သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-11-08
ကရင်ပြည်နယ် မြဝတီမြို့ ကုန်သွယ်ရေးဇုန် အဝင်အထွက်ဂိတ်ကို ည ၈ နာရီကနေ မနက် ၆ နာရီအတွင်း ဖြတ်သန်းသွားလာခွင့် ပိတ်လိုက်ကြောင်း ကရင်ပြည်နယ် အစိုးရအဖွဲ့တာဝန်ရှိ သူတွေက ပြောပါတယ်။
2018-11-08
သီးနှံအာမခံစနစ်ကို လက်ရှိအစိုးရသက်တမ်းအတွင်းမှာ အကောင်အထည်ဖော်ဖို့ မျှော်မှန်းထားတယ်လို့ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော် က ပြောလိုက်ပါတယ်။
2018-11-07
ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးသွားတဲ့ မွတ်စလင်ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေး နှစ်နိုင်ငံသဘောတူညီချက်အရ ဘင်္ဂလားဒေ့ရှ်ဘက်က ပေးပို့တဲ့လူစာရင်းမှာ လူ ၅ဝ လောက်ကို အကြမ်းဖက်အဖွဲ့ဝင်တွေအဖြစ် မြန်မာဘက်က သတ်မှတ်ကြောင်း ဥရောပကော်မရှင်က ထုတ်ပြန်ပါတယ်။
2018-11-07
တရုတ်ပြည်အနေနဲ့ စြင်္ကန်နဲ့ ပတ်လမ်းအစီအစဉ်အရ မြန်မာနိုင်ငံနဲ့ စီးပွားရေးစြင်္ကန်လမ်း တည်ဆောက်ဖို့ မျှော်လင့်နေကြောင်း တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၊ နိုင်ငံတကာရေးရာ ဌာနအကြီးအကဲ ဆွန်းတာအို က ပြောပါတယ်။
2018-11-07
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ် မန်ပြိန်းရွာမှာ အောက်တိုဘာလ ၂၆ ရက်နေ့ကဖြစ်ပွားတဲ့ SSPP နဲ့ RCSS တိုက်ပွဲအတွင်း ပျောက်ဆုံးနေတဲ့ စံမွန် (ခေါ်) မာဂမ်ရဲ့ အလောင်းကို ကျေးရွာ အပေါ်ဘက် ကုန်မီးတိုက်အနီးမှာ ဒီနေ့ညနေက ရွာသားတွေ ရှာဖွေတွေ့ရှိခဲ့ပါတယ်။
2018-11-07
စစ်တွေမြို့နယ်က မွတ်စလင်တွေရဲ့ လူ့အခွင့်အရေးအခြေအနေတွေ တိုးတက်လာအောင် အစိုးရတာဝန်ရှိသူတွေကို တွန်းအားပေးဖို့ အမေရိကန် ဒု-လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Richard Albright ကို မွတ်စလင်ခေါင်းဆောင်တွေက မေတ္တာရပ်ခံလိုက်ပါတယ်။
2018-11-07
ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါနဲ့ နမ့်ခမ်းဒေသက ပြည်သူတွေကို SSPP/SSA နဲ့ ဆက်သွယ်တယ်ဆိုပြီး RCSS/SSA က ဖမ်းဆီးနေတယ်ဆိုတာ အတည်ပြုလို့ မရသေးဘူးလို့ RCSS က ပြောလိုက်ပါတယ်။
2018-11-07
ထိုင်းနိုင်ငံကို အလုပ်သမားစေလွှတ်တဲ့အခါ ဝန်ဆောင်ခ တိုးမြှင့်ကောက်ခံဖို့ မြန်မာနိုင်ငံ ပြည်ပ အလုပ် ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်က တင်ပြထားတာကို ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ရက်က ကန့်ကွက်လိုက်ပါတယ်။
