သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2013-09-29
မြန်မာနိုင်ငံက တောင်သူလယ် သမားတွေ လောလောဆယ် အချိန်ကာလမှာ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေ ကို ဖြေရှင်းနိုင်ရေးအတွက် ပြည်ထောင်စုဝန်ကြီးတွေနဲ့ လယ်သမားအရေး လှုပ်ရှားသူတွေ ဒီနေ့ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။
2013-09-29
လာမယ့် ရွေးကောက်ပွဲမှာ ယာယီသက်သေခံလက်မှတ် (White Card) ကိုင်ဆောင် ထားသူတွေကို မဲပေးခွင့်မပြုသင့်ဘူးလို့ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းကို ရခိုင်ပြည်နယ်လူထု ကိုယ်စားလှယ်တွေက ဒီနေ့ တင်ပြခဲ့ကြပါတယ်။
2013-09-29
နေပြည်တော် ပုဗ္ဗသီရိမြို့နယ်မှာ သတင်းစာတိုက်တွေနဲ့ ပုံနှိပ်စက်ရုံတွေ အတွက်ဆိုပြီး သိမ်းဆည်းထားတဲ့ လယ်ယာမြေတွေအတွက် ပြန်ကြားရေး ဝန်ကြီးဌာနက သင့်တော်တဲ့ လျော်ကြေးတွေပေး ခဲ့ကြောင်း ပြန်ကြားရေးဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ်က အာဖက်အေကို ပြောကြားလိုက်ပါတယ်။
2013-09-29
မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သမ္မတဦးသိန်းစိန်ရဲ့ ဦးဆောင်မှုအောက်မှာ နိုင်ငံတော်ကို သစ္စာရှိစွာ ကာကွယ်စောင့်ရှောက်မယ်လို့ ပြောကြား လိုက်ပါတယ်။
2013-09-28
ရှမ်းပြည်နယ် တောင်ကြီးမြို့မှာရှိတဲ့ ပင်းပက်သံမဏိစက်ရုံ စီမံကိန်းအတွက် ပြီးခဲ့တဲ့ ၂ဝဝ၃ ခုနှစ်ကစပြီး စစ်တပ်ကသိမ်းထားတဲ့ လယ်မြေတွေထဲက တချို့မြေယာတွေ အတွက် လျော်ကြေးပေးမယ်လို့ ဒီနေ့တောင်သူတွေ နဲ့ တွေ့ဆုံရာမှာ ရှမ်းပြည်နယ်အစိုးရနဲ့ စစ်တပ်တာဝန်ရှိ သူတွေက ကတိပေးခဲ့ကြောင်း တောင်သူတွေက ပြော ပါတယ်။
2013-09-28
ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့် လည်ခြင်းဆိုင်ရာ ဥပဒေပါ ပုဒ်မ ၁၈ နဲ့ ထောင်ဒဏ်တွေ ချမှတ်နေတာနဲ့ ပတ်သက်ပြီး ပြန်လည် သုံးသပ်ပေးဖို့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP က ဒီနေ့ရက်စွဲနဲ့ သဘောထားကြေညာချက် တစ်စောင် ထုတ်ပြန်လိုက်ပါတယ်။
2013-09-28
နေပြည်တော် ပုဗ္ဗသီရိမြို့နယ်မှာ အစိုးရပိုင် သတင်းစာတိုက်တွေနဲ့ ပုံနှိပ်စက်ရုံတွေ အတွက်ဆိုပြီး သိမ်းဆည်းထားတဲ့ လယ်ယာမြေတွေထဲက လယ်မြေဧက ၂ဝဝ ကျော်ကို နေပြည်တော်ကောင်စီက တစ်ဆင့် တောင်သူတွေဆီ ပြန်ပေးမယ်လို့ ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ်က ပြောပါတယ်။
2013-09-28
မြန်မာနိုင်ငံမှာ ပျောက်ကွယ်လုနီး ပါးဖြစ်နေတဲ့ တိုင်းရင်းသားလူမျိုးစုများရဲ့ ဝတ်စားဆင်ယင်မှုများ ခေါင်းစဉ်နဲ့ ဓါတ်ပုံပြပွဲကို ရန်ကုန်မြို့ အင်းလျားလိတ်ဟိုတယ်မှာ ဒီနေ့မနက်က ဖွင့်လှစ်ခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် က အဖွင့်အမှာစကား ပြောကြားခဲ့ပါတယ်။
