သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-10-25
ထိုင်း-မြန်မာနယ်စပ်မှာ နှစ်ပေါင်း ၂၀ ကျော် ရပ်တည်ခဲ့ပြီး မြန်မာနိုင်ငံထဲ မှာ ပြန်လည်အခြေချခဲ့တဲ့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ DPNS ကို နိုင်ငံရေးပါတီအဖြစ် ဒီကနေ့ မှတ်ပုံတင်ခွင့်ပြုလိုက်ပြီ ဖြစ်ပါတယ်။
2014-10-25
မျိုးစောင့်ဥပဒေတွေကို အမြန်ဆုံးပြဌာန်းပေးဖို့အတွက် အမျိုးဘာသာသာသနာစောင့်ရှောက်ရေး အဖွဲ့နဲ့ ရန်ကုန်တိုင်းဒေသကြီး မြို့နယ်ပေါင်း ၂၈ မြို့နယ်က သံဃာအပါး ၁၀၀ ခန့် ရန်ကုန်မြို့ ရွှေတိဂုံစေတီ ဘုရားပေါ်မှာ ဒီနေ့ ဆုတောင်းခဲ့ပြီးနောက် ဆရာတော် ဦးပါမောက္ခ ဦးဆောင်ပြီး ကြေးသွန်းဘုရားရှေ့ မှာ ဟောပြောပွဲကျင်းပခဲ့ပါတယ်။
2014-10-25
ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းရဲ့ ဟိုတယ် ဝန်ဆောင်မှုဆိုင်ရာ သင်တန်းကျောင်း (Hospitality and Catering Training Academy - HCTA) ကို ကော့မှူးမြို့နယ် မကျီးကန်ကျေးရွာမှာ ဒီကနေ့ ဖွင့်လှစ် ခဲ့ရာမှာ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ပြီး အသက်မွေးဝမ်းကြောင်း ပညာရပ်တွေကို အလေးအနက် ထား သင်ကြားဖို့လိုကြောင်း ပြောကြားခဲ့ပါတယ်။
2014-10-25
အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ အကြား နှစ်ပေါင်း ၆ဝ ကျော်ကြာ ဖြစ် ပွားနေတဲ့ ပြည်တွင်းစစ်ကို အမြန်ဆုံး ရပ်တန့်ဖို့ လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီက ဒီကနေ့ တိုက်တွန်းလိုက်ပါတယ်။
2014-10-25
မြန်မာနိုင်ငံမှာ မျိုးစောင့်ဥပဒေတွေကို အမြန်ဆုံးပြဌာန်းပေးဖို့အတွက် အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ နဲ့ သံဃာတော်တွေက ဒီကနေ့ စနေနေ့မှာ စတင် ဆန္ဒဖော်ထုတ်သွားမယ်လို့ သိရပါတယ်။
2014-10-24
၂၀၁၄-၁၅ ဘဏ္ဍာနှစ်မှာ ဖြည့်စွက် ဘတ်ဂျက်ငွေ တောင်းခံတဲ့ဝန်ကြီးဌာနတွေ အများအပြားရှိပြီး သမဝါယမဝန်ကြီးဌာန က မူလခွင့်ပြုထားတဲ့ ဘဏ္ဍာငွေ ထက် ၆၀၀% ကျော် ထပ်မံတောင်းခံတယ်လို့ ဇမ္ဗူသီရိမြီု့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ပြောကြားလိုက်ပါတယ်။
2014-10-24
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့် နိုဝင်ဘာလ ၈ရက်နေ့မှာ ကယားပြည်နယ် လွိုင်ကော်မြို့မှာ ဒေသခံလူထုနဲ့ တွေ့ဆုံမယ်လို့ ပြည်နယ် NLD တာဝန်ရှိသူတွေက ပြောပါတယ်။
2014-10-24
တစ်လနီးပါးကြာ ပျောက်ဆုံးနေတယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်ခဲ့တဲ့ အလွတ်တန်း သတင်းထောက် ကိုပါကြီး ခေါ် ကိုအောင်ကျော်နိုင် ကို မွန်ပြည်နယ် ကျိုက်မရောမြို့အခြေစိုက် အမှတ် ၂၀၈ ခြေမြန်တပ်ရင်းက သူ့ကိုထိမ်းသိန်းထားစဉ် မှာ သေနတ်လုယူပြီး ထွက်ပြေးဖို့ ကြိုးစားခဲ့တဲ့ အတွက် အသေဖမ်းဆီးမိခဲ့တယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ကြောင်း သိရပါတယ်။
