သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2013-09-27
စစ်ကိုင်းတိုင်း၊ ကသာမြို့နယ် အတွင်း ကျေးရွာပေါင်း ၂၂ ရွာ က တောင်သူလယ်သမား ၃ဝဝ လောက် ဟာ သိမ်းဆည်းခံထားရတဲ့ လယ်ယာမြေတွေပြန်ပေးဖို့ ဒီနေ့ ကသာမြို့နယ် မောင်းကုန်းကျေးရွာမှာ ဆန္ဒပြတောင်းဆိုခဲ့ ကြပါတယ်။
2013-09-27
၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို မပြင်ဆင် ရင် မြန်မာနိုင်ငံဟာ ဒီမိုကရေစီလမ်းကြောင်းပေါ် မှာ လျှောက်လှမ်းနေတယ်လို့ မဆိုနိုင်သလို၊ လာမယ့် ၂ဝ၁၅ ရွေးကောက်ပွဲဟာလည်း တရားမျှတမှုရှိမှာ မဟုတ်ဘူးလို့ ဒေါ်အောင်ဆန်း စုကြည်က ဒီနေ့ ပြောကြားလိုက်ပါတယ်။
2013-09-26
သမိုင်းဆိုတာဖျောက်ဖျက်လို့ မရတာကြောင့် ရွှေဝါရောင်တော်လှန်ရေးမှာ အဓမ္မ အကြမ်းဖက် နှိပ်ကွပ်ခဲ့တာတွေအတွက် အစိုးရက သံဃာတော်တွေကို တောင်းပန်ပြီး တိုင်းပြည် တိုးတက်ပြောင်းလဲအောင် လုပ်ဆောင်သွားသင့်တယ်လို့ ဒီနေ့ကျရောက်တဲ့ ၂ဝဝ၇ ခုနှစ် ရွှေဝါရောင် သံဃာ့လှုပ်ရှားမှု နှစ်ပတ်လည် ဆုတောင်းပွဲမှာ ရွှေတွံတေး ဆရာတော်က မိန့်ကြားလိုက်ပါတယ်။
2013-09-26
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမြအေးက သူအကျဉ်းထောင်တွေထဲ မှာ ရေးစပ်ထားတဲ့ သီချင်းတွေကို “အပြာရောင်သက္ကရာဇ် များ” အမည်နဲ့ သီချင်းခွေထုတ်ဝေပြီး စာနယ်ဇင်းမိတ်ဆက်ပွဲ ကို ရန်ကုန်မြို့ Central Hotel မှာ ဒီနေ့ ကျင်းပခဲ့ပါတယ်။
2013-09-26
ADB အာရှဖွံ့ဖြိုးရေးဘဏ်ဟာ မြန်မာနိုင်ငံက လျှပ်စစ်စွမ်းအင်လုပ်ငန်းတွေ တိုးချဲ့ဖို့ အမေရိကန် ဒေါ်လာ ၂ သန်း ၈ သိန်းကျော် ထောက်ပံ့ကူညီပေးသွားမယ်လို့ ADB က ဒီနေ့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
2013-09-26
မြန်မာနဲ့ အီတာလျံ-ထိုင်း ကုမ္ပဏီတို့ ပူးပေါင်းလုပ်ကိုင်နေတဲ့ ထားဝယ်ရေနက်ဆိပ်ကမ်းနဲ့ စက်မှုဇုန်စီမံကိန်းဟာ သဘာဝပတ်ဝန်းကျင်နဲ့ လူမှုရေးထိခိုက်မှုတွေ ရှိနေတဲ့အတွက် ဒီစီမံကိန်းကို ချက်ခြင်းရပ်ဆိုင်းပေးဖို့ ထားဝယ်အမျိုးသမီးများသမဂ္ဂ TWU က ဒီနေ့ တောင်းဆို လိုက်ပါတယ်။
2013-09-26
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် မဒေးကျွန်းမှာ တရုတ်နိုင်ငံပိုင် China National Petroleum Cooperation (CNPC) ရဲ့ ရေနံပိုက်လိုင်း စီမံကိန်းကို ဆန္ဒပြခဲ့ကြသူ ကျေးရွာသား ၁ဝ ဦးကို ကျောက်ဖြူမြို့နယ်တရားရုံးက တရားမဝင် စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၁၈ နဲ့ ဒီနေ့ ထောင်ဒဏ် ၃ လ အသီးသီးချမှတ်လိုက်ပါတယ်။
2013-09-26
မြန်မာနိုင်ငံက ပြည်တွင်းစစ် အဆုံးသတ်ရေး အတွက် အစိုးရရဲ့ကြိုးပမ်းဆောင်ရွက်မှုကို ချီးကျူးကြောင်း The Elders ကမ္ဘာ့ရပ်မိရပ်ဖများအဖွဲ့ အကြီးအကဲဖြစ်သူ အမေရိကန်သမ္မတဟောင်း Jimmy Carter က ဒီနေ့ ပြောကြားလိုက်ပါတယ်။
