်ပြား (မှတ်ပုံတင်တွေကဒ်)တွေနေရာမှာ Smart Card တွေနဲ့ အစားထိုးပြောင်းလဲပေးဖို့ အစိုးရမှာ အစီစဉ် ရှိတယ်လို့ လူဝင်မှုကြီးကြပ်ရေး နဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောကြားလိုက်ပါတယ်။
2013-09-16
ဂျပန်နိုင်ငံက ကမ္ဘာကျော် Nissan မော်တော်ကား ကုမ္ပဏီကြီးက သူရဲ့အကျိုးတူလုပ်ဖက် Malaysia Tan Chong ကုမ္ပဏီနဲ့ ပူးပေါင်းပြီး မြန်မာနိုင်ငံမှာ အသေးစား လူစီးကားတွေနဲ့ ထရပ်ကားတွေ ထုတ်လုပ်သွားဖို့ အစီအစဉ် ရေးဆွဲနေကြောင်း ဂျပန်နိုင်ငံထုတ် နစ်ကေ စီးပွားရေးသတင်းစာကြီးက ဒီနေ့ ဖေါ်ပြလိုက်ပါတယ်။
2013-09-16
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အားလုံးပါဝင်ပြီး လာမယ့် အောက်တိုဘာ လမှာ တစ်ပြည်လုံး အပစ်အခတ်ရပ်စဲရေး သဘောတူ လက်မှတ်ရေးထိုးဖို့ကိစ္စကို စက်တင်ဘာလကုန်မှာ ကျင်းပမည့် အလုပ်အမှုဆောင် အစည်းအဝေးကနေ ဆုံးဖြတ်မယ်လို့ မနေ့ကကျင်းပခဲ့တဲ့ UNFC အဖွဲ့က အရေးပေါ်အလုပ်အမှုဆောင် အစည်းအဝေးကနေ ဆုံးဖြတ်ခဲ့ကြတယ်လို့ သိရပါတယ်။
2013-09-15
တနေ့တခြား ဈေးနှုန်းမြင့်မားလာနေ တဲ့ မြန်မာ့ကျောက်စိမ်းကို ဝယ်ယူသူ နည်းပါးလာနေတဲ့အတွက် ဈေးကွက် ပျက်သွားမှာ စိုးရိမ်နေရကြောင်း တရုတ်ကျောက်မျက် ကုန်သည်တွေက ပြောပါတယ်။
2013-09-15
ကွယ်လွန်သူ ချက်သမ္မတဟောင်း၊ ဒီမိုကရေစီခေါင်းဆောင် Vaclav Havel ဟာ နိုဘယ်ဆု ရွေးချယ်ရေးကော်မတီက ၁၉၉၁ ခုနှစ် ငြိမ်းချမ်းရေး နိုဘယ်ဆုအတွက် သူ့ကို စာရင်းထဲထည့်ထား တာကို ငြင်းပယ်ခဲ့ပြီး၊ သူ့အစား မိမိကို ထည့်သွင်းဖို့ အဆိုပြုခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြား ခဲ့ပါတယ်။
2013-09-15
လက်နက်ကိုင် ပဋိပက္ခတွေရှိနေပြီး ပြည်တွင်း ငြိမ်းချမ်းရေး မရသေးသမျှ ဒီမိုကရေစီမရနိုင်တဲ့ အတွက် အခုချိန်ဟာ ဒီမိုကရေစီလမ်းစဉ် ကို ပြတ်ပြတ်သားသားရွေးချယ်ရမယ့် အချိန်ဖြစ် တယ်လို့ အမျိုးသားလွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့်က ဒီကနေ့မှာ ပြောကြားလိုက်ပါတယ်။
2013-09-15
လာမယ့် ၂၀၁၄ ခုနစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူရာမှာ ပါဝင်တဲ့ ဒေသတစ်ခုဖြစ်တဲ့ "ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အတွက် ကောက်ယူမယ့်အစီစဉ်မှာ စစ်ရေးအမြင်တွေ ထည့်သွင်းမစဉ်းစားဖို့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့ အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ဒီနေ့ တိုက်တွန်းလိုက်ပါတယ်။