2014-10-24
မြန်မာနိုင်ငံမှာ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးရရှိဖို့ နီးစပ်လာပြီဖြစ်ကြောင်း ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက ဒီနေ့ ပြောကြား လိုက်ပါတယ်။
2014-10-24
၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွက် ကာကွယ်ရေးဝန်ကြီးဌာနက တောင်းခံတဲ့ ဘဏ္ဍာငွေနဲ့ ပတ်သက်ပြီး ပြည်ထောင်စု လွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ်တချို့က ဒီနေ့ ကန့်ကွက်ဆွေးနွေး ခဲ့ကြပါတယ်။
2014-10-24
ထိုင်းနိုင်ငံ ခိုတောင်းကျွန်း ခေါ် လိပ်ကျွန်းမှာ ဗြိတိန်နိုင်ငံသား နှစ်ဦးကို သတ်ဖြတ်တယ် ဆိုပြီး ဖမ်းဆီးခံထားရတဲ့ ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်း တို့ဟာ ဒီကနေ့ မိဘတွေနဲ့ တွေ့ဆုံရာမှာ သူတို့အနေနဲ့ သတ်ဖြတ်မှု မကျူးလွန်ခဲ့ကြောင်း ထပ်မံပြောဆိုလိုက် ပါတယ်။
2014-10-24
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့မှာ အစ္စလာမ်ဘာသာဝင် ၁ဝ ဦး အသတ်ခံရမှုနဲ့ ပတ်သက်ပြီး ဖမ်းဆီးခံထားရ တဲ့ တောင်ကုတ်မြို့ ကန်ပိုင်ရပ်ကွက်က ဒေသခံ ၇ ဦးကို အပြင်းအထန်နာကျင်စေမှုနဲ့ သံတွဲခရိုင်တရားရုံးက ဒီကနေ့ ထောင်ဒဏ် ၇ နှစ် ချမှတ်လိုက်ပါတယ်။
2014-10-24
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင် ဆင်နိုင်ရေး အကောင်အထည်ဖော် မှုကော်မတီက ပြည်ထောင်စုလွှတ်တော်မှာ တင်သွင်းခဲ့တဲ့ အစီရင်ခံစာကို လာမယ့် နိုဝင်ဘာလ ၁၃ ရက်နေ့ကစပြီး တစ်ပတ်တိတိ ပြည်ထောင်စု လွှတ်တော်မှာ အပြီး သတ်ဆွေးနွေးအတည်ပြုသွားမှာဖြစ်တယ်လို့ ပြည်ထောင်စုလွှတ်တော်နာယကက ကြေညာခဲ့ပါတယ်။
2014-10-23
ထိုင်းနိုင်ငံ၊ ရတ်ချ်ဘူရီခရိုင်၊ ဖိုထာရမ်းမြို့မှာ ဘဲမွေးမြူရေး လုပ်ငန်းလုပ်ကိုင်နေကြသူ ထိုင်းအမျိုးသားနဲ့ မြန်မာ အမျိုးသမီး ဇနီးမောင်နှံ အသတ်ခံခဲ့ရတဲ့အမှုမှာ ဘဲခြံမှာ လုပ်ကိုင်နေကြတဲ့ မြန်မာအလုပ်သမား ၄ ယောက် ကျူးလွန်ခဲ့ကြတာဖြစ်ပြီး၊ အဲ့ဒီထဲက မြန်မာအမျိုး သားနှစ်ယောက်ကို ဖမ်းမိထားကြောင်း ထိုင်းရဲတပ်ဖွဲ့ က ကြေညာပါတယ်။
2014-10-23
အထွေထွေ ရွေးကောက်ပွဲပြီးစီးသွား တဲ့နောက်ပိုင်းမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD နဲ့ ပြည်ထောင်စုကြံ့ု ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ USDP တို့ ပူးပေါင်းလက်တွဲပြီး ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းရေး ဆိုတာ မဖြစ်နိုင်စရာမရှိဘူး လို့ ပြည်ထောင်စုကြံ့ုခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယ ဥက္ကဌ ဦးဌေးဦး က ပြောကြားလိုက်ပါတယ်။