သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-12-01
မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် မြနန္ဒာ ဝန်ထမ်းအိမ်ရာထဲက အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု CDM လုပ်ထားတဲ့ ကျောင်းဆရာမ ဒေါ်ကေဇာ အပါအဝင် ငါးယောက် တို့ဟာ ဒီဇင်ဘာ ၁ ရက် ဒီနေ့ မနက်ပိုင်းမှာ စစ်ကောင်စီရဲ့ ဖမ်းဆီးတာ ခံလိုက်ရပါတယ်။
2021-12-01
ရခိုင်ပြည်နယ်ထဲက ရှစ်သောင်းကျော်လောက်ရှိတဲ့ စစ်ဘေးဒုက္ခသည်တွေ အခု ဆောင်းရာသီမှာ စောင်နဲ့အနွေးထည် အခက်အခဲ ဖြစ်နေတယ်လို့ စစ်ဘေးဒုက္ခသည် တွေက ပြောပါတယ်။
2021-12-01
ဇွန်လ ၁၀ ရက်နေ့ကစပြီး အဖမ်းခံထားရတဲ့ ကိုဗစ်ကာကွယ်ဆေးထိုးလုပ်ငန်း စီမံချက်မန်နေဂျာ ဒေါက်တာ ထားထားလင်း နဲ့ ညွှန်ကြားရေးမှုးချုပ် ဒေါက်တာ စိုးဦး တို့ကို စစ်ကောင်စီက အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေနဲ့ တရားစွဲတာ ခံထားရပါတယ်။
2021-11-30
ပြင်သစ်နည်းပညာကုမ္ပဏီတခုဖြစ်တဲ့ Thales ကုမ္ပဏီရဲ့စီးပွားဖက် အိန္ဒိယနိုင်ငံက Bharat လျှပ်စစ်ကုမ္ပဏီဟာ မြန်မာစစ်တပ်နဲ့ ဆက်ဆံရေး နီးနီးကပ်ကပ် ရှိနေပြီး စစ်ရေးဆိုင်ရာ နည်းပညာတွေကို တင်ပို့နေတာကြောင့် ပြင်သစ်ကုမ္ပဏီရဲ့နည်းပညာတွေ မြန်မာစစ်တပ်ဆီကို မရောက်အောင် ရပ်တန့်ပေးဖို့နဲ့ Bharat ကုမ္ပဏီနဲ့လည်း အဆက်အသွယ်ဖြတ်ဖို့ ပြင်သစ်အခြေစိုက် နယ်စည်းမခြား သတင်းထောက်များအဖွဲ့ RSFနဲ့ တခြားလူထုလှုပ်ရှားမှု အဖွဲ့သုံးခုက ပူးပေါင်းပြီး တောင်းဆိုလိုက်တဲ့အကြောင်း RSF အဖွဲ့က မနေ့က သတင်းထုတ်ပြန်ပါတယ်။
2021-11-30
ဖမ်းဆီးခံနေရတဲ့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို အဂတိလိုက်စားမှုအသစ်တစ်ခုနဲ့ ထပ်ပြီး တရားစွဲဆိုလိုက်တဲ့အကြောင်း စစ်ကောင်စီထိန်းချုပ်တဲ့ နိုင်ငံပိုင်မြန်မာ့ရုပ်မြင်သံကြားမှာ အင်္ဂါနေ့ညပိုင်းက ကြေညာခဲ့ပါတယ်။
2021-11-30
စစ်ကိုင်းတိုင်း ပင်လည်ဘူးမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံဖြိုးရေးပါတီ (USDP) ဥက္ကဋ္ဌ ဦးဝင်းသိန်းဟာ နိုဝင်ဘာ ၃၀ ရက် ဒီနေ့မနက်ပိုင်းက သေနတ်နဲ့ ပစ်သတ်ခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-11-30
ပဲခူးတိုင်း ဝေါမြို့နယ်က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားသူ ကိုစိုင်းမွန်ဇော်ဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ စစ်ကြောရေးမှာရခဲ့တဲ့ ဒဏ်ရာတွေကြောင့် ဒီနေ့ ကွယ်လွန်ခဲ့တယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။
