သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-11-10
ရခိုင်ပြည်နယ် စစ်တွေမြို့ကိုရောက်ရှိနေ တဲ့ မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံအမတ် ကြီး Mr. Peter Lysholt Hansen က စစ်တွေမြို့နယ်မှာရှိတဲ့ မွတ်ဆလင်ခေါင်းဆောင်တွေနဲ့တွေ့ ဆုံပြီး နိုင်ငံသား စိစစ်ရေးကိစ္စရပ်တွေကို ဒီနေ့ ဆွေးနွေးခဲ့ ပါတယ်။
2016-11-10
အမေရိကန်နိုင်ငံရဲ့ ၄၅ ယောက်မြောက် သမ္မတအဖြစ် ရွေးချယ်ခံရတဲ့ Donald Trump ကို နိုင်ငံတော်သမ္မတ ဦးထင်ကျော် နဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တို့က ဝမ်းမြောက် ဂုဏ်ယူကြောင်း သဝဏ်လွှာပေးပို့ လိုက်ပါတယ်။
2016-11-10
ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု မှော်စီစာရွာရဲ့ အနောက်ဘက် တစ်မိုင်လောက်အကွာမှာ ဒီကနေ့ မနက်အစောပိုင်းက ကောင်းကင်ကနေ သတ္တု အစိတ်အပိုင်း တစ်ခုပြုတ်ကျခဲ့လို့ အစိုးရတာဝန်ရှိသူတွေက စစ်ဆေးမှုတွေပြုလုပ်နေပါတယ်။
2016-11-10
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ထီးချိုင့်မြို့နယ် မောင်းကုန်းကျေးရွာမှာ ရှိနေတဲ့ တကောင်းနီကယ်စက်ရုံနဲ့ ဂရိတ်ဝေါ သကြားစက်ရုံ ၆ ရုံကနေ သိမ်းဆည်းထား တဲ့ မြေတွေ ပြန်ရရှိဖို့အတွက် ထီးချိုင့်မြို့နဲ့ ကသာမြို့ က ဒေသခံ ၃၀၀ နီးပါး ဒီနေ့ ဆန္ဒပြကြပါတယ်။
2016-11-10
တရုတ်-မြန်မာနယ်စပ် ကချင်အထူးဒေသ ၁ နယ်မြေဖြစ်တဲ့ ချီဖွေမြို့နယ် ကန်းဖန့်ကျေး ရွာတဝိုက်မှာ လှုပ်ရှားနေတဲ့ ပြည်သူ့စစ် အဖွဲ့က သေနတ်နဲ့ ပစ်ခတ်ပြီး ရိုက်နှက်ခဲ့လို့ ဒဏ်ရာရရှိခဲ့တဲ့ ရားလူးရွာသား လီဆူတိုင်းရင်းသား ၅ ဦးက ပြည်သူ့စစ်အဖွဲ့ ကို ချီဖွေရဲစခန်းမှာ မနေ့က အမှုဖွင့်လိုက်ပါတယ်။
2016-11-10
တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ ရှိတဲ့ ရေနံလက်ယက်တွင်း လုပ်ကိုင်နေ သူတွေကို ဒေသန္တရ ရေနံချက်လုပ်ခွင့် ယာယီလိုင်စင်ထုတ်ပေးသွားမှာဖြစ်ကြောင်း လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာန ဒုတိယအမြဲတမ်း အတွင်းဝန် ဦးဌေးအောင်က ပြောပါတယ်။
2016-11-10
ဆန်စပါးဈေးနှုန်းကျဆင်းနေတဲ့ တိုင်းဒေ သကြီးနဲ့ ပြည်နယ်တွေမှာ နိုင်ငံတော် ဘတ်ဂျက်နဲ့ ဆန်ဝယ်ယူဖို့ တောင်သူလယ် သမား အခွင့်အရေးကာကွယ်ရေးနဲ့ အကျိုးစီးပွားမြှင့်ရေး ဦးဆောင်အဖွဲ့က စီစဉ်နေပါတယ်။
2016-11-10
နိုဝင်ဘာ ၈ ရက်နေ့ညပိုင်းက အိန္ဒိယအစိုးရက ရူပီးငွေ ၅၀၀ တန်နဲ့ ၁၀၀၀ တန်တွေကို သုံးစွဲခွင့် ပယ်ဖျက်လိုက် ပြီးတဲ့နောက် မြန်မာ အိန္ဒိယ နယ်စပ်ဈေးဖြစ်တဲ့ တမူးမြို့ နယ်က နန်းဖာလုံဈေးမှာ အရောင်းအဝယ်ရပ်တန့်သွား ပါတယ်။