2013-09-28
ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၉ ရက်နေ့ညက နေပြည်တော် ပုဗ္ဗသီရိမြို့နယ်၊ ဝဲကြီးရွာမှာ ဒေသခံရွာသားတွေနဲ့ ရဲတပ်ဖွဲ့တွေအကြား ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခနဲ့ ပတ်သက်ပြီး ပုဒ်မ ၃ခုနဲ့ တရားစွဲခံထားရတဲ့ ဝဲကြီးရွာသား ၁ဝ ဦးက ကျည်တောင်ကန်ရဲစခန်းမှာ သွားရောက်ဖြေရှင်းခဲ့တဲ့ အတွက် လက်ရှိအချိန်မှာ ဥတ္တရသီရိမြို့နယ် ရဲစခန်းမှာ အစစ်ဆေးခံလျက်ရှိတယ်လို့ သိရပါတယ်။
2013-09-28
ပြည်တွင်းပြည်ပ မွန်တိုင်းရင်းသား အဖွဲ့တွေအားလုံးရဲ့ ပထမဆုံးအကြိမ် စုံညီညီလာခံကို မွန်ပြည်နယ်ရဲ့မြို့တော် မော်လမြိုင်မြို့မှာ ဒီနေ့ကစပြီး ကျင်းပနေပါတယ်။
2013-09-28
၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်မလား၊ အသစ်ပြန်လည်ရေးဆွဲမလားဆိုတာကို ဆုံးဖြတ်နိုင်ဖို့အတွက် ပြည်သူလူထုရဲ့ သဘောထားဆန္ဒကိုရယူပြီး ပြည်ထောင်စု လွှတ်တော်ထံ တင်ပြသွားမယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကော်မတီက ဒီနေ့ ကြေညာချက်ထုတ်ပြန်ပြီး သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ပါတယ်။
2013-09-27
ဖမ်းဆီးခံထားရတဲ့ လူ့အခွင့်အရေး လှုပ်ရှားဆောင်ရွက်သူ အမျိုးသမီးတွေကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ အမျိုးသမီးအဖွဲ့များကွန်ရက် (မြန်မာ) WON နဲ့ အမျိုးသမီးများအဖွဲ့ချုပ် WLB တို့ နှစ်ဖွဲ့က သမ္မတ ဦးသိန်းစိန်ထံ ဒီနေ့ စာရေးသားတင်ပြလိုက်ပါတယ်။
2013-09-27
လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခတွေကို အရေးတယူဖြေရှင်းမှုမရှိရင် မြန်မာနိုင်ငံက အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်တွေကို ထိခိုက်လာနိုင် တယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာ့အရေး မိတ်ဆွေနိုင်ငံများအဖွဲ့က သတိပေးပြောကြားလိုက်ပါတယ်။
2013-09-27
ပြည်လုံးကျွတ် အပစ်အခတ်ရပ်စဲရေး ကနေ နိုင်ငံရေးဆွေးနွေးပွဲတွေ အထိ ဖြစ်လာအောင်ကြိုးပမ်းဖို့ ရည်ရွယ်ချက်နဲ့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနဲ့ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိပ်ပိုင်းခေါင်းဆောင်တို့ဟာ ဒီနေ့ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးကြတယ်လို့ KNU ခေါင်းဆောင်တွေက ပြောပါတယ်။
2013-09-27
ယခင်ခေတ်အဆက်ဆက် အစိုးရတွေ လက်ထက်ကတည်းက တည်ရှိခဲ့တဲ့ လယ်ယာမြေ ပြဿနာတွေကို မိမိတို့အစိုးရအနေနဲ့ ဖြေရှင်း သွားမှာဖြစ်ကြောင်းနဲ့ လယ်မဲ့ယာမဲ့ဖြစ်ခဲ့တဲ့ တောင်သူ လယ်သမားတွေကို နေရာချပေးနိုင်တဲ့အထိ ဆောင်ရွက် သွားမှာဖြစ်ကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းက ဒီနေ့ ပြောကြားလိုက်ပါတယ်။