သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-11-09
တရားမမှုတွေအတွက် တရားမစွဲခင် တရားရုံးက ဦးဆောင်တဲ့ စေ့စပ်ဖြေရှင်းရေးစနစ်ကို လာမယ့် ၂၀၁၉ ခုနှစ်မှာ စတင်ကျင့်သုံးမယ်လို့ ပြည်ထောင်စု တရားစီရင်ရေးကြီးကြပ်ရေးမှူးရုံး၊ ညွှန်ကြားရေးမှူးချုပ် ဒေါ်တင်နွယ်စိုးက ပြောပါတယ်။
2018-11-09
RFA မကွေးသတင်းထောက် ဦးမြင့်ဇော်ဦးကို ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၈ (က) နဲ့ အမှုဖွင့်ထားတဲ့အပေါ် သတင်းမီဒီယာကောင်စီက ကြားဝင် ညှိနှိုင်းဖို့ကြိုးစားခဲ့ပေမယ့် ကမာရွတ်မြို့နယ် ရဲစခန်းက လက်မခံဘဲ ငြင်းပယ်လိုက်ပါတယ်။
2018-11-09
Eleven Media က သတင်းသမား ၃ ဦးကို ရန်ကုန်တိုင်းဒေသကြီးအစိုးရက နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) နဲ့ တရားစွဲထားတဲ့ အမှုကို ဒီနေ့မှာ ပြန်လည်ရုပ်သိမ်းလိုက်ပါတယ်။
2018-11-09
ကချင်ပြည်နယ်က အခြေခံပညာကျောင်းတွေမှာ လာမယ့် ၂၀၁၉ ခုနှစ် ပညာသင်နှစ်ကစပြီး ကချင်နဲ့ ရှမ်းတိုင်းရင်းသား ဘာသာစကားတွေ သင်ကြားဖို့အတွက် ပြင်ဆင်နေပါတယ်။
2018-11-09
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်မှာ အကောင်အထည်ဖော်မယ့် အထူးစီးပွားရေးဇုန်စီမံကိန်းနဲ့ ပတ်သက်ပြီး ဒေသခံတွေရဲ့ သဘောထားအတိုင်း ကြိုးပမ်းသွားမယ်လို့ ရခိုင်အမျိုးသားပါတီ ANP က ဒီနေ့ သဘောထား ကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်ပါတယ်။
2018-11-09
ပအိုဝ်းတိုင်းရင်းသားတွေအများစုရှိတဲ့ ရှမ်းပြည်နယ် လင်းခေးခရိုင် မိုင်းပန်မြို့နယ် မိုင်းပုတ်ရွာက ဘုန်းကြီးကျောင်း မီးလောင်မှုဖြစ်ပွားခဲ့တာကြောင့် ကိုရင်လေးနှစ်ပါး ပျံလွန်တော်မူခဲ့ရပြီး တခြားသူတွေလည်း ထိခိုက်ဒဏ်ရာရတာတွေ ရှိခဲ့တယ်လို့ သိရပါတယ်။
2018-11-08
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နယ်သာလန် နိုင်ငံခြားကုန်သွယ်ရေးနဲ့ ဖွံ့ဖြိုးရေးဝန်ကြီး Sigrid Kaag တို့ တွေ့ဆုံပြီး ဘင်္ဂလားဒေ့ရှ်ကနေ ပြန်လာကြမယ့် ရိုဟင်ဂျာ ဒုက္ခသည်တွေအရေး ဆွေးနွေးခဲ့ကြပါတယ်။
2018-11-08
ရခိုင်ပြည်နယ်မှာဖြစ်ပွားခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ ရိုးသားပွင့်လင်းစွာ ကိုင်တွယ်ဖြေရှင်းဖို့ဟာ အထူးအရေးကြီးပြီး ဒီကိစ္စဟာ ရခိုင်ပြည်နယ်က လူမှုအသိုင်းဝိုင်းတွေအတွက်ချည်းသာမဟုတ်ဘဲ မြန်မာနိုင်ငံက ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက်ပါ အရေးကြီးတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက RFA ကို ဒီနေ့ပြောပါတယ်။