2016-11-09
ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲကာလ က ဒေသတချို့မှာ လက်နက်ကိုင်တပ် ဖွဲ့တွေရဲ့ ပါဝင်စွက်ဖက်မှုတွေကြောင့် တရားမျှတတဲ့ အခြေအနေမျိုးမရှိခဲ့ကြောင်းနဲ့ လာမယ့် ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲမှာ အဲဒီလိုအခြေအနေတွေ မဖြစ်အောင် ကော်မရှင်ဘက်က ဆောင်ရွက်ပေးစေလိုတယ်လို့ ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း NBF က ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။
2016-11-09
Eleven Media Group ရဲ့အမှုဆောင်အရာရှိ ချုပ် ဒေါက်တာ သန်းထွဋ်အောင်နဲ့ Eleven Media Group ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ပုဒ်မ ၆၆ (ဃ) နဲ့ ရန်ကုန်မြို့ တာမွေမြို့နယ် ရဲစခန်းမှာ အမှုဖွင့်လိုက်ကြောင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က ပြောပါတယ်။
2016-11-09
ဒိန်းမတ်နိုင်ငံအပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ ရခိုင်ပြည်နယ် မှာ ပေးနေတဲ့ လူသားချင်းစာနာမှု အကူ အညီတွေကိုလျှော့ချပြီး ဖွံ့ဖြိုးရေးအကူအညီတွေကို ပြောင်း လဲပေးဖို့ ပြင်ဆင်နေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ် သံအမတ်ကြီးက ပြောပါတယ်။
2016-11-09
ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆-ဃ နဲ့ ဖမ်းဆီးခံထားရတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ဗဟိုသုတေသနဌာန ဒုတိယ တာဝန်ခံ ကိုမျိုးရန်နောင်သိမ်းအတွက် ရှေ့နေအဖြစ် ဦးကျော်ဟိုးကို ဒီကနေ့ လှိုင်မြို့နယ်တရားရုံးမှာတင်သွင်း ခဲ့ရာမှာ တရားရုံးကပယ်ချခဲ့ပါတယ်။
2016-11-09
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ပျဉ်းမပင်ကျေးရွာအုပ်စု၊ စံသမာဓိရပ်ကွက် က နေအိမ်တွေနဲ့ ပတ်သက်ပြီး အရင်အစိုးရလက်ထက်က အကြမ်းဖက် ဖျက်ဆီးခဲ့တဲ့ ပုံစံမျိုး နောက်တစ်ကြိမ် မဖြစ်ဖို့ တာဝန်ယူကြောင်း မင်္ဂလာဒုံ မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်း က ပြောလိုက်ပါတယ်။
2016-11-09
ကချင်ပြည်နယ်အတွင်း တာဝန်ထမ်းဆောင် တဲ့ လုပ်သက် ၃ နှစ်ကနေ ၁၀ ကျော်အထိ ရှိတဲ့ ရဲအုပ်နဲ့ ဒုရဲအုပ်အဆင့်ရှိ အရာရှိ ၇၇ ယောက်ကို အခြားတိုင်းနဲ့ ပြည်နယ်တွေမှာ ပြောင်းရွှေ့ တာဝန်ထမ်းဆောင်ဖို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က အမိန့်ထုတ်ပြန် လိုက်ပါတယ်။
2016-11-09
အမေရိကန်ရွေးကောက်ပွဲ စောင့်ကြည့်လေ့ လာပွဲကို မြန်မာနိုင်ငံဆိုင်ရာအမေရိကန်သံ အမတ်ကြီး Scot Marciel ရဲ့ ရန်ကုန်မြို့ က နေအိမ်မှာ ဒီကနေ့မနက်က ကျင်းပခဲ့ပါတယ်။