သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-10-27
မိမိရဲ့ ကချင်ပြည်နယ်ခရီးစဉ်ဟာ ကချင်ပြည်နယ်က ဒေသခံတွေရဲ့ စိုးရိမ်မှှုတွေ လိုလားချက်တွေနဲ့ မျှော်လင့် ချက်တွေကို သိရှိအောင် လာရောက် နားထောင် တာဖြစ်ကြောင်း ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ သုံးရက် ကြာရောက်ရှိနေတဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး Derek Mitchell ကဒီနေ့ ပြောကြားပါတယ်။
2014-10-27
ပြည်သူတွေရဲ့ ဆုံးဖြတ်ချက်မပါဘဲနဲ့ ပြည်သူတွေရဲ့ ဆန္ဒရှင်းရှင်းလင်းလင်းမပါပဲနဲ့ ရွေးကောက်ပွဲစနစ်ကို မပြောင်းသင့်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပီအာ ခေါ် အချိုးကျကိုယ်စားပြု ရွေးကောက်ပွဲစနစ်ကျင့်သုံး ဖို့ ပြည်သူ့လွှတ်တော်မှာ ဆွေးနွေးနေကြတာနဲ့ ပတ်သက်ပြီး ဝေဖန်ပြောကြားလိုက်ပါတယ်။
2014-10-27
ထိုင်းနိုင်ငံ ခိုတောင်းကျွန်းမှာ ဗြိတိန် နိုင်ငံသား ၂ ဦး အသတ်ခံရမှုနဲ့ ပတ်သက်ပြီး ဖမ်းဆီးခံနေရတဲ့ ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့ နှစ်ဦး အာမခံရရေး အတွက် ထိုင်းစီးပွားရေးလုပ်ငန်းရှင်ကြီးတွေက ကူညီပေးမယ်လို့ သိရပါတယ်။
2014-10-27
၈၈ မျိုးဆက်ခေါင်းဆောင် ကိုမင်းကိုနိုင်က ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ ကိုပြင် ဆင်ဖို့လိုအပ်ကြောင်း မြန်မာပြည်သူ ၅ သန်းက သူတို့ဆန္ဒတွေကို အထင်အရှားဖော်ထုတ်ပြသခဲ့ ပြီးဖြစ်ပါတယ်၊ ဒါကြောင့် ပုဒ်မ ၄၃၆ ကိုမပြင်ဘူးဆိုရင် လူထုဆန္ဒကို ဥပက္ခာပြုတာဖြစ်တဲ့အတွက် မိမိတို့က လူထုလိုက်ပါနိုင်တဲ့ လှှုပ်ရှားမှှုတစ်ခုကို ဖော်ထုတ်မှာဖြစ် တယ်လို့ RFA ကို ဒီနေ့ ပြောကြားလိုက်ပါတယ်။
2014-10-27
ထိုင်းနိုင်ငံ ခိုတောင်းကျွန်းလူသတ်မှုနဲ့ ပတ်သက်ပြီး ဗြိတိန်ရဲတပ်ဖွဲ့က စနေနေ့က အဲ့ဒီကျွန်းကို စတင် သွားရောက် စုံစမ်း စစ်ဆေးခဲ့ကြောင်း Bangkok Post သတင်းက ဖော်ပြ ပါတယ်။
2014-10-26
အမျိုးသမီး သီးသန့်ယာဉ်လိုင်းကို မနက်ဖြန် အောက်တိုဘာလ ၂၇ ရက်နေ့က စပြီး ရန်ကုန်မြို့ တောင်ဥက္ကလာပကနေ ဘုန်းကြီးလမ်း စံပြအထိ ပြေးဆွဲပေးသွားမယ်လို့ သိရပါတယ်။
2014-10-26
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ဗန်းမောက်မြို့နယ်က ရွှေမှော်လုပ်ငန်းတွေရှိတဲ့ ကျေးရွာတွေမှာ မူးယစ်ဆေးဝါး ရောင်းဝယ်ဖြန့်ဖြူးမှှုတွေရှိနေတာကို အရေးယူပေးဖို့ ဒေသခံ ငါးရာနီးပါးလောက်က ဗန်းမောက်မြို့မှာ ဒီနေ့ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
2014-10-26