2018-11-08
ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းစီမံကိန်းနဲ့ ပတ်သက်လို့ မြန်မာအတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်စေဖို့နဲ့ ရေရှည်တည်တန့်တဲ့ စီမံကိန်းတခုဖြစ်ဖို့ ညှိနှိုင်းမှုတွေ အများကြီး ပြုလုပ်ခဲ့ရတယ်လို့ စီမံကိန်းအကောင်အထည်ဖော်ရေးကော်မတီ ဥက္ကဌ ဦးဆက်အောင်က ပြောကြားလိုက်ပါတယ်။
2018-11-08
မန္တလေးတိုင်းဒေသကြီး၊ ပလိပ်မြို့ ပန်ဒါချည်မျှင်နဲ့ အထည်စက်ရုံက အလုပ်သမား ၂၀၀ ကျော် အလုပ်ထုတ်ခံရတာနဲ့ ပတ်သက်လို့ ညှိနှိုင်းပေးဖို့ အလုပ်သမားတွေ စုပေါင်းပြီး တိုင်းဒေသကြီး အစိုးရရုံးကို ဒီနေ့ လာရောက်ခဲ့ပေမဲ့ ပလိပ်ရဲစခန်းရှေ့မှာ တားမြစ်ခံခဲ့ရပါတယ်။
2018-11-08
နိုဝင်ဘာလ ၁၅ ရက်နေ့မှာ ထုတ်ပြန်မယ့် ကုလသမဂ္ဂ ဆုံးဖြတ်ချက်မူကြမ်းမှာ မြန်မာနိုင်ငံကို ပြင်းပြင်းထန်ထန် ဝေဖန်မှုတွေ၊ ရိုဟင်ဂျာတွေကို နိုင်ငံသားပေးဖို့ တောင်းဆိုတာကို လက်ခံမှာမဟုတ်ဘူးလို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။
2018-11-08
မြန်မာနိုင်ငံကနေ နှစ်စဉ် ဆော်ဒီနိုင်ငံ မက္ကာမြို့ကိုသွားရောက်နေတဲ့ အစ္စလာမ်ဘာသာ ဘုရားဖူးတချို့ အလိမ်ခံနေရတဲ့အတွက် အစိုးကနေ ဟဂျ် (ခရီးသွား) ကော်မရှင် သို့မဟုတ် ကော်မတီတစ်ရပ် ဖွဲ့စည်းပေးဖို့ ဒီကနေ့ မြို့တော်ခန်းမရှေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။
2018-11-08
ကချင်ပြည်နယ် ကန်ပိုင်တီ နယ်စပ်ကုန်သွယ်ရေးဂိတ်ကို ကုန်သွယ်ရေးဇုန်အဖြစ် အခုနှစ် ဒီဇင်ဘာလကုန်ပိုင်းမှာ အဆင့်မြှင့်တင်သွားမယ်လို့ ပြည်နယ် ဘဏ္ဍာအခွန် စီမံကိန်းနဲ့ စီးပွားရေးဝန်ကြီး ဦးဝေလင်းက RFA ကို ပြောပါတယ်။
2018-11-08
ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက ကယားပြည်နယ် လွိုင်ကော်မြို့နယ် မယ်စဲ့ တိုက်နယ်က ကက်သလစ်သာသနာပိုင်မြေတချို့ကို သိမ်းယူထားတဲ့အတွက် အဲဒီသာသနာ့ နယ်မြေ ပြန်ရဖို့အတွက် ဒီကနေ့ ရန်ကုန်မြို့ MJN ရုံးမှာ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပါတယ်။
2018-11-08
ဘင်္ဂလားဒေ့ရှ်နိုင်ငံက မြန်မာနိုင်ငံကို ပေးပို့ထားတဲ့ ဒုက္ခသည် ၈ဝဝဝ စာရင်းထဲက ၆၄၇၂ ဦးကို စိစစ်ပြီးဖြစ်ပြီး အဲဒီထဲက ၅၄ ဦးဟာ အကြမ်းဖက်လုပ်ရပ်တွေမှာ ပါဝင်ခဲ့တာကို တွေ့ရှိထားကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက RFA ကို အတည်ပြု ပြောပါတယ်။