2021-11-30
ဖမ်းဆီးခံထားရတဲ့ မိတ္ထီလာတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌဟောင်း မသဲစုနိုင်ဟာ ခြေထောက်တစ်ဖက်ကျိုးနေပြီး စစ်ကြောရေးမှာ ထိရောက်တဲ့ ဆေးကုသခွင့်မရဘူးလို့ မိတ္ထီလာတက္ကသိုလ် ကျောင်းသားများသမဂ္ဂ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
2021-11-30
နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက တရားစွဲထားတဲ့ အမှုပေါင်း ၁၁ မှုထဲက အမှုနှစ်ခုကို ပထမဆုံးအနေနဲ့ ဒီနေ့ အပြီးသတ်အမိန့်ချဖို့ ချိန်းဆိုထားပေမဲ့ ဒီဇင်ဘာ ၆ ရက်နေ့ကို ရွှေ့ဆိုင်း လိုက်တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက RFA ကို အတည်ပြုပြောဆိုပါတယ်။
2021-11-30
ပုဒ်မ ၅၀၅ နဲ့ တရားစွဲခံထားရသူတွေရဲ့ နေအိမ် အဆောက်အအုံတွေကို စစ်ကောင်စီရဲ့ ချိတ်ပိတ် ခံထားရသူပေါင်း ၅၅ ယောက်ရှိတယ်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD Central Working Committee က ထုတ်ပြန်လိုက် ပါတယ်။
2021-11-30
ထားဝယ်တက္ကသိုလ်က ကျောင်းသားသုံးယောက် နိုဝင်ဘာ ၃၀ ရက် ဒီနေ့ မနက်ပိုင်းမှာ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက ဖမ်းဆီးသွားတယ်လို့ ထားဝယ် တက္ကသိုလ် ကျောင်းသားများသမဂ္ဂက ထုတ်ပြန်ပါတယ်။
2021-11-29
နိုင်ငံတကာ ခရီးသွားလုပ်ငန်းတွေကို မကြာခင် ရောက်လာတော့မယ့် ၂ဝ၂၂ အစောပိုင်းမှာ ပြန်စဖို့ စစ်ကောင်စီက စီစဉ်ထားတဲ့အကြောင်း Vietnam သတင်းမှာ မနေ့က ဖော်ပြထားပါတယ်။
2021-11-29
ရိုဟင်ဂျာ ၂၂၈ ဦး ပါလာတဲ့ စက်လှေတစ်စီးကို ရခိုင်ပြည်နယ် စစ်တွေမြို့အနီးမှာ မြန်မာရေတပ်က မနေ့မနက်ပိုင်းမှာ ဖမ်းဆီးခဲ့တဲ့အကြောင်း စစ်ကောင်စီ ထိန်းချုပ်တဲ့ နိုင်ငံပိုင်မြန်မာ့ရုပ်မြင်သံကြားက ကြေညာပါတယ်။
2021-11-29
စစ်ကိုင်းတိုင်း ကလေးမြို့ တောင်ဇလပ်ရပ်ကွက်နဲ့ မွန်းလိုင်ရပ်ကွက်က ချင်း တိုင်းရင်းသားဘာသာနဲ့ ထုတ်လွှင့်တဲ့ Zo Heisa Cable TV ဆိုတဲ့ ရုပ်သံလိုင်းက ဦးမာန်ရှားမန်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးသွားတယ်လို့ ကလေးမြို့ဒေသခံတွေက ပြောပါတယ်။
2021-11-29
ကချင်ပြည်နယ် မိုးမောက်မြို့နယ် ကချင်နှစ်ခြင်းခရစ်ယာန်ကျောင်းထဲက ဧဒင်စစ်ဘေးဒုက္ခသည် စခန်းဟာ နိုဝင်ဘာ ၂၈ ရက် မနေ့ညနေပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ လက်နက်ကြီးတွေ သေနတ်တွေနဲ့ ပစ်ခတ်ခံရလို့ စခန်းထဲက အိမ်ခန်း ပေါင်း ၆၀ လောက် ပျက်စီးသွားတယ်လို့ သိရပါတယ်။