သေဆုံးသွားတဲ့ အလွတ် သတင်းထောက် ကိုပါကြီး အမှှုကိုစုံစမ်း စစ်ဆေးပြီး ကျူးလွန်သူတွေကို အပြစ်ပေး အရေးယူပေးဖို့ ၈၈မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်း ခေါင်းဆောင် တစ်ဦးဖြစ်သူ ကိုကိုကြီးက ဒီနေ့ တိုက်တွန်းလိုက်ပါတယ်။
2014-10-26
(၂၅) ကြိမ်မြောက် အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံ ထိပ်သီးအစည်းအဝေးကို တက်ရောက်ဖို့ အမေရိကန်သမ္မတ အိုဘားမားအပါအဝင် ကမ္ဘာ့ခေါင်းဆောင်တွေ နေပြည်တော်ကို ရှေ့လအတွင်း လာရောက်ကြမှာဖြစ်တဲ့အတွက် နေပြည်တော်မှာ လုံခြုံရေးအပြည့်အဝ စတင်ဆောင်ရွက်ထားပြီလို့ နယ်မြေခံလုံခြုံရေး တာဝန်ကျသူတစ်ဦးက RFA ကို ပြောပါတယ်။
2014-10-26
ငြိမ်းချမ်းသာယာတဲ့ ပြည်ထောင်စု မြန်မာ နိုင်ငံဖြစ် ဖို့ဆိုရင် ၂ဝဝ၈ ဖဲ့ွစည်းပုံအခြေခံ ဥပဒေကို ပြင်ဆင်ရေးဆွဲဖို့ ဒါမှမဟုတ် အသစ်ရေးဆွဲဖို့ လိုအပ်ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖဲ့ွချုပ် SNLD ပါတီက ဒီနေ့ တိုက်တွန်းလိုက် ပါတယ်။
2014-10-26
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး Mr. Derek Mitchell ဟာ မြစ်ကြီးနားမြို့အခြေ စိုက် ကေအိုင်အို နည်းပညာအကြံပေးအဖွဲ့နဲ့ မနေ့က တွေ့ဆုံဆွေးနွေး ခဲ့ပါတယ်။
2014-10-25
ရခိုင်ပြည်နယ်မှာ နိုင်ငံသားဟုတ်မဟုတ် စိစစ်ဖို့လိုအပ်သူတွေကို ထပ်မံစိစစ်တော့ မှာ မဟုတ်ဘဲ နိုင်ငံသား မှတ်ပုံတင် စိစစ်ရေး စီမံချက်တွေမှာ တစ်ပါတည်း ထည့်သွင်းဆောင် ရွက်သွားဖို့ စီစဉ်နေတယ်လို့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းက ပြောပါတယ်။
2014-10-25
လာမယ့် ဒီဇင်ဘာလကုန်ပိုင်းမှာ ကျင်းပမယ့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဝင် ရွေးကောက်ပွဲ မှာ လယ်သမားအရေး ကူညီဆောင်ရွက်ပေးနေတဲ့ ဦးဝင်းချိုက အနောက်ပိုင်းခရိုင်ကိုယ်စားပြု ကော်မတီဝင် အဖြစ် ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ သိရပါတယ်။
2014-10-25
အလွတ်သတင်းထောက် ကိုပါကြီး ခေါ် ကိုအောင်ကျော်နိုင် သေဆုံးခဲ့ရတဲ့အပေါ် နိုင်ငံသား အခွင့်အရေး ချိုးဖေါက်ခံရမူနဲ့ တရားမဲ့သတ်ဖြတ် အနိုင်ကျင့်ခံရမူအဖြစ် အရပ်ဘက်အဖွဲ့အစည်း ၃ဝ ဝန်းကျင်က ဒီကနေ့ သဘောထားထုတ်ဖေါ်ကြမယ်လို့ သိရပါတယ်။
2014-10-25
လူငယ်မျိုးဆက်သစ်တွေ တိုးတက်စေဖို့အတွက် စာပေတွေ ရေး သားဟောပြောပေးခဲ့ပြီး နာရေးကူညီမှု အသင်း (ရန်ကုန်) စတင်ထူထောင်ခဲ့စဉ်မှာ ပါဝင်ခဲ့သူ စာရေးဆရာကြီး ဦးအောင်သင်း ၈၇ နှစ်ဟာ ဒီနေ့ မနက်ပိုင်းက နေအိမ်မှာ ကွယ်လွန်သွားပါတယ်။