သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-11-01
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် နဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်း စုကြည်ဟာ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးရဲ့ ဖိတ်ကြားချက် အရ ဂျပန်နိုင်ငံကို မနေ့ညနေက ရောက်ရှိသွားပါတယ်။
2016-11-01
ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်မှာ လာမယ့် ၂၀၁၇ ခုနှစ် ဧပြီလ ၁ ရက်နေ့မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲ အတွက် မဲပေးခွင့်ရှိသူစာရင်းတွေကို ရပ်ကျေးကော်မရှင်တွေ နဲ့ ရပ်မိရပ်ဖတွေ ဦးဆောင်ပြီး ဒီကနေ့ အိမ်တိုင်ရာအရောက် Door to Door စနစ်နဲ့ စတင်ကောက်ယူနေပါတယ်။
2016-11-01
မြစ်ဆုံရေကာတာစီမံကိန်း ဆောက်လုပ်မှု ကို ရပ်ဆိုင်းပေးဖို့ Myamnar Green Network က အွန်လိုင်းကနေ လက်မှတ်တွေ ကောက်ခံနေ တာ ဒီနေ့ဆိုရင် လက်မှတ်တစ်သိန်းကျော် ရရှိထားပြီဖြစ် ပါတယ်။
2016-11-01
ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာ အကြမ်းဖက်မှုတွေကြောင့် ပိတ်ထားခဲ့ရတဲ့ စာသင်ကျောင်းတွေထဲက ကျောင်းပေါင်း ၄၉ ကျောင်းကို ဒီနေ့ ဖွင့်လှစ်လိုက်ပါတယ်။
2016-11-01
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်တွေအနေနဲ့ အောက်ခြေလွတ် ဘဝင်မြင့်နေမယ်ဆိုရင် ပြည်သူတွေ ဒဏ်ခတ်တာခံရမယ်လို့ ရန်ကုန်တိုင်း ပါတီဝင်တွေ နဲ့ တွေ့ဆုံပွဲမှာ ပါတီကိုယ်စားလှယ်တွေနဲ့ အစိုးရအဖွဲ့ ဝန်ကြီးတွေကို ပါတီရဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန် က သတိပေးလိုက်ပါတယ်။
2016-10-31
လာမယ့် နိုဝင်ဘာလအတွင်း မွန်တမျိုးသား လုံးကိုယ်စားပြုတဲ့ မွန်ပါတီပေါ်ထွန်းရေး လမ်းစဉ်ကို ရေးဆွဲပေးဖို့နဲ့ အကောင်အထည်မဖော်နိုင်ရင် ပါတီဝင်အဖြစ်ကနေ နှုတ်ထွက်ကြမှာဖြစ်ကြောင်း မွန်ပြည် နယ် ချောင်းဆုံမြို့နယ် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီ ခေါင်းဆောင်တွေနဲ့ ပါတီဝင်တွေက ပါတီဗဟိုထံ မနေ့က တောင်းဆိုလိုက်ပါတယ်။
2016-10-31
ချင်းပြည်နယ်မှာ ဒီရက်ပိုင်းအတွင်း မိုး များနေတာကြောင့် တီးတိန်-တွန်းဇံလမ်းမှာ ပြီးခဲ့တဲ့ အောက်တိုဘာ ၃၀ ရက်နေ့ကစ ပြီး မြေပြိုတာတွေဖြစ်နေတဲ့အတွက် ကုန်တင်ယာဉ်တွေ အပါအဝင် ကားအစီးရေ တစ်ရာလောက် ပိတ်မိနေတယ် လို့ ချင်းပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးရွှေထီးအိုး က ပြောပါတယ်။
2016-10-31
