သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2013-09-01
ထိုင်းနိုင်ငံအတွင်း ဝင်ရောက်အလုပ် လုပ်ကိုင်နေတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေရဲ့ ကုန်ဆုံးသွားတဲ့ ဗီဇာသက်တမ်း အတွက် မြန်မာပြည်ကို ၃ နှစ်ပြန်နေရမယ့်အစား တစ်လသာပြန်သွားပြီး ပြန်လာအလုပ်လုပ်ခွင့်ရမယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် Mr Pravit Khiengpol ပရာဗစ် ခရင်န်ပူလ်က ဒီနေ့ပြောကြား လိုက်ပါတယ်။
2013-09-01
ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့ က လောကပါလ လူမှုကူညီရေး အသင်းဟာ တရားဝင်မှတ်ပုံတင်ထားခြင်း မရှိတာကြောင့် အသင်းရဲ့လှုပ်ရှားမှုတွေ ရပ်ဆိုင်းထားဖို့ ဖယ်ခုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးက အမိန့်စာ ထုတ်ထားတယ်လို့သိရပါတယ်။
2013-09-01
ဗြိတိန်နိုင်ငံကို ရောက်ရှိနေတဲ့ ကရင်တိုင်းရင်းသားတွေက သူတို့ရိုးရာ ယဉ်ကျေးမှုတွေ ဆက်လက်တည်တံ့စေဖို့ အတွက် “ကရင်ရိုးရာ ယဉ်ကျေးမှု ပွဲတော်” တစ်ရပ်ကို လန်ဒန်မြို့မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
2013-09-01
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် Vijay Nambiar ဟာ ရခိုင်ပြည်နယ်မှာ လူ့အဖွဲ့အစည်း နှစ်ခု ပြန်လည် သင့်မြတ်ရေးကိစ္စရပ်တွေကို လေ့လာဖို့အတွက် စစ်တွေမြို့ ကို ဒီကနေ့ မနက်ပိုင်းက ရောက်ရှိလာခဲ့ပါတယ်။
2013-09-01
၈၈ ခုနှစ် လူထုလှုပ်ရှားမှု ၂၅ နှစ်ပြည့်အခမ်းအနား ဟာ နိုင်ငံရေးသမိုင်းမှာ အရေးကြီးတဲ့ သင်ခန်းစာတွေ ရယူနိုင်တဲ့ကိစ္စဖြစ်တဲ့အတွက် ငြိမ်းချမ်းစွာအတူနေ ထိုင်ခြင်းစတဲ့ လူမှုတန်ဖိုး ပြန်လည်ဖော်ဆောင်ရေး လုပ်ငန်းတွေကို ဆက်လက်လုပ်ဆောင်သွားဖို့လိုတယ် လို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောပါတယ်။