သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2023-02-02
ပြီးခဲ့တဲ့ ဇန်နဝါရီလက နိုင်ငံတစ်ဝန်းမှာ စစ်ကောင်စီတပ်ရဲ့ မီးရှို့မှု ၁၃၈ ကြိမ်အတွင်း နေအိမ် ၄,၈၀၇ လုံးပျက်စီးခဲ့ပြီး မီးရှို့သတ်ဖြတ်ခံရသူ ၂၃ ဦး ရှိခဲ့တယ်လို့ NUG အစိုးရက ထုတ်ပြန်ပါတယ်။
2023-02-02
ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ် ဆားမှော်ကျေးရွာ NLD ပါတီဥက္ကဋ္ဌ ဦးအောင်ဌေးဦးကို ဇန်နဝါရီ ၃၁ ရက်နေ့က အလုပ်နဲ့ ထောင်ဒဏ်သုံးနှစ် ချမှတ်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2023-02-02
စစ်ကိုင်းတိုင်း ကောလင်းမြို့နယ် ညောင်ပင်သာကျေးရွာအနီးမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့က စစ်ကောင်စီတပ် စစ်ကြောင်းတစ်ခု တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဘက်က ပစ်ခတ်တဲ့ လက်နက်ကြီး၊ လက်နက်ငယ်ကျည်ကြောင့် အရပ်သားတစ်ဦးသေဆုံးပြီး သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2023-02-02
ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ဆိပ်ကမ်းအနီးမှာ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက် ညပိုင်းက မလေးရှားနိုင်ငံကို စက်လှေနဲ့ထွက်ခွာဖို့ကြိုးစားကြတဲ့ ရိုဟင်ဂျာ ၃၆ ဦး ဖမ်းဆီးခံလိုက်ရတယ်လို့ စစ်တွေမြို့ခံတွေက RFA ကို ဒီနေ့ပြောပါတယ်။
2023-02-01
တရားမဝင်ဖွဲ့စည်းထားတဲ့ မြန်မာစစ်ကောင်စီဟာ ရှရုားနိုင်ငံခြားရေးဝန်ကြီးကို ကော်ဇောနီခင်း ကြိုခဲ့တာကိုကြည့်ရင် မသူတော်အချင်းချင်း အသိမှတ်ပြုပေါင်းစည်းနေကြတဲ့သဘောမြင်ရတယ်လို့လည်း မစ်ချ် မက်ကော်နယ်က ပြင်းပြင်းထန်ထန် ဝေဖန်ပါတယ်။
2023-02-01
မြန်မာစစ်ကောင်စီ လက်နက်ရရှိနေတာ ပိုပြီးခက်ခဲလာအောင် ပိုမိုတင်းတင်းကျပ်ကျပ် အရေးယူဒဏ်ခတ်ပိတ်ဆို့နိုင်အောင် ဆက်လက်နည်းလမ်းရှာမယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာန အကြံပေးအရာရှိ Derek Chollet က ပြောကြားလိုက်ပါတယ်။
2023-02-01
အမေရိကန်အစိုးရအနေနဲ့ Burma Act လို ဥပဒေတွေ ပြဋ္ဌာန်းပြီး မြန်မာပြည်သူတွေကို ကူညီပေးဖို့၊ စစ်တပ်စီးပွားရေးလုပ်ငန်းတွေကို ပစ်မှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချက်ချင်းထပ်တိုးချမှတ်ဖို့လည်း ထုတ်ပြန်ချက်မှာပါရှိပါတယ်။
2023-02-01
ဦးကျော်မိုးထွန်းဟာ ကုလသမဂ္ဂမှာ သူရထားတဲ့အခွင့်အရေးကို အသုံးချပြီး မြန်မာစစ်ကောင်စီကို တရားဝင်အစိုးရအဖြစ် အသိအမှတ်မပြုဖို့ တောင်းဆိုခဲ့သလို မြန်မာပြည်သူတွေရဲ့ တောင်းဆိုသံတွေကို နိုင်ငံတကာသိအောင် လုပ်ပေးနိုင်ခဲ့တာကြောင့် အမည်စာရင်းတင်သွင်းလိုက်တာလို့ PRIO အဖွဲ့ ဥက္ကဋ္ဌက ပြောပါတယ်။
2023-02-01
အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေဟာ အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမှာ ဒီလ ၃ ရက်နဲ့ ၄ ရက်မှာ ၃၂ ကြိမ်မြောက် အာဆီယံညှိနှိုင်းရေးကောင်စီနဲ့ ဝန်ကြီးအဆင့်အစည်းအဝေး တက်ရောက်ဖို့ ရှိပါတယ်။
2023-02-01
ဒီမိုကရေစီလမ်းကြောင်းကို အင်ဒိုနီးရှားက ဘယ်လိုအောင်အောင်မြင်မြင် အသွင်ကူးပြောင်းခဲ့တယ်ဆိုတာ မြန်မာစစ်ခေါင်းဆောင်တွေကို ပြသဖို့ မျှော်လင့်ချက်နဲ့ စီစဉ်တာလို့ ပြောပါတယ်။
2023-02-01
စစ်ကောင်စီက အာဏာသိမ်းနှစ်နှစ်ပြည့် ၂၀၂၃ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ဒုတိယဝန်ကြီးချုပ်ငါးဦးနဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ကို ပြင်ဆင်ဖွဲ့စည်းကြောင်းကြေညာလိုက်ပါတယ်။
2023-02-01
ဖွဲ့စည်းပုံအခြေခံဥပဒေအရ ၄၁၉ အရ ကာကွယ်ရေးဦးစီးချုပ်ထံကို နိုင်ငံတော်အာဏာကို ထပ်မံအပ်နှံတယ်လို့ ကာ/လုံအစည်းအဝေးက ဆုံးဖြတ်ခဲ့ပါတယ်။
2023-02-01
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာ ဇန်နဝါရီလ ၄ ရက်နေ့ကနေ ဖေဖော်ဝါရီလ ၁ ရက်နေ့အထိ စစ်ကောင်စီတပ်စစ်ကြောင်းတွေ ဝင်ရောက်နေတာကြောင့် ရွာပေါင်း ၂၀ ကျော်က ဒေသခံတစ်သောင်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2023-02-01
ချင်းပြည်နယ်၊ ထန်တလန်မြို့ပေါ်က CB ဘဏ်မှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်သား ခြောက်ဦးကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက် မနက်ပိုင်း ချင်းအမျိုးသားတပ်ဦး (CNF) နဲ့ ထန်တလန် (CDF) အဖွဲ့ပူးပေါင်းပြီး ဝင်ရောက်တိုက်ခိုက်ဖမ်းဆီးခဲ့တယ်လို့ CNF ပြောရေးဆိုခွင့်ရှိ ဆလိုင်းထက်နီက RFA ကို ပြောပါတယ်။
2023-02-01
နေပြည်တော်၊ ဇဗ္ဗူသီရိမြို့နယ်က အသက် ၂၃ နှစ်အရွယ် မစိုးရတနာဦးကို ဇန်နဝါရီ ၃၀ ရက်နေ့က အသံတိတ် သပိတ်နဲ့ပတ်သက်ပြီး လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ရေးသားခဲ့တာကြောင့် စစ်ကောင်စီ တပ်သားတွေ ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။