2013-09-26
မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ မြန်မာနိုင်ငံ ကို ရောက်ရှိနေတဲ့ အမေရိကန် သမ္မတဟောင်း နိုဗယ်ငြိမ်းချမ်းရေး ဆုရှင် Mr. Jimmy Carterဦးဆောင်တဲ့ The Elders ကမ္ဘာ့နာယကကြီးများ အဖွဲ့ဝင်တွေ မနေ့ကတွေ့ဆုံရာမှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး၊ ရခိုင်ပြည်နယ်ပြဿနာဖြေရှင်းရေးနဲ့ ၂ဝ၁၃ နှစ်ကုန်မှာ နိုင်ငံရေးအကျဉ်းသား လုံးဝမကျန် ရှိအောင် ဆောင်ရွက်ရေးကိစ္စတွေကို ဆွေးနွေးခဲ့ကြတယ်လို့ သမ္မတရုံးက ထုတ်ပြန်ပြောဆိုပါတယ်။
2013-09-26
ကမ္ဘာ့ပဋိပက္ခဖြစ်ပွားနေတဲ့နေရာတွေမှာ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ပပျောက်ရေးဆိုင်ရာ ကြေညာချက် ကို နိုင်ငံပေါင်း ၁၁၃ နိုင်ငံက သဘောတူ လက်မှတ်ရေးထိုး ခဲ့ကြပေမဲ့၊ မြန်မာနိုင်ငံ မပါဝင်သေးဘူးလို့ သိရပါတယ်။
2013-09-26
ရခိုင်ပြည်နယ်မှာ ဗုဒ္ဓဘာသာတွေနဲ့ ရိုဟင်ဂျာ မူစလင်တွေအကြား အပြန်အလှန် ယုံကြည်မှု ရရှိအောင် ထိတွေ့ဆက်ဆံမှုတွေ၊ ဆွေးနွေးပြော ဆိုတာတွေ အခုထက်ပိုပြီး ဆောင်ရွက်ဖို့လိုအပ်နေတယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာ Vijay Nambiar က ပြောပါတယ်။ Al Arabiya ရုပ်သံသတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ မနေ့ က ပြောဆိုခဲ့တာပါ။
2013-09-25
မွန်ပြည်နယ်လွှတ်တော်အတွင်း ဥပဒေပြုရာမှာ တည်ဆဲဥပဒေတွေကြောင့် အခက်အခဲရှိသလို တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေကြောင့် အခက်အခဲရှိတယ်လို့ သိရပါတယ်။
2013-09-25
ရွှေပြည်သာမြို့နယ်ထဲက လယ်ယာမြေ သိမ်းဆည်းခံထားရတဲ့ လယ်သမားတွေရဲ့ နစ်နာချက်တွေကို စုံစမ်းဖို့ ပြည်ထောင်စုလွှတ်တော် လယ်ယာမြေနဲ့ အခြားမြေများသိမ်းဆည်းမှု စိစစ်ရေးအဖွဲ့ဝင်တွေဟာ လယ်ယာမြေဆုံးရှုံးခဲ့တဲ့ လယ်သမားတွေနဲ့ ရွှေပြည်သာမြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှာ ဒီနေ့သွားရောက်တွေ့ဆုံခဲ့ကြပါတယ်။
2013-09-25
ထိုင်းနိုင်ငံမှာ တရားမဝင်အလုပ်လုပ်ကိုင်နေပြီး ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၅ ယောက်ကို ထိုင်းနိုင်ငံက ဒုတိယရဲမှူး ဗိုလ်ချူပ်ကြီး Mr Santi Phensut ဦးဆောင်တဲ့အဖွဲ့က ဒီနေ့ မြန်မာနိုင်ငံ၊ တာချီလိတ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနကို လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
2013-09-25
စစ်ကိုင်းတိုင်း မုံရွာခရိုင် လက်ပံတောင်းတောင်ဒေသက ဒေသခံ ၄၀၀ ကျော်က ကြေးနီစီမံကိန်း လုပ်ငန်းဖော်ဆောင်ရေးကော်မတီဟာ ပွင့်လင်းမြင်သာမှု မရှိဘူးဆိုပြီး တုံရွာထိပ်ကနေ ဆည်တဲ၊ ဇီးတောရွာ သစ်ထိပ် အထိ ဒီနေ့ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။