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် NCA မှာ လက်မှတ်ရေးထိုးပြီး နိုင်ငံတော် က ဖော်ဆောင်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်း စဉ်မှာ ပါဝင်ကြဖို့ KIA ကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဒီကနေ့ ဒေသခံတိုင်းရင်းသား ၈ ထောင်ကျော် ဆန္ဒပြတောင်းဆိုကြပါတယ်။
2016-10-31
ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့နယ် မှာ အစိုးရတပ်မတော်နဲ့ TNLA တအာင်း အမျိုးသားလွတ်မြောက်ရေး တပ်မတော်တို့ မနေ့ကစပြီး တိုက်ပွဲတွေပြင်းထန်နေပါတယ်။
2016-10-30
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွမ်းလုံမြို့နယ် မှာ ငွေကျပ်သိန်း ၇ သောင်းနီးပါး တန်ဖိုးရှိ တဲ့ မူးယစ်ဆေးဝါးတွေကို မနေ့က ဖမ်းဆီးရမိခဲ့ပါတယ်။
2016-10-30
ပြီးခဲ့တဲ့ အစိုးရလက်ထက်က လုပ်ပိုင် ခွင့်ပြုပေးခဲ့တဲ့ မန္တလေးတိုင်းဒေသကြီး အတွင်းက စီမံကိန်း ၃ ခု ဟာ ပြန်လည် စိစစ်ဖို့ လိုအပ်တာကြောင့် ယာယီဆိုင်းငံ့ဖို့ တိုင်းဒေသကြီး အစိုးရအဖွဲ့က ညွှန်ကြားလိုက်ပါတယ်။
2016-10-30
မိုင်းလားအထူးဒေသ ၄ ဧရိယာမှာ အစိုးရ တပ်မတော်နဲ့ ဝပြည်သွေးစည်းညီညွတ်ရေး တပ်မတော် UWSA တို့ကြား စစ်ရေးတင်း မာနေတာကြောင့် မိုင်းလား မြို့အတွင်း လာရောက်လည် ပတ်တဲ့ နိုင်ငံခြားသား ခရီးသွားတွေ မရှိသလောက် နည်းပါး သွားတယ်လို့ ခရီးသွားလုပ်ငန်း လုပ်ကိုင်သူတွေ က ပြော ပါတယ်။
2016-10-30
ရခိုင်ပြည်နယ်မှာ ဒေသခံတွေကို ရဲသင် တန်းပေးပြီး ဒေသန္တရရဲတပ်ဖွဲ့ ဖွဲ့ပေးဖို့ အတွက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နဲ့ ပြည်နယ် အစိုးရ ပူးပေါင်းစီစဉ်နေတယ်လို့ ပြည်နယ်အစိုးရအဖွဲ့ က ပြောပါတယ်။
2016-10-29
ပြီးခဲ့တဲ့နှစ်လအတွင်း တရုတ်-မြန်မာ နယ်စပ် ကန်ပိုက်တီ နယ်စပ်ကုန်သွယ်ရေး ကတဆင့် တရုတ်နိုင်ငံဘက် တရားမဝင်သယ်ယူ မယ့် ကျောက်စိမ်း အရိုင်းတုံးတန်ချိန် ၅ဝ ကျော်ကို ဖမ်းဆီး ရမိခဲ့ပြီး တရားမဝင်သယ်ယူမှုမှာ ပါဝင်ပတ်သက်တဲ့ ဌာန ဆိုင်ရာဝန်ထမ်းတွေကို အရေးယူဖို့ ကချင်ပြည်နယ်အစိုးရ အဖွဲ့က စိစစ်နေပါတယ်။
2016-10-29
အရင်စစ်အစိုးရလက်ထက်က ပြုစုခဲ့တဲ့ မှတ်တမ်းတွေဟာ ပြီးပြည့်စုံတဲ့ သမိုင်း မှတ်တမ်းတွေမဟုတ်ဘဲ ဘုန်းတော်ဘွဲ့ မှတ်တမ်းတွေ သာဖြစ်ကြောင်းနဲ့ တိုင်းရင်းသားပြည်သူတွေရဲ့ လိုလား ချက်ဖြစ်တဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် မှန်ကန်တဲ့ သမိုင်းမှတ်တမ်း ကို ရေးသားဖို့လိုတယ်လို့ သာသနာရေးနဲ့ ယဉ်ကျေးမှု ဝန်ကြီးဌာန ဝန်ကြီး သူရဦးအောင်ကိုက ပြောလိုက်ပါတယ်။