2018-11-07
အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ငြိမ်းချမ်းရေး အကောင်အထည်ဖော်မှုမှာ NCA လမ်းကြောင်းအတိုင်း သွားနေတဲ့လမ်းစဉ်ကို ပြန်လည်သုံးသပ်ဆွေးနွေးသင့်တယ်လို့ KNU ဒု-ဥက္ကဋ္ဌဟောင်း တစ်ဦးဖြစ်သူ ပဒို နော်စီဖိုးရာစိန်က ပြောကြားလိုက်ပါတယ်။
2018-11-07
ရမည်းသင်းမြို့နယ် မိုးထိမိုးမိဒေသမှာ ရွှေတူးဖော်လုပ်ကိုင်ခဲ့တဲ့ အမျိုးသား ကြီးပွားတိုးတက်ရေးကုမ္ပဏီ ဥက္ကဋ္ဌ ဦးစိုးထွန်းရှိန်ကို အစိုးရနဲ့ သဘောတူစာချုပ် စည်းကမ်းချက်ဖောက်ဖျက်မှုနဲ့ တရားစွဲဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။
2018-11-07
အရှေ့တောင်အာရှ ရွှေတြိဂံနယ်မြေအတွင်း ရာဇဝတ်ဂိုဏ်းတွေစုဖွဲ့ပြီး မူးယစ်ဆေးဝါးမျိုးစုံ ပိုမိုတိုးချဲ့ ထုတ်လုပ်လာနေကြတဲ့အတွက်၊ မူးယစ်ဆေးထုတ်လုပ်ရာမှာသုံးတဲ့ ဓာတုပစ္စည်းတွေ ထိန်းချုပ်ရေးအတွက် မဟာဗျူဟာသစ်တရပ် ညှိနှိုင်းချမှတ်ကြဖို့ လိုအပ်ကြောင်း ကုလသမဂ္ဂ မူးယစ်ဆေးနဲ့ ရာဇဝတ်မှုရုံး UNODC က ပြောပါတယ်။
2018-11-07
ကလေးစစ်သားဟောင်း ကိုအောင်ကိုထွေးကို လွတ်ငြိမ်းချမ်းသာခွင့် ပေးဖို့အတွက် တောင်းဆိုပေးဖို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က လူ့အခွင့်အရေးကော်မရှင်ကို စာပေးပို့လိုက်ပါတယ်။
2018-11-07
အသက် ၁၅ နှစ်အရွယ် ရိုဟင်ဂျာလူငယ်တစ်ဦးကို မြန်မာဘက်က သေနတ်နဲ့ ပစ်ခတ်ခဲ့တယ်ဆိုတဲ့ ဘင်္ဂလားနယ်ခြားစောင့်တပ် ပြောရေးဆိုခွင့်ရှိသူရဲ့ ပြောကြားချက်ကို ကိုးကားပြီး AFP က ဖော်ပြ ခဲ့တဲ့ သတင်းဟာ မှားယွင်းကြောင်း ဒါကာမြို့မှာရှိတဲ့ မြန်မာသံရုံးက ဒီနေ့ သတင်းထုတ်ပြန်လိုက် ပါတယ်။
2018-11-07
ငြိမ်းချမ်းရေးလုပ်ငန်းမှာ တေ့ွကြုံရမယ့် အခက်အခဲတွေနဲ့ စိန်ခေါ်မှုတွေကို အစိုးရနဲ့အတူ တိုင်းရင်းသားတွေအားလုံး ပူးပေါင်းကြိုးပမ်းဆောင်ရွက်ကြဖို့ သမ္မတ ဦးဝင်းမြင့်က တိုက်တွန်းလိုက်ပါတယ်။
2018-11-07
မြန်မာနဲ့ ကမ္ဘောဒီးယားနိုင်ငံတွေကနေ EU ဥရောပသမဂ္ဂနိုင်ငံတွေကို တင်ပို့တဲ့ဆန်တွေအပေါ် အခွန်တွေ ပြန်ပြီးကောက်ခံဖို့ အီတလီ ဆန်စပါးလုပ်ငန်းရှင်တွေရဲ့ မေတ္တာရပ်ခံချက်ကို ဥရောပကော်မရှင်က ဒီကနေ့ လက်ခံလိုက်ပါတယ်။