သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-10-29
ဗိုလ်ချုပ်ဟောင်း ဦးနေဝင်းရဲ့ မြေးနှစ်ဦးဖြစ် တဲ့ ဦးဇွဲနေဝင်းနဲ့ ဦးကျော်နေဝင်းတို့ဟာ ရှမ်းပြည်နယ် မူဆယ်မြို့မှာ လေယာဉ်ကွင်းတည်ဆောက် လိုကြောင်းနဲ့ ဆိုလာစနစ်နဲ့ လျှပ်စစ်ဖြန့်ဝေရေး လုပ် ငန်းတွေ ဆောင်ရွက်လိုကြောင်း ပြည်နယ်အစိုးရအဖွဲ့ထံ တင်ပြထားတယ်လို့ ရှမ်းပြည်နယ် အစိုးရအဖွဲ့ စီမံကိန်းနဲ့ စီးပွားရေးဝန်ကြီး ဦးစိုးညွန့်လွင်က ပြောပါတယ်။
2016-10-29
မြန်မာနိုင်ငံ အနောက်ဖက်ကမ်းလွန်ရေပြင်မှာ လေယာဉ်ပျံ တစင်းပျက်ကျခဲ့တယ်ဆိုတဲ့ သတင်းနဲ့ ပတ်သက်ပြီး ရှာဖွေရေးလုပ်ငန်းကို ရပ်တန့်လိုက်ပြီလို့ မြန်မာအစိုးရ အာဏာပိုင်တွေက သောကြာနေ့ မနေ့က ပြောကြားပါတယ်။
2016-10-29
ရခိုင်ပြည်နယ် မောင်တောဒေသမှာ ရိုဟင်ဂျာ မွတ်စလင် အမျိုးသမီးတွေကို အစိုးရစစ်သားတွေက အဓမ္မပြုကျင့် ခဲ့တယ်ဆိုတဲ့ သတင်းနဲ့ပတ်သက်ပြီး စုံစမ်းအရေးယူ ဖို့ မြန်မာနိုင်ငံခြားရေးဝန်ကြီးကို အသိပေးပြောကြား ခဲ့တယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနက သောကြာနေ့ မနေ့က ထုတ်ဖေါ်ကြေညာပါတယ်။
2016-10-28
တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး သဘော တူစာချုပ် NCA မှာ လက်မှတ်ရေးထိုးဖို့ ကျန်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ အချိန်မဆွဲကြ ဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်က ပြောလိုက်ပါတယ်။
2016-10-28
ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ ကျပ်သိန်း တစ်ထောင် ခွဲဝေချထားမှုမှာ မရိုးမဖြောင့် လုပ်ကိုင်တယ်ဆိုပြီး ဧရာဝတီတိုင်းဒေသ ကြီး မအူပင်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စား လှယ် ၂ ဦး၊ မြို့နယ် NLD ပါတီခေါင်းဆောင်ပိုင်းတချို့ နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး စုစုပေါင် ၁၆ ဦးကို ကညင်ဝကျေး ရွာအုပ်ချုပ်ရေးမှူးက မအူပင်မြို့မရဲစခန်းမှာ ပုဒ်မ ၄ ခုနဲ့ အမှုဖွင့်လိုက်ပါတယ်။
2016-10-28
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်အတွင်း စိုက်ပျိုးထားတဲ့ တစ်ရှူး ငှက်ပျောတွေကို တရုတ်နိုင်ငံဘက် သယ်ယူချိန်မှာ အသုံးပြု တဲ့ ယာဉ်အစီးရေကို ပြည်နယ်အစိုးရက ကန့်သတ်လိုက် ပါတယ်။
2016-10-28
ရန်ကုန်တိုင်းဒေသကြီးအတွင်း စည်းကမ်းဖောက်ဖျက်တဲ့ ခရီးသည်တင် ယာဉ်တွေကို အရေးယူမယ့် ပြစ်မှုပြစ်ဒဏ်တွေကို တိုးမြှင့်ဖို့ စီစဉ်နေတယ်လို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ် နဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော် က ပြော ပါတယ်။
2016-10-28
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော် စစ်ဦးစီးချုပ် Gen. Fang Fenghui ရဲ့ ဖိတ်ကြား ချက်နဲ့ တရုတ်နိုင်ငံကို ဒီနေ့ ထွက်ခွာသွားပါတယ်။
2016-10-28
စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ် မိကျောင်းတွင်းကျေးရွာအနား နစ်မြုပ် ခဲ့တဲ့ အောင်စိုးမိုးကျော် ရေယာဉ်မောင်းသူ ပိုင်ရှင် ဦးဇော်မျိုးဝင်းဟာ တိုင်းရဲတပ်ဖွဲ့ထံမှာ ဒီနေ့ လာရောက် အဖမ်းခံခဲ့ပါတယ်။
2016-10-27
ဗြိတိန်နိုင်ငံအခြေစိုက် BRO ခေါ် မြန်မာ ရိုဟင်ဂျာ အစည်းအရုံးက ရခိုင်ပြည်နယ် မောင်တောဒေသမှာ အစိုးရလုံခြုံရေး တပ်ဖွဲ့တွေက လူသတ်မှု၊ မီးရှို့မှုစတဲ့ လူ့အခွင့်အရေးချိုးဖေါက်မှုတွေ ကျူးလွန်နေတဲ့ အတွက် မြန်မာအစိုးရနဲ့ စစ်တပ်ကို နိုင်ငံတကာက ဖိအားပေးစေလိုကြောင်း အောက်တိုဘာလ ၂၇ နေ့စွဲ နဲ့ ကြေညာချက် တစ်စောင် ထုတ်ပြန်လိုက်ပါတယ်။
2016-10-27
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်ကို Helen Keller Interna tional Humanitarian Award နိုင်ငံတကာလူသားချင်း စာနာထောက်ထားသူဆုကို HKI Europe Paris ဥက္ကဌ Dr. Howard Cohn က ဒီကနေ့ နေ့လည် က နိုင်ငံခြားရေး ဝန်ကြီးရုံးမှာ ပေးအပ်ခဲ့ပါတယ်။
2016-10-27
ထိုင်းပင်လယ်ကွေ့အတွင်းက အရှေ့လေပွေလှိုင်းတစ်ခုဟာ မနေ့ညက ရန်ကုန်ကို ဖြတ်သန်းသွားပြီး ဧရာဝတီတိုင်း နဲ့ ရခိုင်ပြည်နယ်ဘက်ကို ဦးတည်ရွေ့လျားနေတယ်လို့ မိုးလေဝသပညာရှင် ဦးထွန်းလွင် က ပြောပါတယ်။
2016-10-27
ကယားပြည်နယ်က ဌာနေတိုင်းရင်း သားတွေရဲ့ ရိုးရာဓလေ့အရ လယ်မြေ ထိန်းသိမ်းတဲ့စနစ်ကို အခြေခံတဲ့ လယ်ယာမြေ ဥပဒေပေါ်ပေါက်လာဖို့ ရေးဆွဲသွားမယ်လို့ ကယားပြည် လူ့အခွင့်အရေးနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အခွင့်အရေး လှုပ်ရှားဆောင်ရွက်မှုကွန်ရက် တာဝန်ရှိသူတွေက ဒီနေ့ ပြောပါတယ်။
2016-10-27
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ် က မြို့နယ်ပညာရေးမှူး ဒေါ်နီနီအောင်ဟာ ရှမ်းတိုင်းရင်းသား စာပေဘာသာစကားသင်တဲ့ ဆရာ၊ ဆရာမတွေအတွက် နိုင်ငံတော်က ထောက်ပံ့ပေးတဲ့ ထောက်ပံ့ငွေတွေကို အလွဲသုံးစား ပြုလုပ်ခဲ့တယ်ဆိုပြီး ရာထူး ကနေ နှုတ်ထွက်ပေးဖို့ ဒေသခံ ၅ဝဝ ကျော်က နမ့်ခမ်း မြို့ပေါ်မှာ ဒီနေ့ ဆန္ဒပြတောင်းဆိုကြပါတယ်။
2016-10-27
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနည်းဥပဒေကို လာမယ့် ၂ဝ၁၇ ခုနှစ်၊ ဇန်နဝါရီလမှာ ထုတ်ပြန်သွားမယ်လို့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် အတွင်းရေးမှူး ဦးအောင်နိုင်ဦး က ပြောပါတယ်။